16နှစ်အရွယ်မိန်းကလေးရဲ့ မုဒိမ်းကျင့်တယ်ဆိုပြီးစွပ်စွဲပြောဆိုချက်ကြောင့် ဘဝပျက်တဲ့အထိ အရှက်ကွဲခဲ့တဲ့အမျိုးသားရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်လိုကိစ္စမျိုးပဲဖြစ်နေပါစေ ဒေါသကိုရှေ့ထားပြီး ပြသာနာကို ဖြေရှင်းတာထက် တာဝန်ရှိသူတွေဆီအပ်နှံ့ပြီး တရားမျှတစွာဖြေရှင်းခြင်းက ပိုပြီးအကျိုးရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ 16နှစ်အရွယ်ကောင်မလေးကို ကာရာအိုကေခန်းထဲမှာ မုဒိမ်ကျင့်ခဲ့လို့ဆိုပြီး ရပ်ကွက်သားတွေရဲ့အုပ်စုဖွဲ့ပြီးရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် ရပ်ကွက်သားတွေက အဆိုပါအမျိုးသားကို လမ်းမပေါ်သို့ဆွဲခေါ်ပြီးနောက် အဝတ်အစားများအကုန်ချွတ်ပစ်ကာ ရိုက်နှက်ခဲ့ကြတဲ့အပြင် ၊ ပုလင်းနဲ့ အဆိုပါအမျိုးသားရဲ့ ဦးခေါင်းကိုလည်း ရိုက်ခဲ့ကြတာကို video ရိုက်ကူးခဲ့ကြပြီး social media ပေါ်မှာလည်း ဝေမျှခဲ့ကြပါသေးတယ် ။

အဆိုပါအမျိုးသားက ကောင်မလေးကို ကာရာအိုကေဆိုင်သို့ သီချင်းအတူဆိုကြဖို့ ဖြားယောင်းခဲ့ပြီးနောက် ၊ အခြားအခန်းသို့ ပြောင်းပြီး mobile game အတူဆော့ကစားဖို့်ကောင်မလေးအား ပြောဆိုခဲ့ပါတယ် ။ ထို့နောက် အဆိုပါအခန်းထဲမှာပဲ ကောင်မလေးကို မုဒိမ်းကျင့်ခဲ့ကြောင်း ကောင်မလေးက ထွက်ဆိုခဲ့တာဖြစ်ပါတယ် ။ ရိုက်နှက်နေကြတဲ့ လူအုပ်ကြီးကိုအမျိုးသားက လွတ်မြောက်ဖို့အတွက် ပိုက်ဆံပေးပါ့မယ်ဆိုပြီး ပြောဆိုကာ ကမ်းလှမ်းပြီးတောင်းပန်ခဲ့ပေမဲ့လည်း ဒေါသထွက်နေကြတဲ့လူအုပ်ကြီးကတော့ သူ့ရဲ့အဝတ်အစားတွေကိုချွတ်ပြီး အရှက်ခွဲကာရိုက်နှက်ခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက် ဖြစ်ပျက်ပြီမကြာခင်မှာပဲ မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုပြီး ဖွင့်ဟခဲ့တဲ့ ကောင်မလေးဟာ social media ကနေ သူမရဲ့စွပ်စွဲပြောဆိုချက်အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ် ။ ” ကျွန်မ တောင်းပန်ပါတယ်လို့ပဲ ပြောချင်ပါတော့တယ် ၊ သူကျွန်မကို မုဒိမ်ကျင့်ခဲ့တယ်လို့ ကျွန်မပြောခဲ့မိတာကိုတောင် ကျွန်မသတိမထားခဲ့မိလိုက်ပါဘူး ” ဆိုပြီး ပြန်လည်ပြောဆိုကာ တောင်းပန်ခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ ဘယ်ဖက်က အမှန်တကယ်မှားယွင်းနေတာလည်းဆိုတာကိုတော့ တိကျတဲ့အဖြေမထွက်လာသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment