ခ်စ္သူက လက္ေဆာင္ေပးထားတဲ့အက်ႌကို အစ္ကိုျဖစ္သူကယူဝတ္ခဲ့လို႔ သတ္ပစ္ၿပီး အေလာက္ေဖ်ာက္ပစ္ခဲ့တဲ့အမ်ိဳးသား

အဆိုပါထိတ္လန္႔ဖို႔ေကာင္းလြန္းတဲ့ လူသတ္မႈကို မတ္လ 8 ရက္ေန႔ကမွ ေဖာ္ထုတ္ႏိုင္ခဲ့တာျဖစ္ၿပီး ညီအစ္ကိုႏွစ္ေယာက္အတူတူေနထိုင္းရင္းကေန ရန္ျဖစ္စကားမ်ားခဲ့ၿပီးေနာက္ လူသတ္မႈအထိ က်ဴ းလြန္မိခဲ့တာျဖစ္ပါတယ္ ။ အသက္ 34 ႏွစ္အရြယ္အမ်ိဳးသားရဲ႕ ႐ုပ္အေလာင္းကိုေတာ့ မနက္ခင္း 7နာရီအခ်ိန္မွာ ဘိလပ္ေျမေတြနဲ႔ျပည့္နက္ေနတဲ့ စည္ပိုင္းထဲမွာေတြ႕႐ွိခဲ့တာျဖစ္ပါတယ္ ။ လူသတ္မႈကေတာ့ ၿပီးခဲ့တဲ့ မတ္လ 6 ရက္ေန႔ကျဖစ္ပ်က္ခဲ့တာလို႔ ယူဆရၿပီး အဆိုပါလူသတ္မႈကိုေတာ့ တရားခံအိပ္စက္ေနစဥ္အခ်ိန္မွာ အျခားအစ္ကိုေတာ္စပ္သူတစ္ဦးက တိုင္ၾကားခဲ့တာျဖစ္ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ ေသဆံုးသြားသူမွာအလုပ္လက္မဲ့ျဖစ္ၿပီး ၊ အသက္ 25 ႏွစ္အရြယ္ ညီျဖစ္သူမွာေတာ့ ၾကက္ေၾကာ္ေရာင္းရင္း အိမ္အတြက္ဝင္ေငြ႐ွာေဖြေပးေနရသူျဖစ္ပါတယ္ ။ ထို႔အျပင္ အေစာပိုင္းစစ္ေဆးမႈအရ ေသဆံုးသြားသူမွာ ညီျဖစ္သူရဲ႕ခ်စ္သူေကာင္မေလးေပးထားတဲ့အက်ႌကို အျမဲဝတ္ေနလို႔ ညီအစ္ကိုခ်င္းစကားမ်ားရင္းကေန လူသတ္မႈျဖစ္ခဲ့ရတာပါ ။ ေသဆံုးခဲ့တဲ့အစ္ကိုျဖစ္သူဟာ ေဆးစြဲေနခဲ့တဲ့အျပင္ အိမ္႐ွိမိသားစုဝင္ေတြကိုအျမန္ရန္႐ွာေနခဲ့သူလည္းျဖစ္ပါတယ္ ။ ရန္ျဖစ္စကားမ်ားေနစဥ္ အစ္ကိုျဖစ္သူက ဓား႐ွည္ကိုကိုင္စြဲထားခဲ့ၿပီး ညီျဖစ္သူကအဆိုပါဓား႐ွည္ကို လုယူရင္းကေန အစ္ကိုျဖစ္သူရဲ႕လည္မ်ိဳကို ဓား႐ွည္ႏွင့္ျဖတ္မိခဲ့ၿပီးေနာက္ အစ္ကိုျဖစ္သူက အခင္းျဖစ္ပြားရာေနရာမွာတင္ ခ်က္ခ်င္းေသဆံုးသြားခဲ့ရပါတယ္ ။

ညီျဖစ္သူကေတာ့ အဆိုပါစည္ပိုင္းထဲမွာ ဘိလပ္ေျမေတြနဲ႔ေလာင္းထည့္ထားတဲ့အစ္ကိုျဖစ္သူရဲ႕ ႐ုပ္အေလာင္းကိုျမစ္ေခ်ာင္းအတြင္းသို႔ စြန္႔ပစ္ခဲ့ဖို႔စီစဥ္ခဲ့ေပမဲ့လည္း အစ္ကိုျဖစ္သူကိုသတ္မိလို႔ လိပ္ျပာမလံုးျဖစ္ရင္းကေန မိသားစုဝင္ေတြကို ေျပာျပခဲ့မိတာျဖစ္ပါတယ္ ။ အဆိုပါအျဖစ္ကိုေတာ့ ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အဆိုပါထိတ်လန့်ဖို့ကောင်းလွန်းတဲ့ လူသတ်မှုကို မတ်လ 8 ရက်နေ့ကမှ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ညီအစ်ကိုနှစ်ယောက်အတူတူနေထိုင်းရင်းကနေ ရန်ဖြစ်စကားများခဲ့ပြီးနောက် လူသတ်မှုအထိ ကျူ းလွန်မိခဲ့တာဖြစ်ပါတယ် ။ အသက် 34 နှစ်အရွယ်အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ မနက်ခင်း 7နာရီအချိန်မှာ ဘိလပ်မြေတွေနဲ့ပြည့်နက်နေတဲ့ စည်ပိုင်းထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ လူသတ်မှုကတော့ ပြီးခဲ့တဲ့ မတ်လ 6 ရက်နေ့ကဖြစ်ပျက်ခဲ့တာလို့ ယူဆရပြီး အဆိုပါလူသတ်မှုကိုတော့ တရားခံအိပ်စက်နေစဉ်အချိန်မှာ အခြားအစ်ကိုတော်စပ်သူတစ်ဦးက တိုင်ကြားခဲ့တာဖြစ်ပါတယ် ။

ရဲအရာရှိတွေရဲ့ပြောကြားချက်အရ သေဆုံးသွားသူမှာအလုပ်လက်မဲ့ဖြစ်ပြီး ၊ အသက် 25 နှစ်အရွယ် ညီဖြစ်သူမှာတော့ ကြက်ကြော်ရောင်းရင်း အိမ်အတွက်ဝင်ငွေရှာဖွေပေးနေရသူဖြစ်ပါတယ် ။ ထို့အပြင် အစောပိုင်းစစ်ဆေးမှုအရ သေဆုံးသွားသူမှာ ညီဖြစ်သူရဲ့ချစ်သူကောင်မလေးပေးထားတဲ့အင်္ကျီကို အမြဲဝတ်နေလို့ ညီအစ်ကိုချင်းစကားများရင်းကနေ လူသတ်မှုဖြစ်ခဲ့ရတာပါ ။ သေဆုံးခဲ့တဲ့အစ်ကိုဖြစ်သူဟာ ဆေးစွဲနေခဲ့တဲ့အပြင် အိမ်ရှိမိသားစုဝင်တွေကိုအမြန်ရန်ရှာနေခဲ့သူလည်းဖြစ်ပါတယ် ။ ရန်ဖြစ်စကားများနေစဉ် အစ်ကိုဖြစ်သူက ဓားရှည်ကိုကိုင်စွဲထားခဲ့ပြီး ညီဖြစ်သူကအဆိုပါဓားရှည်ကို လုယူရင်းကနေ အစ်ကိုဖြစ်သူရဲ့လည်မျိုကို ဓားရှည်နှင့်ဖြတ်မိခဲ့ပြီးနောက် အစ်ကိုဖြစ်သူက အခင်းဖြစ်ပွားရာနေရာမှာတင် ချက်ချင်းသေဆုံးသွားခဲ့ရပါတယ် ။

ညီဖြစ်သူကတော့ အဆိုပါစည်ပိုင်းထဲမှာ ဘိလပ်မြေတွေနဲ့လောင်းထည့်ထားတဲ့အစ်ကိုဖြစ်သူရဲ့ ရုပ်အလောင်းကိုမြစ်ချောင်းအတွင်းသို့ စွန့်ပစ်ခဲ့ဖို့စီစဉ်ခဲ့ပေမဲ့လည်း အစ်ကိုဖြစ်သူကိုသတ်မိလို့ လိပ်ပြာမလုံးဖြစ်ရင်းကနေ မိသားစုဝင်တွေကို ပြောပြခဲ့မိတာဖြစ်ပါတယ် ။ အဆိုပါအဖြစ်ကိုတော့ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment