လည္ပင္မွာရစ္ပတ္ေနတဲ့ သံႀကိဳးေတြကိုျဖဳတ္ေပးဖို႔ လူေတြဆီလာေရာက္အကူအညီေတာင္းခဲ့တဲ့ သစ္ကုလားအုတ္ရဲ႕အျဖစ္

လူေတြေၾကာင့္ ဒုကၡေရာက္ခဲ့ရတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြလည္း မေရမတြက္ႏိုင္ေအာင္႐ွိပါတယ္ ။ မၾကာေသးခင္ကမွ Taiwan EBC News အဖြဲ႔ဟာ အာဖရိကသို႔သြားေရာက္ၿပီး အစီအစဥ္တစ္ခု႐ိုက္ကူးေရးလုပ္ေနတုန္း ရင္နင့္ဖြယ္အျဖစ္အပ်က္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ Bai Xinyi အမည္႐ွိတဲ့ အစီအစဥ္မႉးက အဆိုပါအျဖစ္အပ်က္ကိုသူ႔ရဲ႕ social media ေပၚမွာေဝမ်ွေပးခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သစ္ကုလားအုတ္တစ္ေကာင္ဟာ တရားမဝင္ေတာလိုက္မုဆိုးေတြရဲ႕ေထာင္ေခ်ာက္မွာ မိၿပီးေနာက္ သူ၏လည္ပင္မွာသံႀကိဳးပတ္လ်က္ျဖင့္ အသက္႐ႈက်ပ္ေနခဲ့တဲ့အျဖစ္မ်ိဳး ျဖစ္ပ်က္ေနခဲ့တာပါ ။

သူမရဲ႕ေျပာျပခ်က္အရ ” သစ္ကုလာအုတ္တစ္ေကာင္က ကြၽန္မတို႔ရဲ႕ကားေ႐ွ႕မွာ ပိတ္ရပ္ေနခဲ့ၿပီး သူ႔ရဲ႕မ်က္ရည္ေတြကိုလည္း ကြၽန္မျမင္ေနရပါတယ္ ၊ ကြၽန္မတို႔အေတာ္ေလးစဥ္းစားမရျဖစ္ၿပီး အနီးကပ္ၾကည့္လိုက္ခ်ိန္မွာေတာ့ သစ္ကုလားအုတ္ရဲ႕လည္ပင္မွာ သံႀကိဳးေတြနဲ႔ပတ္လ်က္ခ်ည္ေႏွာင္ေနခဲ့တာပါ ၊ ကြၽန္မထင္တာေတာ့ သူကြၽန္မတို႔ဆီက အကူအညီလိုေနခဲ့တာပါ ” ဆိုၿပီး သူမရဲ႕အေတြ႔အၾကံဳကိုေျပာျပခဲ့ပါတယ္ ။ လူအမ်ားစုကေတာ့ သစ္ကုလားအုတ္ေတြဟာ အျခားသားရဲတိရစာၦန္ေတြလို လူေတြရဲ႕အႏၱရာယ္ေပးျခင္းမခံရဘူးလို႔ ထင္ရေပမဲ့လည္း ႏွစ္ 30 အတြင္ သူတို႔ရဲ႕အေကာင္ေရတိုးပြားမႈဟာ 50 % အထိ ေလ်ာ့က်သြားခဲ့ပါတယ္ ။ ထို႔အျပင္ သစ္ကုလားအုတ္ရဲ႕႐ိုးတြင္းျခင္ဆီနဲ႔ ဦးေႏွာက္ေတြဟာ HIV နဲ႔ AIDS ေရာဂါကို ကုသေပးႏိုင္တယ္ဆိုၿပီး ယံုၾကည္ၿပီး လူေတြရဲ႕ အစားအစာအေနနဲ႔ စားေသာက္လာခဲ့ၾကလို႔ပါပဲ ။

ျဖစ္စဥ္ကေတာ့ သစ္ကုလာအုတ္ေတြဟာ သစ္ပင္အျမင့္ကေန အရြက္ေတြကိုစားဖို႔ ခ်ဥ္းကပ္သြားတုန္း မုဆိုးေတြရဲ႕ေထာင္ေခ်ာက္ျဖစ္တဲ့ သံႀကိဳးေတြမွာ ၎တို႔ရဲ႕လည္ပင္ဟာ ရစ္ပတ္မိသြားခဲ့တာပါ ။ ဒါေၾကာင့္ သစ္ကုလာအုတ္ေတြဟာ အသက္႐ႈၾကပ္ၿပီး ေသဆံုးၾကရတာပါ ။ သို႔ေပမဲ့လည္း ဒီသစ္ကုလာအုတ္ေလးကိုေတာ့ အဆိုပါ႐ုပ္သံအဖြဲ႔ကေတြ႔႐ွိၿပီး ကယ္တင္ေပးႏိုင္ခဲ့ေပမဲ့လည္း အျခားေသာ သစ္ကုလာအုတ္ေတြဟာလည္း အလာတူအျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ေနရမွာျဖစ္ၿပီး အႏၱရာယ္ကေနလြတ္ေျမာက္ဖို႔ကေတာ့ အေတာ္ေလးခက္ခဲၾကမွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ တောရိုင်းတိရစ္ဆာန်တွေလည်း မရေမတွက်နိုင်အောင်ရှိပါတယ် ။ မကြာသေးခင်ကမှ Taiwan EBC News အဖွဲ့ဟာ အာဖရိကသို့သွားရောက်ပြီး အစီအစဉ်တစ်ခုရိုက်ကူးရေးလုပ်နေတုန်း ရင်နင့်ဖွယ်အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ Bai Xinyi အမည်ရှိတဲ့ အစီအစဉ်မှူးက အဆိုပါအဖြစ်အပျက်ကိုသူ့ရဲ့ social media ပေါ်မှာဝေမျှပေးခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သစ်ကုလားအုတ်တစ်ကောင်ဟာ တရားမဝင်တောလိုက်မုဆိုးတွေရဲ့ထောင်ချောက်မှာ မိပြီးနောက် သူ၏လည်ပင်မှာသံကြိုးပတ်လျက်ဖြင့် အသက်ရှုကျပ်နေခဲ့တဲ့အဖြစ်မျိုး ဖြစ်ပျက်နေခဲ့တာပါ ။

သူမရဲ့ပြောပြချက်အရ ” သစ်ကုလာအုတ်တစ်ကောင်က ကျွန်မတို့ရဲ့ကားရှေ့မှာ ပိတ်ရပ်နေခဲ့ပြီး သူ့ရဲ့မျက်ရည်တွေကိုလည်း ကျွန်မမြင်နေရပါတယ် ၊ ကျွန်မတို့အတော်လေးစဉ်းစားမရဖြစ်ပြီး အနီးကပ်ကြည့်လိုက်ချိန်မှာတော့ သစ်ကုလားအုတ်ရဲ့လည်ပင်မှာ သံကြိုးတွေနဲ့ပတ်လျက်ချည်နှောင်နေခဲ့တာပါ ၊ ကျွန်မထင်တာတော့ သူကျွန်မတို့ဆီက အကူအညီလိုနေခဲ့တာပါ ” ဆိုပြီး သူမရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ် ။ လူအများစုကတော့ သစ်ကုလားအုတ်တွေဟာ အခြားသားရဲတိရစ္ဆာန်တွေလို လူတွေရဲ့အန္တရာယ်ပေးခြင်းမခံရဘူးလို့ ထင်ရပေမဲ့လည်း နှစ် 30 အတွင် သူတို့ရဲ့အကောင်ရေတိုးပွားမှုဟာ 50 % အထိ လျော့ကျသွားခဲ့ပါတယ် ။ ထို့အပြင် သစ်ကုလားအုတ်ရဲ့ရိုးတွင်းခြင်ဆီနဲ့ ဦးနှောက်တွေဟာ HIV နဲ့ AIDS ရောဂါကို ကုသပေးနိုင်တယ်ဆိုပြီး ယုံကြည်ပြီး လူတွေရဲ့ အစားအစာအနေနဲ့ စားသောက်လာခဲ့ကြလို့ပါပဲ ။

ဖြစ်စဉ်ကတော့ သစ်ကုလာအုတ်တွေဟာ သစ်ပင်အမြင့်ကနေ အရွက်တွေကိုစားဖို့ ချဉ်းကပ်သွားတုန်း မုဆိုးတွေရဲ့ထောင်ချောက်ဖြစ်တဲ့ သံကြိုးတွေမှာ ၎င်းတို့ရဲ့လည်ပင်ဟာ ရစ်ပတ်မိသွားခဲ့တာပါ ။ ဒါကြောင့် သစ်ကုလာအုတ်တွေဟာ အသက်ရှုကြပ်ပြီး သေဆုံးကြရတာပါ ။ သို့ပေမဲ့လည်း ဒီသစ်ကုလာအုတ်လေးကိုတော့ အဆိုပါရုပ်သံအဖွဲ့ကတွေ့ရှိပြီး ကယ်တင်ပေးနိုင်ခဲ့ပေမဲ့လည်း အခြားသော သစ်ကုလာအုတ်တွေဟာလည်း အလာတူအဖြစ်မျိုးနဲ့ကြုံတွေ့နေရမှာဖြစ်ပြီး အန္တရာယ်ကနေလွတ်မြောက်ဖို့ကတော့ အတော်လေးခက်ခဲကြမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment