Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
Online Shopping ကနေမှားယွင်းပြီး နာမည်ကြီးပစ္စည်းတွေကို သိန်းရာကျော်ဝယ်ယူခဲ့တဲ့ ကလေးငယ်
တရုတ်နိုင်ငံ Beijing မြို့မှာရှိတဲ့ 6နှစ်အရွယ်ကောင်လေးဟာ online shopping ကနေမှားယွင်းပြီး ဖခင်ရဲ့ ဈေးဝယ်ကပ်နဲ့ 70,000 yuan (မြန်မာငွေ သိန်းတစ်ရာကျော်) ဖိုး ပစ္စည်းဝယ်ယူခဲ့မိပါတယ် ။ဖခင်ဖြစ်သူဟာ ဇနီးသည်အတွက်မွေးနေ့လက်ဆောင်ဝယ်ပေးရန် shopping app ကနေရှာကြည့်နေရင်း နောက်ပိုင်းမှကြည့်မယ်ဆိုပြီး သူ၏ဈေးဝယ်ကပ်ကို ဖြည့်ထားခဲ့ပါတယ် ။ဖခင်ဖြစ်သူမှာတော့ brand ပေါင်းစုံကပစ္စည်းဘူးလေးတွေ တံခါးပေါက်ရှေ့ရောက်လာခဲ့ချိန်မှာတော့ တော်တော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ဝယ်ယူမိတဲ့ ပစ္စည်းတွေထဲမှာတော့ လက်စွပ် ၊ နှုတ်ခမ်းနီ နှင့် အိတ်များ အစရှိသောနာမည်ကြီးတံဆိပ်များနှင့် ဘူးလေးတွေနဲ့ပစ္စည်းတွေများစွာရောက်ရှိလာခဲ့တဲ့အတွက် ဧည့်ခန်းတောင်မဆံ့တော့လောက်အောင်ဖြစ်ခဲ့ရပါတယ် ။ဖခင်ဖြစ်သူမှာတော့ အမြန်ချောပို့နဲ့အိမ်သို့ရောက်လာတဲ့ပစ္စည်းတွေရှေ့မှာထိုင်နေတဲ့သားလေးရဲ့ ဓာတ်ပုံကို social media ပေါ်တင်ခဲ့ပြီး shopping app သုံးတဲ့အချိန်မှာ ခြိုးခြံချွေတာနိုင်ဖို့အတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုဆိုပြီးတော့လည်း သူ၏အဖြစ်အပျက်ကိုဝေမျှသွားခဲ့ပါသေးတယ် ။
ဇနီးဖြစ်သူဟာ အစပိုင်းမှာတော့ ခင်ပွန်းဖြစ်သူကို သဘောထားကြီးပြီးစေတနာကောင်းတယ်လို့ထင်ပြီး ပျော်ရွှင်နေခဲ့ပေမဲ့ နောက်ပိုင်းသားဖြစ်သူ၏ သိန်းရာကျော် သုံးဖြုန်းထားမှုကိုသိရှိပြီးသွားချိန်မှာတော့ ပစ္စည်းတွေကိုငွေပြန်အမ်းခိုင်းခဲ့ပါတယ် ။ဖခင်ဖြစ်သူမှာတော့ ပစ္စည်းအချို့ကို ဇနီးသည်နှင့် သားဖြစ်သူတို့အတွက်လက်ဆောင်အနေဖြင့်ချန်ထားခဲ့ပေမဲ့ အများစုကိုတော့အပိုကြေးပေးဆောင်မှုမရှိဘဲ ပစ္စည်းပြန်သွင်းနိုင်ခဲ့ပါတယ် ။သားဖြစ်သူမှာတော့ ဖခင်၏shopping app ကိုစိတ်လွတ်ကိုယ်လွတ်အသုံးပြုခဲ့တဲ့ပြစ်ဒဏ်အနေနဲ့ အိမ်စာကိုအခေါက် 300 ပြန်ကူးရေးခိုင်းခဲ့ပါတယ် ။ သေချာတာကတော့ သားဖြစ်သူဟာနောက်ပိုင်မှာဖခင်ဖြစ်သူ၏ဖုန်းကို ယူဆော့တော့မည်မဟုတ်ပါ ။
Jasmine (Mckzone Daily)
Source: worldofbuzz
Be the first to comment on "Online Shopping ကနေမှားယွင်းပြီး နာမည်ကြီးပစ္စည်းတွေကို သိန်းရာကျော်ဝယ်ယူခဲ့တဲ့ ကလေးငယ်"