ၾသစေၾတးလ်မွာ ဇာတ္ကားသြား႐ိုက္ရင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတဲ့ မင္းသား Tom Hanks ႏွင့္ ဇနီး

မင္းသားႀကီး Tom Hanks ႏႇင့္ သူ၏ဇနီးသည္ Rita Wilson တို႔ဟာ ၾသစေၾတးလ်မွာ Baz Luhrmann’s Elvis အမည္႐ွိတဲ့ အတၳဳပၸတၱိ ႐ွပ္႐ွင္ကားကို႐ိုက္ကူးေနရင္းကေန ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္ ။ အဆိုပါအေမရိကန္သ႐ုပ္ေဆာင္မင္းသားႀကီးက သူ၏ Instagram post ကေန သူ၏ပရိသတ္ေတြကို သတိေပးခဲ့တာျဖစ္ၿပီး ၊ သူႏွင့္ ဇနီးသည္တို႔မွာ ခႏၶာကိုယ္ကိုက္ခဲျခင္း ႏွင့္ အဖ်ားတက္ျခင္း စတဲ့လကၡဏာေတြေၾကာင့္ စစ္ေဆးၾကည့္ခဲ့ခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈအေပါင္းလကၡဏာျပခဲ့ပါေတာ့တယ္ ။

မင္းသားႀကီး Ton Hanks ေရးသားထားခဲ့တာကေတာ့ ” Rita နဲ႔ ကြၽန္ေတာ္ အခု ၾသစေၾတးလ်မွာပါ ၊ ကြၽန္ေတာ္တို႔အေတာ္ေလး ပင္ပန္းသလိုခံစားေနရၿပီး ခႏၶာကိုယ္ေတြလည္း ကိုက္ခဲေနပါတယ္ ၊ Rita ကေတာ့ မၾကာခဏ ခ်မ္းတုန္ေနသလိုျဖစ္ေနခဲ့ၿပီး အဖ်ားလည္း႐ွိေနပါတယ္ ၊ အဲ့ေၾကာင့္ ကြၽန္ေတာ္တို႔လည္းစစ္ေဆးၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံထားရၿပီး အေပါင္းလကၡဏာျပေနခဲ့ပါတယ္ ။ အခုေတာ့ ဘာထပ္လုပ္လဲဆိုေတာ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လုပ္ေဆာင္ခ်က္အတိုင္း လိုက္နာရမွာပါ ၊ စစ္ေဆးမႈေတြလုပ္တယ္ ၊ ေစာင့္ၾကည့္ခံရတယ္ ၊ သီးျခားခြဲထားတယ္ စတဲ့လုပ္ေဆာင္ခ်က္ေတြနဲ႔ လူထုအႏၱရာယ္ကင္းဖို႔ ေဆာင္ရြက္ရပါတယ္ ။ အကုန္လံုးလည္း ကိုယ့္ကိုဂ႐ုစိုက္ၾကပါ ” ဆိုၿပီး ေရးသားခဲ့ပါတယ္ ။

လက္႐ွိမွာေတာ့ Hanks နဲ႔ သူ၏ဇနီးသည္တို႔ဟာ Gold Coast ေဆးရံုမွာ ေဆးကုသမႈခံယူေနလ်က္႐ွိပါတယ္ ။ ၾသစေၾတးလ်မွာေတာ့လက္႐ွိ ေရာဂါကူးစက္ခံထားရသူေပါင္း 127 ဦး႐ွိေနၿပီး ၊ ေသဆံုးသူ 3ဦးသာ႐ွိခဲ့ကာ ျပန္လည္ေနေကာင္းက်န္းမာသူေပါင္း 21 ဦးခန္႔႐ွိေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်းသားကြီး Tom Hanks နှင့် သူ၏ဇနီးသည် Rita Wilson တို့ဟာ သြစတြေးလျမှာ Baz Luhrmann’s Elvis အမည်ရှိတဲ့ အတ္ထုပ္ပတ္တိ ရှပ်ရှင်ကားကိုရိုက်ကူးနေရင်းကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ် ။ အဆိုပါအမေရိကန်သရုပ်ဆောင်မင်းသားကြီးက သူ၏ Instagram post ကနေ သူ၏ပရိသတ်တွေကို သတိပေးခဲ့တာဖြစ်ပြီး ၊ သူနှင့် ဇနီးသည်တို့မှာ ခန္ဓာကိုယ်ကိုက်ခဲခြင်း နှင့် အဖျားတက်ခြင်း စတဲ့လက္ခဏာတွေကြောင့် စစ်ဆေးကြည့်ခဲ့ချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအပေါင်းလက္ခဏာပြခဲ့ပါတော့တယ် ။

မင်းသားကြီး Ton Hanks ရေးသားထားခဲ့တာကတော့ ” Rita နဲ့ ကျွန်တော် အခု သြစတြေးလျမှာပါ ၊ ကျွန်တော်တို့အတော်လေး ပင်ပန်းသလိုခံစားနေရပြီး ခန္ဓာကိုယ်တွေလည်း ကိုက်ခဲနေပါတယ် ၊ Rita ကတော့ မကြာခဏ ချမ်းတုန်နေသလိုဖြစ်နေခဲ့ပြီး အဖျားလည်းရှိနေပါတယ် ၊ အဲ့ကြောင့် ကျွန်တော်တို့လည်းစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရပြီး အပေါင်းလက္ခဏာပြနေခဲ့ပါတယ် ။ အခုတော့ ဘာထပ်လုပ်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်အတိုင်း လိုက်နာရမှာပါ ၊ စစ်ဆေးမှုတွေလုပ်တယ် ၊ စောင့်ကြည့်ခံရတယ် ၊ သီးခြားခွဲထားတယ် စတဲ့လုပ်ဆောင်ချက်တွေနဲ့ လူထုအန္တရာယ်ကင်းဖို့ ဆောင်ရွက်ရပါတယ် ။ အကုန်လုံးလည်း ကိုယ့်ကိုဂရုစိုက်ကြပါ ” ဆိုပြီး ရေးသားခဲ့ပါတယ် ။

လက်ရှိမှာတော့ Hanks နဲ့ သူ၏ဇနီးသည်တို့ဟာ Gold Coast ဆေးရုံမှာ ဆေးကုသမှုခံယူနေလျက်ရှိပါတယ် ။ သြစတြေးလျမှာတော့လက်ရှိ ရောဂါကူးစက်ခံထားရသူပေါင်း 127 ဦးရှိနေပြီး ၊ သေဆုံးသူ 3ဦးသာရှိခဲ့ကာ ပြန်လည်နေကောင်းကျန်းမာသူပေါင်း 21 ဦးခန့်ရှိကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment