သခင္က ရက္ရက္စက္စက္ ေၾကာင္ေလးရဲ႕နာရြက္ကိုကိုက္ျဖဲၿပီး အႏိုင္က်င့္ႏွိပ္စက္ခဲ့တဲ့အျဖစ္

UK မွာေနထိုင္တဲ့ Aaron James Williamson အမည္႐ွိတဲ့ အသက္ 20 အရြယ္ေကာင္ေလးဟာ သူ၏အိမ္ေမြးတိရစာၦန္ေတြကို အႏိုင္က်င့္ႏွိပ္စက္ေနတာကို မ်က္ျမင္သက္ေသေတြက ရဲအရာ႐ွိေတြကိုတိုင္ၾကားခဲ့တဲ့အတြက္ တိရစာၦန္ေတြကိုအႏိုင္က်င့္ႏွိပ္စက္မႈေၾကာင့္ ေထာင္ဒဏ္ 12 ပတ္ ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။ ထို႔အျပင္ James ကသူ႔ကိုယ္သူ မေကာင္းဆိုးဝါးလို႔ေခၚဆိုခဲ့တဲ့အျပင္ ေၾကာင္ေလးကိုအႀကိမ္ေပါင္းမ်ားစြာႏွိပ္စက္ခဲ့ေၾကာင္းလည္း ဝန္ခံခဲ့ပါေသးတယ္ ။ ေၾကာင္ေလးရဲ႕နားတစ္ဖက္မွာေတာ့ အႀကိမ္ေပါင္းမ်ားစြာ ကိုက္ဖဲ့ျခင္းခံခဲ့ရတဲ့အတြက္ အနည္းငယ္သာက်န္႐ွိပါေတာ့တယ္ ။

” ေန႔တိုင္း တိရစာၦန္ငယ္ေလးေတြကို ႏွိပ္စက္တယ္ ၊ သူ႔ကိုျပန္ၿပီး အႏၱရာယ္မျပဳႏိုင္မဲ့ အေကာင္ေလးေတြကိုေပါ့ ၊ သက္ညာသနားစိတ္မ႐ွိတဲ့ သူ႔ရဲ႕လုပ္ရပ္က စိတ္ပ်က္စရာပါပဲ ” ဆိုၿပီး တရားသူႀကီးက ေျပာဆိုကာ ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္ ။

ယခုခ်ိန္မွာေတာ့ ေၾကာင္ေလးကို မိသားစုအသစ္မွျပန္လည္ေမြးစားခဲ့ၿပီး ၊ ေၾကာင္ေလးကို တကယ့္စာနာသနားစိတ္နဲ႔ၾကည့္႐ႈေစာင့္ေ႐ွာက္ေနလ်က္႐ွိပါတယ္ ။ မ်က္ျမင္သက္ေသရဲ႕ တာဝန္႐ွိသူေတြကို တိုင္ၾကားခဲ့မႈေၾကာင့္ ယခုလိုေၾကာင္ေလးကိုကယ္တင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

UK မှာနေထိုင်တဲ့ Aaron James Williamson အမည်ရှိတဲ့ အသက် 20 အရွယ်ကောင်လေးဟာ သူ၏အိမ်မွေးတိရစ္ဆာန်တွေကို အနိုင်ကျင့်နှိပ်စက်နေတာကို မျက်မြင်သက်သေတွေက ရဲအရာရှိတွေကိုတိုင်ကြားခဲ့တဲ့အတွက် တိရစ္ဆာန်တွေကိုအနိုင်ကျင့်နှိပ်စက်မှုကြောင့် ထောင်ဒဏ် 12 ပတ် ချမှတ်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် James ကသူ့ကိုယ်သူ မကောင်းဆိုးဝါးလို့ခေါ်ဆိုခဲ့တဲ့အပြင် ကြောင်လေးကိုအကြိမ်ပေါင်းများစွာနှိပ်စက်ခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါသေးတယ် ။ ကြောင်လေးရဲ့နားတစ်ဖက်မှာတော့ အကြိမ်ပေါင်းများစွာ ကိုက်ဖဲ့ခြင်းခံခဲ့ရတဲ့အတွက် အနည်းငယ်သာကျန်ရှိပါတော့တယ် ။

” နေ့တိုင်း တိရစ္ဆာန်ငယ်လေးတွေကို နှိပ်စက်တယ် ၊ သူ့ကိုပြန်ပြီး အန္တရာယ်မပြုနိုင်မဲ့ အကောင်လေးတွေကိုပေါ့ ၊ သက်ညာသနားစိတ်မရှိတဲ့ သူ့ရဲ့လုပ်ရပ်က စိတ်ပျက်စရာပါပဲ ” ဆိုပြီး တရားသူကြီးက ပြောဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ် ။

ယခုချိန်မှာတော့ ကြောင်လေးကို မိသားစုအသစ်မှပြန်လည်မွေးစားခဲ့ပြီး ၊ ကြောင်လေးကို တကယ့်စာနာသနားစိတ်နဲ့ကြည့်ရှုစောင့်ရှောက်နေလျက်ရှိပါတယ် ။ မျက်မြင်သက်သေရဲ့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့မှုကြောင့် ယခုလိုကြောင်လေးကိုကယ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment