Masks အေဟာင္းေတြကိုေလ်ွာ္ဖြတ္ၿပီးမီးပူတိုက္ကာ ျပန္လည္ေရာင္းခ်ခဲ့တဲ့ စက္ရံု

လူအမ်ားစုက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမွာ ေၾကာက္လြန္းအားႀကီးလို႔ masks ေတြကိုေစ်းႀကီးေပးကာ ဝယ္တပ္ေနၾကေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ သူတို႔ရဲ႕စီးပြားေရးကိုသာ ဦးစားေပးၿပီး အျခားသူေတြေရာဂါကူးစက္ခံရမွာကို မစဥ္းစားဘဲ မိမိအက်ိဳးအတြက္လုပ္ေဆာင္ေနၾကသူမ်ားလည္း ႐ွိလာပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက အသံုးျပဳၿပီးသား ပစၥည္းေတြကို ထပ္မံအသံုးျပဳလို႔ရေအာင္ ျပဳလုပ္တဲ့ recycle စက္ရံုတစ္ခုဟာ အသံုးျပဳၿပီးသား masks ေတြကို ျပန္လည္ေရာင္းခ်ခဲ့ၾကပါတယ္ ။

အဆိုပါစက္ရံုသို႔ၿပီးခဲ့တဲ့ March 2 ရက္ေန႔က ရဲအရာ႐ွိမ်ားဝင္ေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ အသံုးျပဳၿပီးသား Masks ေတြကို မီးပူတိုက္ၿပီး ဘူးထဲသို႔ျပန္လည္ေခါက္ထည့္ကာ ျပန္လည္ေရာင္းခ်ႏိုင္ရန္အတြက္ စီစဥ္ေနခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ အလုပ္သမား 6 ဦးကိုသာ ေတြ႔႐ွိခဲ့ရၿပီး တကယ့္ေရာင္းဝယ္ေဖာက္ကားေနသည့္ပိုင္႐ွင္ကိုေတာ့ သိ႐ွိျခင္းမ်ိဳး မ႐ွိခဲ့ပါဘူး ။ အလုပ္သမားေတြရဲ႕ ေျပာၾကားခ်က္အရ mask တစ္ခုကိုေငြ 1 baht ရ႐ွိၿပီး ၊ လူတစ္ေယာက္မွာ တစ္ရက္ကို mask အခုေပါင္း 400 ဝန္းက်င္က recycle ျပန္လုပ္ႏိုင္ေၾကာင္း ေျဖၾကားခဲ့ၾကပါတယ္ ။

ထို႔အျပင္ အဆိုပါ mask ေတြကို စက္ရံုအနီးအနားဝန္းက်င္မွ လူေတြက မသိဘဲ ဝယ္ယူၿပီးအသံုးျပဳေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ယခုခ်ိန္မွာေတာ့ ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း 43 ဦးခန္႔႐ွိေနၿပီး ၊ တ႐ုတ္ခရီးသြားမ်ားထံမွ ကူးစက္ခံခဲ့ရတာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအများစုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာ ကြောက်လွန်းအားကြီးလို့ masks တွေကိုဈေးကြီးပေးကာ ဝယ်တပ်နေကြပေမဲ့လည်း အချို့သောသူတွေကတော့ သူတို့ရဲ့စီးပွားရေးကိုသာ ဦးစားပေးပြီး အခြားသူတွေရောဂါကူးစက်ခံရမှာကို မစဉ်းစားဘဲ မိမိအကျိုးအတွက်လုပ်ဆောင်နေကြသူများလည်း ရှိလာပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အသုံးပြုပြီးသား ပစ္စည်းတွေကို ထပ်မံအသုံးပြုလို့ရအောင် ပြုလုပ်တဲ့ recycle စက်ရုံတစ်ခုဟာ အသုံးပြုပြီးသား masks တွေကို ပြန်လည်ရောင်းချခဲ့ကြပါတယ် ။

အဆိုပါစက်ရုံသို့ပြီးခဲ့တဲ့ March 2 ရက်နေ့က ရဲအရာရှိများဝင်ရောက်စစ်ဆေးခဲ့ချိန်မှာတော့ အသုံးပြုပြီးသား Masks တွေကို မီးပူတိုက်ပြီး ဘူးထဲသို့ပြန်လည်ခေါက်ထည့်ကာ ပြန်လည်ရောင်းချနိုင်ရန်အတွက် စီစဉ်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ အလုပ်သမား 6 ဦးကိုသာ တွေ့ရှိခဲ့ရပြီး တကယ့်ရောင်းဝယ်ဖောက်ကားနေသည့်ပိုင်ရှင်ကိုတော့ သိရှိခြင်းမျိုး မရှိခဲ့ပါဘူး ။ အလုပ်သမားတွေရဲ့ ပြောကြားချက်အရ mask တစ်ခုကိုငွေ 1 baht ရရှိပြီး ၊ လူတစ်ယောက်မှာ တစ်ရက်ကို mask အခုပေါင်း 400 ဝန်းကျင်က recycle ပြန်လုပ်နိုင်ကြောင်း ဖြေကြားခဲ့ကြပါတယ် ။

ထို့အပြင် အဆိုပါ mask တွေကို စက်ရုံအနီးအနားဝန်းကျင်မှ လူတွေက မသိဘဲ ဝယ်ယူပြီးအသုံးပြုနေလျက်ရှိကြောင်း သိရှိရပါတယ် ။ ယခုချိန်မှာတော့ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း 43 ဦးခန့်ရှိနေပြီး ၊ တရုတ်ခရီးသွားများထံမှ ကူးစက်ခံခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment