မသန္မစြမ္းျဖစ္ေနတဲ့ ဖခင္ကိုအျမဲျပဳစုေစာင့္ေ႐ွာက္ၿပီး ငယ္ဘဝနဲ႔ေက်ာင္းစာကိုလစ္လ်ဴ ႐ႈခဲ့ရတဲ့ 11ႏွစ္အရြယ္ သမီးေလး

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ကေလးမေလးရဲ႕လုပ္ရပ္ေတြဟာဆိုရင္ မေလးစားပဲမေနႏိုင္ေတာ့ေလာက္ေအာင္ပါပဲ ။ ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 11 ႏွစ္အရြယ္ Marie Roga. အမည္႐ွိတဲ့ကေလးမေလးဟာ အျခားကေလးေတြလို စာေပေလ့လာသင္ယူမႈေတြမွာ အားစိုက္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ရတာမ်ိဳးမ႐ွိဘဲ သူမရဲ႕တစ္ေန႔တာဟာ မက်န္းမမာျဖစ္ေနတဲ့ဖခင္ျဖစ္သူက ျပဳစုေစာင့္ေ႐ွာက္ရင္းအခ်ိန္ကုန္ေနခဲ့ရပါတယ္ ။ ဖခင္ျဖစ္သူဟာ ကိုယ္လက္မလႈပ္႐ွားႏိုင္ ၊ စကားမေျပာဆိုႏိုင္ျဖစ္ေနခဲ့ၿပီး လိုအပ္ခ်က္မ်ားအားလံုးကို သူမကသာျဖည့္ဆည္းေပးေနခဲ့ရတာပါ ။

ထို႔ေၾကာင့္ သူမဟာေက်ာင္းပညာေရးမွာ အျခားသူေတြထက္ကို အေတာ္ေလးေနာက္က်ေနခဲ့တဲ့အျပင္ ဖခင္ကို ဝီး႐ွဲေပၚတင္ၿပီး မိခင္ျဖစ္သူအလုပ္လုပ္ရာေနရာသို႔ အျမဲပို႔ေဆာင္ေပးတဲ့တာဝန္ကိုလည္း လံုးဝပ်က္လက္ေလ့မ႐ွိခဲ့ပါဘူး ။

သူမရဲ႕အျဖစ္ကို Facebook စာမ်က္ႏွာကေနေဝမ်ွခဲ့ခ်ိန္မွာေတာ့ လူအမ်ားကသူမရဲ႕လုပ္ရပ္ကို အေတာ္ေလးေလးစားၾကၿပီး ၊ သူမရဲ႕အနာဂတ္မွာ အဆင္ေျပေခ်ာေမြ႔ဖို႔အတြက္လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္ ။ ထို႔အျပင္ သူမတို႔မိသားစုအတြက္ အျခားေသာလႉဒါန္းေငြမ်ားရ႐ွိေအာင္လည္း အခ်ိဳ႕ေသာသူမ်ားက သူမရဲ႕ဖခင္ျဖစ္သူကို ျပဳစုေနခဲ့တဲ့ ဓာတ္ပံုေတြကို ေဝမ်ွေပးခဲ့ၾကပါတယ္ ။ သူမဟာ ငယ္ရြယ္လြန္းေပမဲ့လည္း မိဘကို မျငိဳမျငင္ပဲ ခ်စ္ျမတ္ႏိုးလြန္းတဲ့ စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးမလေးရဲ့လုပ်ရပ်တွေဟာဆိုရင် မလေးစားပဲမနေနိုင်တော့လောက်အောင်ပါပဲ ။ ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ အသက် 11 နှစ်အရွယ် Marie Roga. အမည်ရှိတဲ့ကလေးမလေးဟာ အခြားကလေးတွေလို စာပေလေ့လာသင်ယူမှုတွေမှာ အားစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ရတာမျိုးမရှိဘဲ သူမရဲ့တစ်နေ့တာဟာ မကျန်းမမာဖြစ်နေတဲ့ဖခင်ဖြစ်သူက ပြုစုစောင့်ရှောက်ရင်းအချိန်ကုန်နေခဲ့ရပါတယ် ။ ဖခင်ဖြစ်သူဟာ ကိုယ်လက်မလှုပ်ရှားနိုင် ၊ စကားမပြောဆိုနိုင်ဖြစ်နေခဲ့ပြီး လိုအပ်ချက်များအားလုံးကို သူမကသာဖြည့်ဆည်းပေးနေခဲ့ရတာပါ ။

ထို့ကြောင့် သူမဟာကျောင်းပညာရေးမှာ အခြားသူတွေထက်ကို အတော်လေးနောက်ကျနေခဲ့တဲ့အပြင် ဖခင်ကို ဝီးရှဲပေါ်တင်ပြီး မိခင်ဖြစ်သူအလုပ်လုပ်ရာနေရာသို့ အမြဲပို့ဆောင်ပေးတဲ့တာဝန်ကိုလည်း လုံးဝပျက်လက်လေ့မရှိခဲ့ပါဘူး ။

သူမရဲ့အဖြစ်ကို Facebook စာမျက်နှာကနေဝေမျှခဲ့ချိန်မှာတော့ လူအများကသူမရဲ့လုပ်ရပ်ကို အတော်လေးလေးစားကြပြီး ၊ သူမရဲ့အနာဂတ်မှာ အဆင်ပြေချောမွေ့ဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။ ထို့အပြင် သူမတို့မိသားစုအတွက် အခြားသောလှူဒါန်းငွေများရရှိအောင်လည်း အချို့သောသူများက သူမရဲ့ဖခင်ဖြစ်သူကို ပြုစုနေခဲ့တဲ့ ဓာတ်ပုံတွေကို ဝေမျှပေးခဲ့ကြပါတယ် ။ သူမဟာ ငယ်ရွယ်လွန်းပေမဲ့လည်း မိဘကို မငြိုမငြင်ပဲ ချစ်မြတ်နိုးလွန်းတဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment