အသက် 73 နှစ်အရွယ်မှ ရောဂါခံစားနေရပြီး ကုသဖို့မတတ်နိုင်တော့လို့ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ အဘိုးအို




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောသူတွေက တစ်စုံတစ်ယောက်ဒုက္ခရောက်နေခဲ့ရင် ကိုယ်နဲ့မဆိုင်တဲ့သူစိမ်းဖြစ်နေရင်တောင်မှ ရပ်မကြည့်ဘဲ ကူညီတတ်ကြပါတယ် ။ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ 7 ရက်နေ့က မလေးရှားနိုင်ငံမှာရှိတဲ့ Muar Bridge လို့ခေါ်တဲ့ တံတားတစ်ခုပေါ်မှာ အသက် 73 နှစ်အရွယ်အဘိုးအိုဟာ ကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးပမ်းခဲ့ပါတယ် ။ အဘိုးအိုကတော့ အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ရောဂါဖြစ်ခဲ့ပြီး ၊ ကုသဖို့အတွက် ငွေရေးကြေးရေးအဆင်မပြေလို့ နောက်ဆုံးကိုယ့်ကိုသာ အဆုံးစီရင်ပစ်ဖို့ကြိုးစားခဲ့ခြင်းဖြစ်ပါတယ် ။

သို့ပေမဲ့ အဆိုပါအဖြစ်အပျက်တစ်ခုလုံးကိုတွေ့မြင်ခဲ့တဲ့ ဆိုင်ကယ်သမားတစ်ဦးကတော့ ဆိုင်ကယ်ပေါ်ကနေအမြန်ပြေးဆင်းပြီး တံတားရဲ့အစွန်းဖက်မှာရပ်နေခဲ့တဲ့အဘိုးအိုကို ဖြောင်းဖြပြီးသွားရောက်ဆွဲခေါ်ခဲ့ပါတယ် ။

အရေးပေါ်ကူညီကယ်ဆယ်တဲ့အဖွဲ့တွေရောက်ရှိလာချိန်မှာတော့ ဆိုင်ကယ်သမားကောင်လေးဟာ အဘိုးအိုကိုဖျောင်းဖျပြီး ကိုယ့်ကိုအဆုံးစီရင်မှုကတော့ ကယ်တင်ခဲ့ပြီးဖြစ်ပါတယ် ။ ထို့နောက် အဘိုးအိုကို နီးစပ်ရာဆေးရုံသို့ ကုသဖို့အတွက် ပို့ဆောင်ပေးခဲ့ကြပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် လူအများစုက ယခုလိုကိုယ်ချင်းစာစိတ်နဲ့ အခြားလူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေခဲ့တဲ့ ကောင်လေးရဲ့ လုပ်ရပ်ကိုအတော်လေးချီးမွှမ်းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အသက် 73 နှစ်အရွယ်မှ ရောဂါခံစားနေရပြီး ကုသဖို့မတတ်နိုင်တော့လို့ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*