ေရကန္ေဘးမွာ အိပ္စက္ေနတဲ့ မ်က္မျမင္အဘြားအိုကို ေစာင့္ေ႐ွာက္ေပးေနခဲ့တဲ့ လမ္းေဘးေခြးေလး 2ေကာင္

ေခြးေတြဟာ သူတို႔ကိုအစာေကြၽးေမြးခဲ့ဖူးတဲ့ ေက်းဇူး႐ွင္ေတြကို လံုးဝမေမ့ဘဲ သစၥာ႐ွိ႐ွိကာကြယ္ေပးတတ္တဲ့ တိရစာၦန္ေလးေတြပါ ။ ဒီတစ္ေခါက္ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနတဲ့ အျဖစ္အပ်က္ေလးတစ္ခုဟာလည္း လူအမ်ားရဲ႕ရင္ထဲကို ခံစားသြားေစခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ ထိုင္းႏိုင္ငံမွာ႐ွိတဲ့ ေရကန္ေဘးေလးတစ္ခုေဘးမွာ ေခြးေလးႏွစ္ေကာင္ဟာ အခ်ိန္အေတာ္ၾကာထိုင္ေစာင့္ေနခဲ့တာကို ေတြ႔႐ွိရမွာပါ ။ ေခြးေလးေတြ ဘာလုပ္ေနတာလဲဆိုၿပီး အနီးကပ္ၾကည့္႐ႈလိုက္တဲ့ခ်ိန္မွာေတာ့ အဆိုပါေရကန္ေဘးမွာ အဘြားအိုတစ္ေယာက္ဟာ အိပ္ေမာက်ေနခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။

အဆိုပါ ဓာတ္ပံုေတြကို social media ေပၚမွာ ေဝမ်ွေပးခဲ့သူရဲ႕ ေျပာျပခ်က္အရ အဘြားအိုဟာ အမွန္တကယ္ေတာ့ အိုးမဲ့အိမ္မဲ့ေနထိုင္ေနရသူျဖစ္တဲ့အျပင္ မ်က္မျမင္အဘြားအို တစ္ေယာက္လည္းျဖစ္ေနခဲ့ၿပီး ၊ သူမဟာ အဆိုပါလမ္းေဘးေခြးႏွစ္ေကာင္ကို ဂ႐ုစိုက္ၿပီး အစားအစာမ်ားေကြၽးေမြးခဲ့လို႔ ေခြးေလးေတြက အဘြားအိုေနာက္ကို တေကာက္ေကာက္လိုက္ေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အမွန္တကယ္ေတာ့ ေခြးေလးေတြဟာ အဘြားအို အိပ္ေနစဥ္ တကယ့္အုပ္ထိန္းသူေတြလို အဘြားအိုကို ကာကြယ္ေပးေနခဲ့တာျဖစ္ပါတယ္ ။

ဒါေၾကာင့္ ေ႐ွးလူႀကီးေတြေျပာေနၾကစကားအတိုင္း ေခြးေလးေတြဟာ လူေတြရဲ႕တကယ့္မိတ္ေဆြအရင္း ေတြပဲဆိုၿပီး အခုေဖာ္ျပတဲ့ ေခြးေလးေတြက သက္ေသျပလိုက္တာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခွေးတွေဟာ သူတို့ကိုအစာကျွေးမွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေကို လုံးဝမမေ့ဘဲ သစ္စာရှိရှိကာကွယ်ပေးတတ်တဲ့ တိရစ္ဆာန်လေးတွေပါ ။ ဒီတစ်ခေါက် social media ပေါ်မှာ အတော်လေးရေပန်းစားနေတဲ့ အဖြစ်အပျက်လေးတစ်ခုဟာလည်း လူအများရဲ့ရင်ထဲကို ခံစားသွားစေခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရေကန်ဘေးလေးတစ်ခုဘေးမှာ ခွေးလေးနှစ်ကောင်ဟာ အချိန်အတော်ကြာထိုင်စောင့်နေခဲ့တာကို တွေ့ရှိရမှာပါ ။ ခွေးလေးတွေ ဘာလုပ်နေတာလဲဆိုပြီး အနီးကပ်ကြည့်ရှုလိုက်တဲ့ချိန်မှာတော့ အဆိုပါရေကန်ဘေးမှာ အဘွားအိုတစ်ယောက်ဟာ အိပ်မောကျနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါ ဓာတ်ပုံတွေကို social media ပေါ်မှာ ဝေမျှပေးခဲ့သူရဲ့ ပြောပြချက်အရ အဘွားအိုဟာ အမှန်တကယ်တော့ အိုးမဲ့အိမ်မဲ့နေထိုင်နေရသူဖြစ်တဲ့အပြင် မျက်မမြင်အဘွားအို တစ်ယောက်လည်းဖြစ်နေခဲ့ပြီး ၊ သူမဟာ အဆိုပါလမ်းဘေးခွေးနှစ်ကောင်ကို ဂရုစိုက်ပြီး အစားအစာများကျွေးမွေးခဲ့လို့ ခွေးလေးတွေက အဘွားအိုနောက်ကို တကောက်ကောက်လိုက်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အမှန်တကယ်တော့ ခွေးလေးတွေဟာ အဘွားအို အိပ်နေစဉ် တကယ့်အုပ်ထိန်းသူတွေလို အဘွားအိုကို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ် ။

ဒါကြောင့် ရှေးလူကြီးတွေပြောနေကြစကားအတိုင်း ခွေးလေးတွေဟာ လူတွေရဲ့တကယ့်မိတ်ဆွေအရင်း တွေပဲဆိုပြီး အခုဖော်ပြတဲ့ ခွေးလေးတွေက သက်သေပြလိုက်တာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment