ကျောင်းသွားရင်း လည်အိတ်မေ့ကျန်ခဲ့တဲ့သားဖြစ်သူကို ရဟတ်ယာဉ်နဲ့လာရောက်ပို့ဆောင်ပေးခဲ့တဲ့ မိဘ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းကိုသွားလို့ အရေးကြီးတဲ့အရာမျိုးမေ့ကျန်ခဲ့မိပြီး ဆရာတွေရဲ့ဆူဆဲတာမျိုးကို ခံရမယ်ဆိုရင် ကိုယ့်ရဲ့မိဘတွေကို ကူညီပေးဖို့ ကျောင်းသားတွေကတောင်းဆိုကြမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း အာဖရိက ကကောလိပ်ကျောင်းသားတစ်ဦးဟာ ကျောင်းသွားရင် လွယ်အိတ်မေ့ကျန်ခဲ့ပေမဲ့လည်း သူ့ရဲ့မိဘတွေရဲ့ ဂရုတစိုက်အလေးထားခြင်းကိုခံခဲ့ရပါတယ် ။ Video ထဲမှာတော့ အဆိုပါကောလိပ်ကျောင်းသားရဲ့လွယ်အိတ်ကို သူ၏မိဘတွေက ရဟတ်ယာဉ်နဲ့ကျောင်းရှေ့အထိ လာရောက်ပို့ဆောင်ပေးခဲ့တာပါ ။

” အဲ့တော့ ဒီကောင်လေးက အိမ်မှာလွယ်အိတ်မေ့ကျန်ခဲ့တယ်ပေါ့လေ ၊ အဲ့ကြောင့် သူမိဘတွေက ရဟတ်ယာဉ်နဲ့ လာပို့ပေးတာပါ ” ဆိုပြီး စားသားနှင့်တကွ ရေးသားပြီး video ကိုဝေမျှခဲ့တာပါ ။

ကျောင်းသားလေးကတော့ ကားပါကင်မှာရပ်နားထားတဲ့ ရဟတ်ယာဉ်ဆီသို့ အေးအေးဆေးဆေးလမ်းလျှောက်သွားပြီးနောက် သူ၏လွယ်အိတ်ကိုယူကာ ကျောင်းဆီသို့လမ်းလျှောက်ပြန်လာခဲ့ပါတယ် ။ အဆိုပါ video ကိုကြည့်ပြီး အချို့သောသူတွေကတော့ ကျောင်းကိုလာတာ လွယ်အိတ်မေ့ကျန်ခဲ့တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး ၊ သတ်သတ်မဲ့ လွယ်အိတ်ချန်ထားပြီး သူ့ရဲ့မိဘတွေကို လာပို့ခိုင်းတာနေမှာ ၊ ရဟတ်ယာဉ်ပိုင်တယ်ဆိုတော့ တော်ရုံမဟုတ်ဘူး ၊ ကြွားဝါချင်လို့ ဆိုပြီး မျိုးစုံသုံးသပ်ကာ ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment