ဗိုင္းရပ္စ္ပိုးေတြေသေအာင္ ပိုက္ဆံကို microwave ထဲထည့္ၿပီး အပူေပးခဲ့တဲ့ မိန္းကေလးရဲ့အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ့ႏွံမႈဟာ တစ္ရက္ထက္တစ္ရက္ပိုမိုဆိုးဝါးလာေနလ်က္႐ွိၿပီး ေရာဂါကူးစက္မခံရေသးတဲ့ လူအမ်ားစုကိုလည္း ပိုၿပီးေၾကာက္လန္႔တုန္လႈပ္ေနေစလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ သံသယစိတ္လြန္ကဲလြန္ၿပီးေနာက္ သူမရဲ႕အိတ္ကပ္ထဲမွာ႐ွိေနတဲ့ ပိုက္ဆံေတြကိုေတာင္ ဗိုင္းရပ္စ္ပိုးကပ္တြယ္ေနတယ္ဆိုၿပီး ထင္ျမင္ေနခဲ့ပါတယ္ ။ သူမဟာ တ႐ုတ္ႏိုင္ငံ ၊ Jiangyin ၿမိဳ႕မွာေနထိုင္ေနသူတစ္ဦးျဖစ္ၿပီး ဗိုင္းရပ္စ္ပိုးေတြဟာ ပစၥည္းေတြအေပၚ ၊ အရာဝတၳဳေတြအေပၚမွာဆိုရင္ 9 ရက္ခန္႔ ႐ွင္သန္ႏိုင္စြမ္း႐ွိတဲ့အတြက္ သူမရဲ႕ပိုက္ဆံေတြေပၚမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ပိုး႐ွိေနႏိုင္ေၾကာင္းသံုးသပ္ခဲ့ၿပီး သူမအေတာ္ေလး စိုးရိမ္ေနခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ ပိုၿပီးလံုျခံဳစိတ္ခ်ရေအာင္ သူမရဲ႕ ေငြစကၠဴ ေတြကို microwave ထဲထည့္ၿပီး အပူေပးခဲ့ပါေတာ့တယ္ ။ ပိုးသတ္ဖို႔လုပ္ေနရင္း မၾကာခင္မွာပဲ သူမရဲ႕မီးဖိုေခ်ာင္းမွ ေလာင္ကြၽမ္းေနတဲ့မီးခိုးနံ႔ရ႐ွိလို႔ ေျပးၾကည့္ခဲ့ခ်ိန္မွာေတာ့ သူမရဲ႕ေငြစကၠဴ ေတြဟာ ႂကြပ္ယြေနေလာက္တဲ့အထိ ေလာင္ကြၽမ္းေနခဲ့ပါၿပီ ။

ထို႔ေၾကာင့္ သူမလည္း ဘဏ္ဆီသို႔အလ်င္အျမန္ေျပးသြားခဲ့ၿပီး ေငြေၾကးလဲလွယ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ဘဏ္ဝန္ထမ္းက သူမရဲ႕ေငြစကၠဴ ေတြဟာ အေတာ္ေလးကို ေလာင္ကြၽမ္းခံထားရၿပီး ကိုင္လိုက္ရံုနဲ႔ေၾကမြသြားႏိုင္ေၾကာင္း ေျပာဆိုခဲ့ၿပီးေနာက္ ကံေကာင္းစြာနဲ႔ အခ်ိဳ႕ေသာေငြစကၠဴ ေတြကိုေတာ့ လဲလွယ္ေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံမှုဟာ တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးဝါးလာနေလျက်ရှိပြီး ရောဂါကူးစက်မခံရသေးတဲ့ လူအများစုကိုလည်း ပိုပြီးကြောက်လန့်တုန်လှုပ်နေစေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သံသယစိတ်လွန်ကဲလွန်ပြီးနောက် သူမရဲ့အိတ်ကပ်ထဲမှာရှိနေတဲ့ ပိုက်ဆံတွေကိုတောင် ဗိုင်းရပ်စ်ပိုးကပ်တွယ်နေတယ်ဆိုပြီး ထင်မြင်နေခဲ့ပါတယ် ။ သူမဟာ တရုတ်နိုင်ငံ ၊ Jiangyin မြို့မှာနေထိုင်နေသူတစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေဟာ ပစ္စည်းတွေအပေါ် ၊ အရာဝတ္ထုတွေအပေါ်မှာဆိုရင် 9 ရက်ခန့် ရှင်သန်နိုင်စွမ်းရှိတဲ့အတွက် သူမရဲ့ပိုက်ဆံတွေပေါ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေနိုင်ကြောင်းသုံးသပ်ခဲ့ပြီး သူမအတော်လေး စိုးရိမ်နေခဲ့ရပါတယ် ။

ထို့ကြောင့် ပိုပြီးလုံခြုံစိတ်ချရအောင် သူမရဲ့ ငွေစက္ကူ တွေကို microwave ထဲထည့်ပြီး အပူပေးခဲ့ပါတော့တယ် ။ ပိုးသတ်ဖို့လုပ်နေရင်း မကြာခင်မှာပဲ သူမရဲ့မီးဖိုချောင်းမှ လောင်ကျွမ်းနေတဲ့မီးခိုးနံ့ရရှိလို့ ပြေးကြည့်ခဲ့ချိန်မှာတော့ သူမရဲ့ငွေစက္ကူ တွေဟာ ကြွပ်ယွနေလောက်တဲ့အထိ လောင်ကျွမ်းနေခဲ့ပါပြီ ။

ထို့ကြောင့် သူမလည်း ဘဏ်ဆီသို့အလျင်အမြန်ပြေးသွားခဲ့ပြီး ငွေကြေးလဲလှယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ဘဏ်ဝန်ထမ်းက သူမရဲ့ငွေစက္ကူ တွေဟာ အတော်လေးကို လောင်ကျွမ်းခံထားရပြီး ကိုင်လိုက်ရုံနဲ့ကြေမွသွားနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကံကောင်းစွာနဲ့ အချို့သောငွေစက္ကူ တွေကိုတော့ လဲလှယ်ပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment