အဝတ်အစား နဲ့ သေးခံ တွေကိုထုပ်ပိုးပြီး နေအိမ်ကနေထွက်ပြေးခဲ့တဲ့ 4နှစ်အရွယ် ကလေးမလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆယ်ကျော်သက် ကလေးတွေတော်တော်များများဟာ အိမ်ကနေဆင်းပြီး ကိုယ်လွတ်ရုန်းကာ လွတ်လွတ်လပ်လပ်နေချင်ကြသူ အများအပြားရှိပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးမလေးကတော့ အသက် 4နှစ်အရွယ်သာရှိသေးပေမဲ့လည်း ဘယ်သူကမှ မထင်မိလောက်အောင်ကို နေအိမ်ကနေထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ် ။

သူမကိုတော့ အင်ဒိုနီးရှားနိုင်ငံ ၊ Sentul မြို့ရှိ မူလတန်းကျောင်းအနီးမှာ တစ်ယောက်တည်းတွေ့ရှိခဲ့လို့ တာဝန်ရှိသူများက သူမကို အနီးနားရှိရဲစခန်းသို့ အချိန်မှီပို့ဆောင်ပေးခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သူမနဲ့အတူ အဝတ်အစားတွေ ၊ ဒိုင်ပါ တွေပါတဲ့ကျောပိုးအိတ်ပန်းရောင်လေးနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

ကံကောင်းစွာနဲ့ ရဲအရာရှိများက သူမရဲ့နေအိမ်သို့ ချက်ချင်းအကြောင်းကြားနိုင်ခဲ့ပြီး ၊ ကလေးမလေးဟာလည်း နေအိမ်သို့ အန္တရာယ်ကင်းစွာ ပြန်ရောက်နိုင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကလေးမလေးဟာ မည်သည့်အကြောင်းပြချက်ကြောင့် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်းခဲ့ရတာလည်း ဆိုတာကတော့ သေချာမသိရသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment