ဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ့ႏွံ႔မႈမျဖစ္ေအာင္ မ်က္ႏွာကိုမထိဖို႔သတိေပးေနစဥ္ လက္ေခ်ာင္းကိုလ်ွာနဲ႔ျပန္လ်က္ျပခဲ့တဲ့ က်န္းမာေရးဝန္ႀကီး(႐ုပ္သံ)

ကမာၻ့အရပ္ရပ္မွာ႐ွိၾကတဲ့ သူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံႏွံေနမႈကို ေၾကာက္ရြံ႔ေနလ်က္႐ွိၾကၿပီး ပါးစပ္ ၊ ႏွာေခါင္း နဲ႔ မ်က္ႏွာေတြကို လက္ျဖင့္မပြတ္သပ္ၾကဖို႔ အခ်င္းခ်င္းသတိေပးေနၾကလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း က်န္းမာေရးဝန္ႀကီးတစ္ဦးဟာ က်န္းမာေရးနဲ႔ပက္သက္ၿပီး ေဆာင္ရန္ ၊ ေ႐ွာင္ရန္မ်ား ေျပာၾကားေနစဥ္ လူအမ်ားရဲ႕ေ႐ွ႕မွာ သူမ၏လက္ေခ်ာင္းကိုကိုယ္တိုင္လ်ွာနဲ႔ ျပန္လ်က္မိခဲ့ပါတယ္ ။

Sara Cody အမည္႐ွိတဲ့ California က က်န္းမာေရးဝန္ႀကီးတစ္ဦးဟာ လူအမ်ားေ႐ွ႕မွာ ” ဒီေန႔ကေနစၿပီးေတာ့ ကိုယ့္ရဲ႕မ်က္ႏွာကို ထိေတြ႔ကိုင္တြယ္ေနမႈကိုရပ္ပစ္သင့္ပါတယ္ ၊ ဘာလို႔လည္းဆိုေတာ့ ဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈရဲ႕ အဓိကအေၾကာင္းအရင္းက ကိုယ့္ရဲ႕ပါးစပ္ ၊ ႏွာေခါင္း နဲ႔ မ်က္လံုးေတြကို လက္နဲ႔ပြတ္သပ္ေနလို႔ပါပဲ ” ဆိုၿပီး ေဟာေျပာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေဟာေျပာၿပီး မၾကာခင္မွာပဲ သူမရဲ႕လက္ေခ်ာင္းကို လ်ွာနဲ႔လ်က္ခဲ့ပါေတာ့တယ္ ။

ျဖစ္စဥ္ကေတာ့ သူမဟာ စာရြက္ေတြကိုလွန္ဖို႔ သူမသတိမထားမိလိုက္ခ်ိန္မွာ အက်င့္ပါေနတဲ့ သူမရဲ႕လက္ေခ်ာင္းကိုလ်ွာနဲ႔လ်က္ၿပီး စာရြက္လွန္ခဲ့မိလို႔ပါပဲ ။ သူမကေတာ့ ေရာဂါကာကြယ္ဖို႔နဲ႔ တစ္ကိုယ္ေရသန္႔႐ွင္းစင္ၾကယ္ေနဖို႔ ေျပာဆိုေနရင္း သူမရဲ႕လုပ္ရပ္ေတြကို သတိမျပဳမိခဲ့ေပမဲ့လည္း လုပ္ရပ္တစ္ခုလံုးကိုေတာ့ video မွ ႐ိုက္ယူထားႏိုင္ခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကမ္ဘာ့အရပ်ရပ်မှာရှိကြတဲ့ သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံနှံနေမှုကို ကြောက်ရွံ့နေလျက်ရှိကြပြီး ပါးစပ် ၊ နှာခေါင်း နဲ့ မျက်နှာတွေကို လက်ဖြင့်မပွတ်သပ်ကြဖို့ အချင်းချင်းသတိပေးနေကြလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကျန်းမာရေးဝန်ကြီးတစ်ဦးဟာ ကျန်းမာရေးနဲ့ပက်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ ပြောကြားနေစဉ် လူအများရဲ့ရှေ့မှာ သူမ၏လက်ချောင်းကိုကိုယ်တိုင်လျှာနဲ့ ပြန်လျက်မိခဲ့ပါတယ် ။

Sara Cody အမည်ရှိတဲ့ California က ကျန်းမာရေးဝန်ကြီးတစ်ဦးဟာ လူအများရှေ့မှာ ” ဒီနေ့ကနေစပြီးတော့ ကိုယ့်ရဲ့မျက်နှာကို ထိတွေ့ကိုင်တွယ်နေမှုကိုရပ်ပစ်သင့်ပါတယ် ၊ ဘာလို့လည်းဆိုတော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုရဲ့ အဓိကအကြောင်းအရင်းက ကိုယ့်ရဲ့ပါးစပ် ၊ နှာခေါင်း နဲ့ မျက်လုံးတွေကို လက်နဲ့ပွတ်သပ်နေလို့ပါပဲ ” ဆိုပြီး ဟောပြောခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဟောပြောပြီး မကြာခင်မှာပဲ သူမရဲ့လက်ချောင်းကို လျှာနဲ့လျက်ခဲ့ပါတော့တယ် ။

ဖြစ်စဉ်ကတော့ သူမဟာ စာရွက်တွေကိုလှန်ဖို့ သူမသတိမထားမိလိုက်ချိန်မှာ အကျင့်ပါနေတဲ့ သူမရဲ့လက်ချောင်းကိုလျှာနဲ့လျက်ပြီး စာရွက်လှန်ခဲ့မိလို့ပါပဲ ။ သူမကတော့ ရောဂါကာကွယ်ဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်နေဖို့ ပြောဆိုနေရင်း သူမရဲ့လုပ်ရပ်တွေကို သတိမပြုမိခဲ့ပေမဲ့လည်း လုပ်ရပ်တစ်ခုလုံးကိုတော့ video မှ ရိုက်ယူထားနိုင်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment