Texas ျပည္နယ္ Port Arthur ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 24 ႏွစ္အရြယ္ D’Adrien Anderson အမည္႐ွိတဲ့ အမ်ိဳးသားဟာ Walmart ကုန္တိုက္႐ွိ ေရခဲေသတၱာထဲမွ ေရခဲမုန္႔ကိုယူၿပီးလ်ွာနဲ႔လ်က္ကာ ေနရာမွာျပန္တင္ထားခဲ့တဲ့ video ကို႐ိုက္ကူးၿပီး social media ေပၚမွာ ေဝမ်ွခဲ့လို႔ ေထာင္ဒဏ္ ရက္ေပါင္း 30 ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။ ထို႔အျပင္ ဒဏ္ေၾကးေငြ $1,000 ေပးေဆာင္ခဲ့ရတဲ့အျပင္ Blue Bell Creameries ဆိုတဲ့ ေရခဲမုန္ကုမၸဏီကိုလည္း နစ္နာမႈနဲ႔ ေရခဲ့ေသတၱာထဲမွ ေရခဲမုန္႔မ်ားအကုန္ဖယ္႐ွားပစ္ခဲ့ရတဲ့အတြက္ ေလ်ာ္ေၾကးေငြ $ 1565 ေပးေဆာင္ခဲ့ရပါတယ္ ။
လံုျခံဳေရးကင္မရာမွ ႐ိုက္ယူထားခဲ့တဲ့ ႐ုပ္သံ မွာေတာ့ အဆိုပါအမ်ိဳးသားဟာ လ်ွာနဲ႔လ်က္ခဲ့တဲ့ ေရခဲမုန္႔ဘူးကို ျပန္ဝယ္ယူသြားခဲ့ေပမဲ့လည္း သူ၏ social media ေပၚမွာ ေဝမ်ွထားခဲ့တဲ့ video မွာေတာ့ မပါ႐ွိခဲ့တဲ့အတြက္ ယခုလိုျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္ ။
အဆိုပါအမ်ိဳးသား၏ လုပ္ရပ္ဟာ ေရခဲမုန္႔ကို ဘယ္သူကမွမစားခ်င္ေတာ့ေလာက္ေအာင္ ေရခဲမုန္႔ကုမၸဏီရဲ႕ customer ေတြကိုေလ်ွာ့က်သြားေစခဲ့ၿပီး ၊ ေငြေရးေၾကးေရး အေျခအေနမ်ားကိုလည္း နစ္နာေစခဲ့ပါတယ္ ။ အဆိုပါလုပ္ရပ္မ်ိဳးကို အေပ်ာ္သေဘာလုပ္ၿပီး ေနာက္ေျပာင္က်ီစယ္ခဲ့ေပမဲ့လည္း ထုတ္ကုန္ေတြရဲ႕အက်ိဳးစီးပြားကို ပ်က္ဆီးေစတာမ်ိဳးျဖစ္ေစပါတယ္ ။
Jasmine (Mckzone Daily)
Source:Metro
Unicode
Texas ပြည်နယ် Port Arthur မြို့မှာနေထိုင်တဲ့ အသက် 24 နှစ်အရွယ် D’Adrien Anderson အမည်ရှိတဲ့ အမျိုးသားဟာ Walmart ကုန်တိုက်ရှိ ရေခဲသေတ္တာထဲမှ ရေခဲမုန့်ကိုယူပြီးလျှာနဲ့လျက်ကာ နေရာမှာပြန်တင်ထားခဲ့တဲ့ video ကိုရိုက်ကူးပြီး social media ပေါ်မှာ ဝေမျှခဲ့လို့ ထောင်ဒဏ် ရက်ပေါင်း 30 ချမှတ်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် ဒဏ်ကြေးငွေ $1,000 ပေးဆောင်ခဲ့ရတဲ့အပြင် Blue Bell Creameries ဆိုတဲ့ ရေခဲမုန်ကုမ္ပဏီကိုလည်း နစ်နာမှုနဲ့ ရေခဲ့သေတ္တာထဲမှ ရေခဲမုန့်များအကုန်ဖယ်ရှားပစ်ခဲ့ရတဲ့အတွက် လျော်ကြေးငွေ $ 1565 ပေးဆောင်ခဲ့ရပါတယ် ။
လုံခြုံရေးကင်မရာမှ ရိုက်ယူထားခဲ့တဲ့ ရုပ်သံ မှာတော့ အဆိုပါအမျိုးသားဟာ လျှာနဲ့လျက်ခဲ့တဲ့ ရေခဲမုန့်ဘူးကို ပြန်ဝယ်ယူသွားခဲ့ပေမဲ့လည်း သူ၏ social media ပေါ်မှာ ဝေမျှထားခဲ့တဲ့ video မှာတော့ မပါရှိခဲ့တဲ့အတွက် ယခုလိုပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။
အဆိုပါအမျိုးသား၏ လုပ်ရပ်ဟာ ရေခဲမုန့်ကို ဘယ်သူကမှမစားချင်တော့လောက်အောင် ရေခဲမုန့်ကုမ္ပဏီရဲ့ customer တွေကိုလျှော့ကျသွားစေခဲ့ပြီး ၊ ငွေရေးကြေးရေး အခြေအနေများကိုလည်း နစ်နာစေခဲ့ပါတယ် ။ အဆိုပါလုပ်ရပ်မျိုးကို အပျော်သဘောလုပ်ပြီး နောက်ပြောင်ကျီစယ်ခဲ့ပေမဲ့လည်း ထုတ်ကုန်တွေရဲ့အကျိုးစီးပွားကို ပျက်ဆီးစေတာမျိုးဖြစ်စေပါတယ် ။
Jasmine (Mckzone Daily)