စြန္႔ပစ္ခံ မိဘမဲ့ကေလးငယ္ အေယာက္ 100 ေက်ာ္ကို ကယ္တင္ၿပီး ေကာင္းမြန္တဲ့အနာဂတ္ဖန္တီးေပးႏိုင္ခဲ့သူ

ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ ဆရာေတာ္တစ္ပါးဟာဆိုရင္ သူ၏တစ္ဘဝလံုးကို အိုးမဲ့အိမ္မဲ့စြန္႔ပစ္ျခင္းခံခဲ့ရတဲ့ ကေလးငယ္ေတြကို အသက္႐ွင္ေနထိုင္ႏိုင္ဖို႔အခြင့္အေရးေတြေပးၿပီး ကယ္တင္ေပးႏိုင္ဖို႔ နစ္ျမဳပ္ထားခဲ့တာပါ ။ Long Po ဘြဲ႔အမည္႐ွိတဲ့ ဆရာေတာ္ဟာဆိုရင္ ႏွစ္ေပါင္း 20 လံုးလံုး လမ္းမေပၚမွာစြန္႔ပစ္ျခင္းခံခဲ့ရတဲ့ ကေလးငယ္အေယာက္ 100 ေက်ာ္ကို ကယ္တင္ေပးခဲ့ၿပီး အဆိုပါကေလးငယ္ေတြအတြက္ ပညာေရးေတြကိုပါေထာက္ပံ့သင္ၾကားေပးတဲ့အျပင္ လူ႔ပတ္ဝန္းက်င္နဲ႔လိုက္ေလ်ာညီေထြစြာျဖစ္ဖို႔ကိုလည္း ကေလးငယ္ေတြကိုႀကိဳးစားၿပီး ျပဳစုပ်ိဳးေထာင္ေပးလ်က္႐ွိပါတယ္ ။

ပထမဆံုးကေလးငယ္ကို ေမြးစားျဖစ္ခဲ့တာကေတာ့ ကေလးငယ္ဟာ ေမြးကင္းစ 5ရက္သားအရြယ္သာ႐ွိေသးၿပီး မိဘႏွစ္ပါးလံုးဟာမ႐ွိေတာ့တဲ့အျပင္ ၊ က်န္းမာေရးအေျခအေနေတြေၾကာင့္ ကေလးငယ္ဟာ အသက္ဆက္ၿပီး႐ွင္သန္ႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားခဲ့ရတာပါ ။ ထိုအခ်ိန္မွာေတာ့ ဆရာေတာ္ Long Po ဟာလည္း ခက္ခဲၾကမ္းတမ္းလြန္းလွတဲ့ သူ၏ငယ္ဘဝကိုျပန္ေတြးမိၿပီး ကေလးငယ္ကိုစာနာကာ ေမြးစားခဲ့ပါေတာ့တယ္ ။ ထိုအခ်ိန္ကေနစၿပီး အကူအညီမဲ့ေနတဲ့ကေလးငယ္ေတြကိုကယ္တယ္ခဲ့ရင္း ႏွစ္ေပါင္း 20 ခန္႔ၾကာျမင့္လာခဲ့ၿပီး ကေလးငယ္ေပါင္း အေယာက္ 100 ေက်ာ္အထိ ေရာက္႐ွိသြားခဲ့တာပါ ။

ဆရာေတာ္ရဲ႕ငယ္စဥ္ဘဝမွာေတာ့ မိခင္ျဖစ္သူဟာ ဘုန္ႀကီးေက်ာင္းတက္ဖို႔ေတာင္ အခ်ိန္မရဘဲ ဆရာေတာ္ ႏွင့္ အျခား ေမာင္းႏွမ ေတြကို႐ွာေဖြေကြၽးေမြးေက်ာင္းထားႏိုင္ဖို႔ မိခင္တစ္ေယာက္တည္းက ႐ုန္းကန္ခဲ့ရတာပါ ။ ထို႔အျပင္ ငယ္စဥ္အခ်ိန္ေက်ာင္းသြားတုန္းက ေမာင္ႏွမေလးေယာက္အတြက္ ယူေဆာင္သြားခဲ့တဲ့ ထမင္းဘူးထဲမွာ ၾကက္ဥေၾကာ္တစ္ခုသာ႐ွိၿပီး ေလးေယာက္အတူမ်ွစားခဲ့ရတာကို မေမ့ႏိုင္ခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္ ။ ယခုလက္႐ွိေက်ာင္းေတာ္ကိုေတာ့ ဆရာေတာ္၏မိခင္ျဖစ္သူက ေထာက္ပံ့တည္ေဆာက္ေပးခဲ့တာျဖစ္ပါတယ္ ။ ဆရာေတာ္၏မိခင္မွာ ဘုန္ႀကီးေက်ာင္းအနီး ေျမ 8 ဧကခန္႔ပိုင္ၿပီး ၊ 2.7 ဧက ကိုေတာ့ ေက်ာင္းေဆာင္တည္ေဆာက္ဖို႔အတြက္ ဆရာေတာ္အားလႉဒါန္းလိုက္ပါတယ္ ။ အဆိုပါသတင္းဟာ ထိုင္းမီဒီယာေတြမွ အေတာ္ေလးေဖာ္ျပေပးခဲ့ခ်ိန္မွာေတာ့ ႏွစ္ 20 ေက်ာ္ၾကာ ကေလးငယ္ေတြကိုစာနာစိတ္နဲ႔ကူညီကယ္တင္ေပးခဲ့တဲ့ ဆရာေတာ္ကို လူအမ်ားကအေတာ္ေလးၾကည္ညိဳေလးစားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ဆရာတော်တစ်ပါးဟာဆိုရင် သူ၏တစ်ဘဝလုံးကို အိုးမဲ့အိမ်မဲ့စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ကလေးငယ်တွေကို အသက်ရှင်နေထိုင်နိုင်ဖို့အခွင့်အရေးတွေပေးပြီး ကယ်တင်ပေးနိုင်ဖို့ နစ်မြုပ်ထားခဲ့တာပါ ။ Long Po ဘွဲ့အမည်ရှိတဲ့ ဆရာတော်ဟာဆိုရင် နှစ်ပေါင်း 20 လုံးလုံး လမ်းမပေါ်မှာစွန့်ပစ်ခြင်းခံခဲ့ရတဲ့ ကလေးငယ်အယောက် 100 ကျော်ကို ကယ်တင်ပေးခဲ့ပြီး အဆိုပါကလေးငယ်တွေအတွက် ပညာရေးတွေကိုပါထောက်ပံ့သင်ကြားပေးတဲ့အပြင် လူ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာဖြစ်ဖို့ကိုလည်း ကလေးငယ်တွေကိုကြိုးစားပြီး ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ် ။

ပထမဆုံးကလေးငယ်ကို မွေးစားဖြစ်ခဲ့တာကတော့ ကလေးငယ်ဟာ မွေးကင်းစ 5ရက်သားအရွယ်သာရှိသေးပြီး မိဘနှစ်ပါးလုံးဟာမရှိတော့တဲ့အပြင် ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ကလေးငယ်ဟာ အသက်ဆက်ပြီးရှင်သန်နိုင်ဖို့ အတော်လေးကြိုးစားခဲ့ရတာပါ ။ ထိုအချိန်မှာတော့ ဆရာတော် Long Po ဟာလည်း ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ သူ၏ငယ်ဘဝကိုပြန်တွေးမိပြီး ကလေးငယ်ကိုစာနာကာ မွေးစားခဲ့ပါတော့တယ် ။ ထိုအချိန်ကနေစပြီး အကူအညီမဲ့နေတဲ့ကလေးငယ်တွေကိုကယ်တယ်ခဲ့ရင်း နှစ်ပေါင်း 20 ခန့်ကြာမြင့်လာခဲ့ပြီး ကလေးငယ်ပေါင်း အယောက် 100 ကျော်အထိ ရောက်ရှိသွားခဲ့တာပါ ။

ဆရာတော်ရဲ့ငယ်စဉ်ဘဝမှာတော့ မိခင်ဖြစ်သူဟာ ဘုန်ကြီးကျောင်းတက်ဖို့တောင် အချိန်မရဘဲ ဆရာတော် နှင့် အခြား မောင်းနှမ တွေကိုရှာဖွေကျွေးမွေးကျောင်းထားနိုင်ဖို့ မိခင်တစ်ယောက်တည်းက ရုန်းကန်ခဲ့ရတာပါ ။ ထို့အပြင် ငယ်စဉ်အချိန်ကျောင်းသွားတုန်းက မောင်နှမလေးယောက်အတွက် ယူဆောင်သွားခဲ့တဲ့ ထမင်းဘူးထဲမှာ ကြက်ဥကြော်တစ်ခုသာရှိပြီး လေးယောက်အတူမျှစားခဲ့ရတာကို မမေ့နိုင်ခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ် ။ ယခုလက်ရှိကျောင်းတော်ကိုတော့ ဆရာတော်၏မိခင်ဖြစ်သူက ထောက်ပံ့တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ် ။ ဆရာတော်၏မိခင်မှာ ဘုန်ကြီးကျောင်းအနီး မြေ 8 ဧကခန့်ပိုင်ပြီး ၊ 2.7 ဧက ကိုတော့ ကျောင်းဆောင်တည်ဆောက်ဖို့အတွက် ဆရာတော်အားလှူဒါန်းလိုက်ပါတယ် ။ အဆိုပါသတင်းဟာ ထိုင်းမီဒီယာတွေမှ အတော်လေးဖော်ပြပေးခဲ့ချိန်မှာတော့ နှစ် 20 ကျော်ကြာ ကလေးငယ်တွေကိုစာနာစိတ်နဲ့ကူညီကယ်တင်ပေးခဲ့တဲ့ ဆရာတော်ကို လူအများကအတော်လေးကြည်ညိုလေးစားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment