ေက်ာက္ကပ္ေရာင္းျပီး သားသမီး 8 ေယာက္ေနထိုင္ႏိုင္မဲ့ တဲအိမ္ေလးဝယ္ဖို႔ ႀကိဳးစားေနတဲ့ အမ်ိဳးသား

ဖခင္တစ္ေယာက္ရဲ႕ သားသမီးေတြကိုခ်စ္လြန္းတဲ့စိတ္ဟာ လံုးဝကိုအကန္႔အသတ္မ႐ွိႏိုင္သေလာက္ပါပဲ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖခင္ဟာလည္း သူ႔ရဲ႕သားသမီးေတြ အမိုးအကာေအာက္မွာေနထိုင္ႏိုင္ေအာင္ရင္နင့္ဖြယ္ေကာင္းလွေအာင္ႀကိဳးစား႐ုန္ကန္ေနခဲ့ရတာပါပဲ ။ Jamal Baraoud အမည္႐ွိတဲ့ ဆီးရီးယားႏိုင္ငံက စစ္ေျပးဒုကၡသည္အမ်ိဳးသားတစ္ေယာက္ဟာ ေက်ာက္ကပ္မေကာင္းျခင္း ၊ ႀကီးထြားမႈႏႈန္းေႏွးျခင္း ၊ ဝက္႐ူးျပန္တတ္ျခင္းစတဲ့ က်န္းမာေရးျပသာနာေတြ႐ွိေနတဲ့ သားသမီး 8ေယာက္ရဲ႕ဖခင္ျဖစ္ပါတယ္ ။ စစ္မျဖစ္ပြားခင္အခ်ိန္တုန္းက အပ္ခ်ဳပ္သမားတစ္ေယာက္အေနနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ေပမဲ့လည္း Jamal ဟာ ေတာ္လွန္ပုန္ကန္တဲ့လုပ္ေဆာင္ခ်က္ေတြမွာ ပါဝင္သူအျဖစ္ သံသယျဖစ္ခံရၿပီး လံုျခံဳေရးအဖြဲ႔ေတြရဲ႕႐ိုက္ႏွက္စစ္ေဆးမႈကို ခံခဲ့ရၿပီးေနာက္မွာေတာ့ လည္ပင္း႐ိုးက်ိဳးသြားခဲ့ရၿပီး ၊ အလုပ္လက္မဲ့လည္း ျဖစ္သြားခဲ့ရပါတယ္ ။ သူ၏အေျခအေနေတြေၾကာင့္ မိသားစုဝင္ေတြကို ဆက္ၿပီးမေထာက္ပံ့ႏိုင္ေတာ့ဘဲ ၾကံမိၾကံရာ မိသားစုေနထိုင္ႏိုင္မဲ့ တဲအိမ္ေလးရ႐ွိဖို႔အတြက္ ေက်ာက္ကပ္ေရာင္းခ်မည့္အေၾကာင္း လက္ကိုင္ပိုစတာေလးနဲ႔ ေၾကညာခဲ့ပါတယ္ ။

ထို႔အျပင္ Jamal က ” ကြၽန္ေတာ္ အိမ္ပစ္ရာပစ္ထြက္ေျပးလာခဲ့ရတာ 27 ရက္႐ွိပါၿပီ ၊ ကြၽန္ေတာ္ နဲ႔ သားသမီးေတြ အရိပ္အာဝါသေလးရေအာင္ တဲအိမ္ေလးဝယ္ဖို႔ ေက်ာက္ကပ္ေရာင္းပါမယ္ ၊ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ့္ဘက္မွာ ဘုရားသခင္႐ွိေနလို႔ပါပဲ ” ဆိုၿပီးေတာ့လည္း ေျပာဆိုခဲ့ပါေသးတယ္ ။

ထို႔ေၾကာင့္ လူအမ်ားအျပားက Jamal ကို အေထာက္အပံ့ေပးဖို႔ ေရာက္႐ွိလာခဲ့ေပမဲ့လည္း Jamal ကေတာ့ သူ၏သားသမီး က်န္းမာေရးအတြက္ ေဆးဝါးအေထာက္အကူ ႏွင့္ ၎တို႔ကို စစ္ျဖစ္ပြားေနတဲ့ ဆီးရီးယားႏိုင္ငံကေန ထြက္ခြာႏိုင္ဖို႔သာ ကူညီေပးဖို႔ေတာင္းဆိုခဲ့ၾကပါတယ္ ။ ထို႔အျပင္ သူ၏သားသမီးေတြ ေက်ာင္းမတက္ရတာ 2ႏွစ္ခန္႔႐ွိေနၿပီးျဖစ္ေၾကာင္းႏွင့္ သားသမီးမ်ားနဲ႔အတူ အဆံုးစီရင္ဖို႔အထိေတာင္ စဥ္းစားခဲ့မိေၾကာင္း သို႔မွသာ ၎တို႔မိသားစု ေအးခ်မ္းစြာအနားယူႏိုင္ၿပီး ၊ ခ်မ္းေအးေနၿပီး ဆာေလာင္မႈဒဏ္ကို ခံစားေနရတဲ့ သားသမီးေတြရဲ႕အျဖစ္ကို ထပ္ၿပီးမေတြ႔ရႏိုင္ေတာ့လို႔ သက္ေသဖို႔ၾကံစည္ခဲ့မိတာ ျဖစ္ေၾကာင္း သူ႔ရဲ႕အျဖစ္ကို ဝမ္းနည္းေၾကကြဲဖြယ္ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖခင်တစ်ယောက်ရဲ့ သားသမီးတွေကိုချစ်လွန်းတဲ့စိတ်ဟာ လုံးဝကိုအကန့်အသတ်မရှိနိုင်သလောက်ပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖခင်ဟာလည်း သူ့ရဲ့သားသမီးတွေ အမိုးအကာအောက်မှာနေထိုင်နိုင်အောင်ရင်နင့်ဖွယ်ကောင်းလှအောင်ကြိုးစားရုန်ကန်နေခဲ့ရတာပါပဲ ။ Jamal Baraoud အမည်ရှိတဲ့ ဆီးရီးယားနိုင်ငံက စစ်ပြေးဒုက္ခသည်အမျိုးသားတစ်ယောက်ဟာ ကျောက်ကပ်မကောင်းခြင်း ၊ ကြီးထွားမှုနှုန်းနှေးခြင်း ၊ ဝက်ရူးပြန်တတ်ခြင်းစတဲ့ ကျန်းမာရေးပြသာနာတွေရှိနေတဲ့ သားသမီး 8ယောက်ရဲ့ဖခင်ဖြစ်ပါတယ် ။ စစ်မဖြစ်ပွားခင်အချိန်တုန်းက အပ်ချုပ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့လည်း Jamal ဟာ တော်လှန်ပုန်ကန်တဲ့လုပ်ဆောင်ချက်တွေမှာ ပါဝင်သူအဖြစ် သံသယဖြစ်ခံရပြီး လုံခြုံရေးအဖွဲ့တွေရဲ့ရိုက်နှက်စစ်ဆေးမှုကို ခံခဲ့ရပြီးနောက်မှာတော့ လည်ပင်းရိုးကျိုးသွားခဲ့ရပြီး ၊ အလုပ်လက်မဲ့လည်း ဖြစ်သွားခဲ့ရပါတယ် ။ သူ၏အခြေအနေတွေကြောင့် မိသားစုဝင်တွေကို ဆက်ပြီးမထောက်ပံ့နိုင်တော့ဘဲ ကြံမိကြံရာ မိသားစုနေထိုင်နိုင်မဲ့ တဲအိမ်လေးရရှိဖို့အတွက် ကျောက်ကပ်ရောင်းချမည့်အကြောင်း လက်ကိုင်ပိုစတာလေးနဲ့ ကြေညာခဲ့ပါတယ် ။

ထို့အပြင် Jamal က ” ကျွန်တော် အိမ်ပစ်ရာပစ်ထွက်ပြေးလာခဲ့ရတာ 27 ရက်ရှိပါပြီ ၊ ကျွန်တော် နဲ့ သားသမီးတွေ အရိပ်အာဝါသလေးရအောင် တဲအိမ်လေးဝယ်ဖို့ ကျောက်ကပ်ရောင်းပါမယ် ၊ ဘာလို့လည်းဆိုတော့ ကျွန်တော့်ဘက်မှာ ဘုရားသခင်ရှိနေလို့ပါပဲ ” ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါသေးတယ် ။

ထို့ကြောင့် လူအများအပြားက Jamal ကို အထောက်အပံ့ပေးဖို့ ရောက်ရှိလာခဲ့ပေမဲ့လည်း Jamal ကတော့ သူ၏သားသမီး ကျန်းမာရေးအတွက် ဆေးဝါးအထောက်အကူ နှင့် ၎င်းတို့ကို စစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံကနေ ထွက်ခွာနိုင်ဖို့သာ ကူညီပေးဖို့တောင်းဆိုခဲ့ကြပါတယ် ။ ထို့အပြင် သူ၏သားသမီးတွေ ကျောင်းမတက်ရတာ 2နှစ်ခန့်ရှိနေပြီးဖြစ်ကြောင်းနှင့် သားသမီးများနဲ့အတူ အဆုံးစီရင်ဖို့အထိတောင် စဉ်းစားခဲ့မိကြောင်း သို့မှသာ ၎င်းတို့မိသားစု အေးချမ်းစွာအနားယူနိုင်ပြီး ၊ ချမ်းအေးနေပြီး ဆာလောင်မှုဒဏ်ကို ခံစားနေရတဲ့ သားသမီးတွေရဲ့အဖြစ်ကို ထပ်ပြီးမတွေ့ရနိုင်တော့လို့ သက်သေဖို့ကြံစည်ခဲ့မိတာ ဖြစ်ကြောင်း သူ့ရဲ့အဖြစ်ကို ဝမ်းနည်းကြေကွဲဖွယ်ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment