ယာဥ္ေမာင္းလိုင္စင္ေအာင္ၿပီး 10 မိနစ္အၾကာ ကားကိုျမစ္ေခ်ာင္ထဲေမာင္းခ်မိခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ ယာဥ္ေမာင္းလိုင္စင္စာေမးပြဲေအာင္ၿပီးေနာက္ သူ႔ရဲ႕ကားကိုစမ္းၿပီးေမာင္းဖို႔ဆိုၿပီးထြက္လာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ယာဥ္ေမာင္းလိုင္စင္ရၿပီး 10 မိနစ္အၾကာမွာပဲ သူ႔ရဲ႕ေပ်ာ္ရႊင္မႈဟာ ရပ္တန္႔သြားခဲ့ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ သူ႔ရဲ႕ကားကို ျမစ္ေခ်ာင္းထဲသို႔ေမာင္းခ်ခဲ့မိလို႔ပါပဲ ။ ျဖစ္စဥ္ကေတာ့ Zhang အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသားကို သူ၏သူငယ္ခ်င္းမ်ားက ယာဥ္ေမာင္းစာေမးပြဲေအာင္လို႔ ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း ဖုန္းကေန message မ်ားေပးပို႔ခဲ့ၾကၿပီး Zhaung ကလည္း ကားေမာင္းေနရင္း အဆိုပါ message မ်ားကိုဖတ္ဖို႔ႀကိဳးစားခဲ့ေသာေသာေၾကာင့္ ျဖစ္ပါတယ္ ။ ေနာက္မွ အေ႐ွ႕သို႔လွမ္းၾကည့္လိုက္ခ်ိန္မွာေတာ့ လမ္းသြားလမ္းလာ လူႏွစ္ဦးကိုေတြ႔႐ွိခဲ့ၿပီး တိုက္မိမွာဆိုးလို႔ဆိုၿပီး သူ၏ကားကိုျမစ္ေခ်ာင္းထဲသို႔ ေကြ႔ဆင္းပစ္ခဲ့မိပါေတာ့တယ္ ။

” ကြၽန္ေတာ္ကားေမာင္းေနတုန္း ၊ ဖုန္းကိုလွမ္းယူၿပီး message ဖတ္ဖို႔လုပ္ေနရင္းကေန တံတားေပၚမွာ ကြၽန္ေတာ့္ရဲ႕ေ႐ွ႕လူႏွစ္ေယာက္႐ွိေနတာကို ေတြ႔မိၿပီး အေတာ္ေလးလန္႔သြားခဲ့လို႔ ကားကိုဘယ္ဖက္႐ုတ္တရက္ေကြ႔ခ်ပစ္ခဲ့မိတာပါ ” ဆိုၿပီး သူ႔ရဲ႕အျဖစ္ကိုေျဖၾကားခဲ့ပါတယ္ ။

ကံေကာင္းတာကေတာ့ Zhang ကား ကားေရးထဲသို႔မနစ္ျမဳပ္မွီ လြတ္ေျမာက္သြားခဲ့ၿပီး ၊ မ်က္ျမင္သက္ေသျဖစ္ခဲ့ၾကတဲ့ ေဒသခံေတြကလည္း သူ႔အား အဝတ္မ်ားလဲဝတ္ေစကာ ၊ အကူအညီရေအာင္ ရဲအရာ႐ွိေတြဆီဆက္သြယ္အေၾကာင္းၾကားေပးခဲ့ၾကလို႔ပါပဲ ။ ကံဆိုးတာကေတာ့ Zhang ရဲ႕အျဖစ္အပ်က္ကို Zunyi ၿမိဳ႕ရဲ႕ CCTV မွ video ႐ိုက္ယူထားႏိုင္ခဲ့လို႔ မည္သို႔ပင္ျဖစ္ေစကာမႈ တရာစြဲဆိုျခင္းခံရႏိုင္ၿပီး ၊ ဒဏ္ေၾကးေငြလည္း ေပးေဆာင္ရႏိုင္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ယာဉ်မောင်းလိုင်စင်စာမေးပွဲအောင်ပြီးနောက် သူ့ရဲ့ကားကိုစမ်းပြီးမောင်းဖို့ဆိုပြီးထွက်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယာဉ်မောင်းလိုင်စင်ရပြီး 10 မိနစ်အကြာမှာပဲ သူ့ရဲ့ပျော်ရွှင်မှုဟာ ရပ်တန့်သွားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ကားကို မြစ်ချောင်းထဲသို့မောင်းချခဲ့မိလို့ပါပဲ ။ ဖြစ်စဉ်ကတော့ Zhang အမည်ရှိတဲ့ အဆိုပါအမျိုးသားကို သူ၏သူငယ်ချင်းများက ယာဉ်မောင်းစာမေးပွဲအောင်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖုန်းကနေ message များပေးပို့ခဲ့ကြပြီး Zhaung ကလည်း ကားမောင်းနေရင်း အဆိုပါ message များကိုဖတ်ဖို့ကြိုးစားခဲ့သောသောကြောင့် ဖြစ်ပါတယ် ။ နောက်မှ အရှေ့သို့လှမ်းကြည့်လိုက်ချိန်မှာတော့ လမ်းသွားလမ်းလာ လူနှစ်ဦးကိုတွေ့ရှိခဲ့ပြီး တိုက်မိမှာဆိုးလို့ဆိုပြီး သူ၏ကားကိုမြစ်ချောင်းထဲသို့ ကွေ့ဆင်းပစ်ခဲ့မိပါတော့တယ် ။

” ကျွန်တော်ကားမောင်းနေတုန်း ၊ ဖုန်းကိုလှမ်းယူပြီး message ဖတ်ဖို့လုပ်နေရင်းကနေ တံတားပေါ်မှာ ကျွန်တော့်ရဲ့ရှေ့လူနှစ်ယောက်ရှိနေတာကို တွေ့မိပြီး အတော်လေးလန့်သွားခဲ့လို့ ကားကိုဘယ်ဖက်ရုတ်တရက်ကွေ့ချပစ်ခဲ့မိတာပါ ” ဆိုပြီး သူ့ရဲ့အဖြစ်ကိုဖြေကြားခဲ့ပါတယ် ။

ကံကောင်းတာကတော့ Zhang ကား ကားရေးထဲသို့မနစ်မြုပ်မှီ လွတ်မြောက်သွားခဲ့ပြီး ၊ မျက်မြင်သက်သေဖြစ်ခဲ့ကြတဲ့ ဒေသခံတွေကလည်း သူ့အား အဝတ်များလဲဝတ်စေကာ ၊ အကူအညီရအောင် ရဲအရာရှိတွေဆီဆက်သွယ်အကြောင်းကြားပေးခဲ့ကြလို့ပါပဲ ။ ကံဆိုးတာကတော့ Zhang ရဲ့အဖြစ်အပျက်ကို Zunyi မြို့ရဲ့ CCTV မှ video ရိုက်ယူထားနိုင်ခဲ့လို့ မည်သို့ပင်ဖြစ်စေကာမှု တရာစွဲဆိုခြင်းခံရနိုင်ပြီး ၊ ဒဏ်ကြေးငွေလည်း ပေးဆောင်ရနိုင်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ယာဥ္ေမာင္းလိုင္စင္ေအာင္ၿပီး 10 မိနစ္အၾကာ ကားကိုျမစ္ေခ်ာင္ထဲေမာင္းခ်မိခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*