ဇနီးသည်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူလို့ အထင်မှားပြီး အိမ်သာထဲမှာပိတ်လှောင်ထားခဲ့တဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ရက်ထက်တစ်ရက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုဟာ တိုးပွားလာခဲ့လို့ တစ်ချို့သောလူတွေရဲ့ တစ်ကိုယ်ကောင်းဆန်စိတ် နဲ့ ယုတ်မာကောက်ကျစ်တဲ့စိတ်တွေဟာ သိသိသာသာပေါ်လွင်လာခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း Lithuania နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ၏ဇနီးသည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီဆိုပြီး ထင်ယောင်ထင်မှားဖြစ်ကာ ဇနီးသည်ကို အိမ်သာထဲမှာပိတ်လှောင်ထားခဲ့မှုကြောင့် ဇနီးသည်ဟာ ရဲအရာရှိတွေကို ဖုန်းဆက်ပြီတိုင်ကြားခဲ့လို့ အဆိုပါအမျိုးသားဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

အမည်မဖော်လိုတဲ့ အဆိုပါအမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ဟာ မည်သို့မည်ပုံကူးစက်နိုင်ကြောင်း ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးကာမှ ယခုလိုဇနီးသည်ကို သန့်စင်ခန်းထဲမှာ ပိတ်လှောင်ခဲ့ခြင်းဖြစ်ပါတယ် ။ ဆရာဝန်ရှင်းပြတဲ့ အထောက်အထားတွေကို အခြေခံပြီး ယခုလို ပြုမှုလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ ဇနီးသည်ဟာ မကြာသေးခင်ကမှ အီတလီနိုင်ငံသို့အလည်သွားခဲ့ပြီး တရုတ်အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့လို့ဖြစ်ပါတယ် ။ ထို့နောက် တာဝန်ရှိသူများက ဇနီးသည်ကို သန့်စင်ခန်းကနေခေါ်ထုတ်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရခြင်း ရှိ ၊ မရှိကို စစ်ဆေးခဲ့ချိန်မှာတော့ ကူးစက်ခံထားရမှုမရှိပဲ ၊ အနုတ်လက္ခဏာသာပြခဲ့ကြောင်းသိရှိရပါတယ် ။ ယခုချိန်မှာတော့ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ မြင့်မားလာလျက်ရှိနေပြီး ၊ သေဆုံးသူဦးရေမှာလည်း 300 ကျော်အထိ တိုးမြင့်လာခဲ့ကာ လက်ရှိနိုင်ငံရဲ့ အဝင် ၊ အထွက် ကို ပိတ်ပင်ထားလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment