လက္ထပ္မဲ့ေန႔မွ ခ်စ္သူက အဘြားႀကီးျဖစ္မွန္းသိၿပီး ႐ိုက္စားခံလိုက္ရတဲ့ အမ်ိဳးသား

အင္ဒိုနီး႐ွားႏိုင္ငံမွာေနထိုင္တဲ့အမ်ိဳးသားတစ္ဦးဟာ လက္ထပ္ဖို႔မိနစ္အနည္းငယ္အလိုမွ ခ်စ္သူ၏သ႐ုပ္မွန္ကို သိလိုက္ရလို႔ လက္ထပ္ပြဲကိုဖ်က္သိမ္းခဲ့ပါတယ္ ။ အဆိုပါျဖစ္ရပ္ဟာ အေတာ္ေလးနာမည္ႀကီးသြားခဲ့ၿပီး Yusuf အမည္႐ွိအဆိုပါအမ်ိဳးသားလက္ထပ္မည့္ အမ်ိဳးသမီးမွာ အမွန္တကယ္ေတာ့ အသက္အရြယ္ႀကီးလြန္းတဲ့အမ်ိဳးသမီးျဖစ္ေနတဲ့အတြက္ေၾကာင့္ပါ ။Yusuf ဟာေတာင္ကိုးရီးယားႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနခဲ့ၿပီး ၎အမ်ိဳးသမီးမွာေတာ့ ထိုင္ဝမ္မွာေနထိုင္လ်က္႐ွိပါတယ္ ။၎တို႔ဟာ ေရေျမေတြကြာျခားေနၾကတဲ့ခ်စ္သူေတြျဖစ္ၾကၿပီး လက္ထပ္ဖို႔မဆံုးျဖတ္ခင္အထိ 2ႏွစ္ေလာက္တြဲခဲ့ၾကပါတယ္ ။သူတို႔ဟာ ဖုန္းႏွင့္သာအဆက္အသြယ္႐ွိခဲ့ၾကၿပီး Yusuf ဟာ video call ေခၚဖို႔ႀကိဳးစားတိုင္း အျမဲအျငင္းခံခဲ့ရပါတယ္ ။မဟုတ္ရင္လည္း ပိတ္စေလးေတြနဲ႔ သူမမ်က္ႏွာကိုကာထားေလ့႐ွိပါတယ္ ။သူတို႔ရဲ႕ခ်စ္သူသက္တမ္းၾကာလာခဲ့တာႏွင္အမ်ွ အဆိုပါအမ်ိဳးသမီးဟာ Yusuf ကိုဓာတ္ပံုမ်ားသာပို႔ခဲ့ၿပီး အဆိုပါဓာတ္ပံုမ်ားကလည္း Facebook ေပၚ႐ွိ မိတ္ကပ္ပညာ႐ွင္အမ်ိဳးသမီးရဲ႕ဓာတ္ပံုကိုယူသံုးခဲ့ၿပီး Yusuf ကိုကြၽမ္းကြၽမ္းက်င္က်င္ လွည့္စားခဲ့တာပါ ။

အဲတာနဲ႔တင္ မကေသးပါဘူး ၊ Yusuf ဟာသူမရဲ႕ေန႔စဥ္အသံုးစရိတ္ (သို႔) အင္ဒိုနီး႐ွား အသြားအျပန္လတ္မွတ္ဖိုးမ်ားကိုလည္း ေထာက္ပံ့ေပးခဲ့ရေၾကာင္း ဝန္ခံခဲ့ပါတယ္ ။သူမအေပၚအသံုးျပဳခဲ့ေသာ ကုန္က်စရိတ္မ်ားမွာ ျမန္မာေငြ 10သိန္းေက်ာ္ခန္႔႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ထို႔ေနာက္ အဆိုပါအမ်ိဳးသမီးဟာ Yusuf ကိုအခ်င္းခ်င္းအမွန္တကယ္ခ်စ္ႀကိဳက္ေနတယ္ဆိုရင္ လက္ထပ္သင့္ေၾကာင္းေတာင္းဆိုခဲ့သျဖင့္ Yusuf ကလည္းခ်စ္သူကိုယံုယံုၾကည္ၾကည္ျဖင့္ လက္ထပ္ဖို႔အတြက္ျပင္ဆင္ခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း မဂၤလာေဆာင္တဲ့ေန႔မွာေတာ့ Yusuf ဟာခ်စ္သူကိုတစ္ခ်က္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးကိုအံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။အေၾကာင္းကေတာ့ အမ်ိဳးသမီးရဲ႕မ်က္ႏွာဟာ သူျမင္ဖူးေနက်မ်က္ႏွာနဲ႔လံုးဝကိုကြဲထြက္ေနလို႔ပါ ။ပိုၿပီးအံ့ျသေစတဲ့အရာက အဆိုပါအမ်ိဳးသမီးဟာYusuf ထက္ေတာ္ေတာ္ေလးကိုအသက္ႀကီးေနခဲ့ၿပီး သူ၏မိခင္အသက္အရြယ္ျဖစ္ေနလို႔ပါ ။အဆိုပါအျဖစ္အပ်က္ အေတာ္ေလးနာမည္ႀကီးသြားခ်ိန္မွာေတာ့ ၎အမ်ိဳးသမီးယူသံုးထားခဲ့တဲ့ဓာတ္ပံုရဲ႕ တကယ့္ပိုင္႐ွင္မိတ္ကပ္ပညာ႐ွင္အမ်ိဳးသမီးမွာ သူမရဲ႕ဓာတ္ပံုဟာအေတာ္ေလးနာမည္ႀကီးသြားခဲ့ၿပီး သူမဟာအသံုခ်ခံလိုက္ရတဲ့အတြက္ အံ့ျသထိတ္လန္႔သြားခဲ့ရေၾကာင္း သူမရဲ႕ Facebook အေကာင့္မွာေဖာ္ျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လက်ထပ်မဲ့နေ့မှ ချစ်သူက အဘွားကြီးဖြစ်မှန်းသိပြီး ရိုက်စားခံလိုက်ရတဲ့ အမျိုးသား

အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ လက်ထပ်ဖို့မိနစ်အနည်းငယ်အလိုမှ ချစ်သူ၏သရုပ်မှန်ကို သိလိုက်ရလို့ လက်ထပ်ပွဲကိုဖျက်သိမ်းခဲ့ပါတယ် ။ အဆိုပါဖြစ်ရပ်ဟာ အတော်လေးနာမည်ကြီးသွားခဲ့ပြီး Yusuf အမည်ရှိအဆိုပါအမျိုးသားလက်ထပ်မည့် အမျိုးသမီးမှာ အမှန်တကယ်တော့ အသက်အရွယ်ကြီးလွန်းတဲ့အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်ပါ ။Yusuf ဟာတောင်ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေခဲ့ပြီး ၎င်းအမျိုးသမီးမှာတော့ ထိုင်ဝမ်မှာနေထိုင်လျက်ရှိပါတယ် ။၎င်းတို့ဟာ ရေမြေတွေကွာခြားနေကြတဲ့ချစ်သူတွေဖြစ်ကြပြီး လက်ထပ်ဖို့မဆုံးဖြတ်ခင်အထိ 2နှစ်လောက်တွဲခဲ့ကြပါတယ် ။သူတို့ဟာ ဖုန်းနှင့်သာအဆက်အသွယ်ရှိခဲ့ကြပြီး Yusuf ဟာ video call ခေါ်ဖို့ကြိုးစားတိုင်း အမြဲအငြင်းခံခဲ့ရပါတယ် ။မဟုတ်ရင်လည်း ပိတ်စလေးတွေနဲ့ သူမမျက်နှာကိုကာထားလေ့ရှိပါတယ် ။သူတို့ရဲ့ချစ်သူသက်တမ်းကြာလာခဲ့တာနှင်အမျှ အဆိုပါအမျိုးသမီးဟာ Yusuf ကိုဓာတ်ပုံများသာပို့ခဲ့ပြီး အဆိုပါဓာတ်ပုံများကလည်း Facebook ပေါ်ရှိ မိတ်ကပ်ပညာရှင်အမျိုးသမီးရဲ့ဓာတ်ပုံကိုယူသုံးခဲ့ပြီး Yusuf ကိုကျွမ်းကျွမ်းကျင်ကျင် လှည့်စားခဲ့တာပါ ။

အဲတာနဲ့တင် မကသေးပါဘူး ၊ Yusuf ဟာသူမရဲ့နေ့စဉ်အသုံးစရိတ် (သို့) အင်ဒိုနီးရှား အသွားအပြန်လတ်မှတ်ဖိုးများကိုလည်း ထောက်ပံ့ပေးခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ် ။သူမအပေါ်အသုံးပြုခဲ့သော ကုန်ကျစရိတ်များမှာ မြန်မာငွေ 10သိန်းကျော်ခန့်ရှိကြောင်း သိရှိရပါတယ် ။ထို့နောက် အဆိုပါအမျိုးသမီးဟာ Yusuf ကိုအချင်းချင်းအမှန်တကယ်ချစ်ကြိုက်နေတယ်ဆိုရင် လက်ထပ်သင့်ကြောင်းတောင်းဆိုခဲ့သဖြင့် Yusuf ကလည်းချစ်သူကိုယုံယုံကြည်ကြည်ဖြင့် လက်ထပ်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း မင်္ဂလာဆောင်တဲ့နေ့မှာတော့ Yusuf ဟာချစ်သူကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ တော်တော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။အကြောင်းကတော့ အမျိုးသမီးရဲ့မျက်နှာဟာ သူမြင်ဖူးနေကျမျက်နှာနဲ့လုံးဝကိုကွဲထွက်နေလို့ပါ ။ပိုပြီးအံ့သြစေတဲ့အရာက အဆိုပါအမျိုးသမီးဟာYusuf ထက်တော်တော်လေးကိုအသက်ကြီးနေခဲ့ပြီး သူ၏မိခင်အသက်အရွယ်ဖြစ်နေလို့ပါ ။အဆိုပါအဖြစ်အပျက် အတော်လေးနာမည်ကြီးသွားချိန်မှာတော့ ၎င်းအမျိုးသမီးယူသုံးထားခဲ့တဲ့ဓာတ်ပုံရဲ့ တကယ့်ပိုင်ရှင်မိတ်ကပ်ပညာရှင်အမျိုးသမီးမှာ သူမရဲ့ဓာတ်ပုံဟာအတော်လေးနာမည်ကြီးသွားခဲ့ပြီး သူမဟာအသုံချခံလိုက်ရတဲ့အတွက် အံ့သြထိတ်လန့်သွားခဲ့ရကြောင်း သူမရဲ့ Facebook အကောင့်မှာဖော်ပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "လက္ထပ္မဲ့ေန႔မွ ခ်စ္သူက အဘြားႀကီးျဖစ္မွန္းသိၿပီး ႐ိုက္စားခံလိုက္ရတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*