ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကြောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေကို တိုက်အမြင့်ပေါ်တွေကနေပစ်ချပြီး သတ်ပစ်ခဲ့မှုများတိုးပွားလာလျက်ရှိနေ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံမှုဟာဆိုရင် တစ်ကမ္ဘာလုံးအထိ ကူးစက်ပျံ့နှံ့နိုင်တဲ့ အနေအထားသို့ရောက်ရှိလာလျက်ရှိတဲ့အတွက် လူအများစုက အတော်လေးကို စိုးရိမ်ပူပန်နေလျက်ရှိပါတယ် ။ ဒါ့အပြင် mask တွေကလည်း ရောင်းလို့မလောက်တော့လောက်အောင်ကို ဖြစ်ပျက်နေခဲ့ပြီး ၊ နောက်ပိုင်းအိမ်မွေးတိရစ္ဆာန်လေးတွေဆီကပါ ရောဂါကူးစက်နိုင်တာမျိုးဖြစ်နိုင်ကြောင်း ပညာရှင်တွေက ကြေညာလာခဲ့တဲ့အတွက် လူတွေရဲ့ကြောက်လန့်မှုကို ပိုဆိုးလာစေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Hong Kong မှာနေထိုင်ကြတဲ့သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှာကြောက်ပြီး ၎င်းတို့နေထိုင်တဲ့တိုက်ခန်းအမြင့်ကနေ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်တွေကိုယ်တိုင်ကပစ်ချပြီး သတ်ပစ်ခဲ့မှုများဖြစ်ပွားနေလျက်ရှိပါတယ် ။

တစ်ရက်ထဲမှာတင် အိမ်မွေးတိရစ္ဆာန်များဖြစ်ကြတဲ့ ကြောင် ၊ ယုန် ၊ ပူး ၊ ကြက်တူရွေး နဲ့ အခြားတိရစ္ဆာန်များ စုစုပေါင်း 25 ကောင်ခန့်ဟာ တိုက်တန်းအဆောက်အအုံတစ်ခုတည်းကနေ ပစ်ချပြီး စွန့်ပစ်သတ်ပစ်ခြင်းမျိုးခံခဲ့ရတာပါ ။ အဆိုပါအဖြစ်အပျက်ကိုတော့ ယာဉ်ရပ်နားရာနေရာသို့ လှည့်ပတ်ကြည့်ရှုခဲ့တဲ့ လုံခြုံရေးဝန်ထမ်းကစပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

အဆိုပါ တိရစ္ဆာန်လေးတွေထဲမှ ကြောင် 5 ကောင် နှင့် Chinchilla 5 ကောင်သာ ဒဏ်ရာများစွာနှင့်အသက်ရှင်ကျန်ရစ်ခဲ့ပြီး ၊ ကုသမှုအတွက် ဆေးခန်းသို့ပို့ဆောင်ထားလျက်ရှိကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အိမ်မွေးအကောင်ကနေလူတွေဆီ ကူးစက်ခံရတဲ့အဖြစ်မျိုးတော့ မတွေ့ရသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment