မိန်းကလေးတစ်ယောက်ထဲဆိုပြီး ကားပေါ်ကနေဆင်းကာအပြစ်ရှာဆဲဆိုခဲ့တဲ့ အမျိုးသားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတစ်ချို့က မိန်းမငယ်လေးတွေတစ်ယောက်တည်း ကားမောင်းနေမယ်ဆိုရင် စချင် ၊ နောက်ချင်ကြပြီး အချို့ဆိုရင်တော့ ရန်ရှာဆဲဆိုပြီး နှောက်ယှက်ချင်ကြပါတယ် ။ အချို့ဆိုရင်လည်း လမ်းကျပ်လွန်းတဲ့နေရာတွေမှာဆိုရင် စိတ်မရှည်လို့ဆိုပြီး ဒေါသရှေ့ထားပြီး ရန်ရှာတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ စိတ်ရှည်သည်းခံမှုမရှိဘဲ လမ်းမပေါ်မှာ အခြားကားတစ်စီးမှ မိန်းမငယ်လေးတစ်ယောက်ကို အပြစ်တင်ရန်ရှာခဲ့လို့ 4ရက်ကြာသည်အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ အသက် 22. နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးဟာ ကားမောင်းနေစဉ် အသက် 61 နှစ်အရွယ် အမျိုးသားကြီးတစ်ယောက်က ကားနှင့်ဘေးချင်းကပ်လိက်လိုက်ပါလာပြီး လက်ဟန်အမူအယာတွေနဲ့ ကောင်မလေးကိုဆဲဆိုခဲ့ပါတယ် ။ ထို့နောက် မကြာခင်မှာပဲ သူ၏ကားကို ကောင်မလေးရဲ့ကားရှည့်တည့်တည့်ပိတ်ရပ်ပြီး ကားပေါ်ကနေဆင်လာကာ ကောင်းမလေးရဲ့ကားပုတင်းပေါက်ကို အတင်းဖွင့်ခိုင်းခဲ့ပါတယ် ။ ထို့နောက် စိတ်ဆိုးဒေါသထွက်ပြီး ကားမှန်တံခါးပေါ် တံတွေးထွေးချပစ်ခဲ့တဲ့အပြင် သူမရဲ့ကား ဘတ်မှန်ကိုပါရိုက်ချိုးပစ်ခဲ့ပါသေးတယ် ။

ကောင်မလေးကတော့ အကြောင်းမဲ့အပြစ်တင်ရန်ရှာခံခဲ့ရတဲ့အဖြစ်အပျက်ကို video ရိုက်ကူးထားပြီး ချက်ချင်းပဲရဲစခန်းသို့တိုင်ကြားခဲ့ပါတယ် ။ အဆိုပါအမျိုးသားမှာတော့ သူ၏လုပ်ရပ်အတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှုအတွက် 4ရက်ခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment