ကာရာအိုေကမွာ ကီးျမင့္လြန္းတဲ့သီခ်င္းေတြခ်ည္း ေအာ္ဆိုခဲ့လို႔ အဆုတ္ယိုယြင္းဒဏ္ရာရရွိခဲ့တဲ့ အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ Nanchang ၿမိဳ႕မွာေနထိုင္တဲ့ အသက္65ႏွစ္အ႐ြယ္ ၊Wang အမည္ရွိအမ်ိဳးသားမွာ သူငယ္ခ်င္းေတြနဲ႔အတူကာရာအိုေက သြားဆိုၿပီးတဲ့ေနာက္မွာေတာ့ အဆုတ္ယိုယြင္းပ်က္ဆီးမႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္ ။အဆိုပါ အမ်ိဳးသားဟာ ကီးျမင့္လြန္းတဲ့သီခ်င္း 10ပုဒ္ကိုဆိုၿပီးေနာက္မွာေတာ့ သူ၏ရင္ဘတ္ဟာနာက်င္သလိုခံစားလာခဲ့ရပါတယ္ ။အသက္ရႈရတာေတြလည္း စတင္ခက္ခဲလာခဲ့ၿပီး ရင္ဘတ္ရဲ႕ဘယ္ဖက္ျခမ္းကလည္း အလြန္နာက်င္လာခဲ့ပါတယ္ ။Wang ဟာနာက်င္မႈကို ဂ႐ုမစိုက္ခဲ့ေပမဲ့ အိမ္သို႔ျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ နာက်င္မႈဟာပိုမိုဆိုး႐ြားလာခဲ့ရပါတယ္ ။ေနာက္တစ္ရက္ေရာက္ေတာ့ Wang ဟာဘယ္လိုမွမခံႏိုင္ေတာ့ဘဲ ေဆး႐ုံသို႔တက္ခဲ့ရပါတယ္ ။စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးခ်ိန္မွာေတာ့ ဆရာဝန္ဟာ Wang ၏အဆုတ္မွာ ကီးျမင့္လြန္းတဲ့သီခ်င္းမ်ား သီဆိုခဲ့မႈယိုယြင္းဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေတြ႕ရွိသြားခဲ့ရပါတယ္ ။

ဆရာဝန္၏ေျပာၾကားခ်က္မွာေတာ့ Wang ဟာကီးျမင့္လြန္းတဲ့သီခ်င္းဆိုရာတြင္ အဆုတ္ကေနအားစိုက္ထုတ္လြန္းခဲ့တာျဖစ္ၿပီး ၊ ၎အေျခအေနဟာ အသက္အႏၲရာယ္ရွိႏိုင္တဲ့အေျခအေနျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္ ။Wang ကေတာ့အဆိုပါကီးျမင့္လြန္းတဲ့သီခ်င္းေတြကို အလြန္ႀကိဳက္ႏွက္သက္ခဲ့ၿပီး ယခင္ကအၿမဲဆိုခဲ့ေပမဲ့ ယခုကဲ့သို႔ျပသာနာျဖစ္ျခင္းမ်ိဳး မရွိခဲ့တဲ့အတြက္ အလြန္ထူးဆန္းေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။ဆရာဝန္ကေတာ့ Wang ၏အဆုတ္ဒဏ္ရာရရွိခဲ့ရျခင္းမွာ ကီးျမင့္ဆိုရင္းျဖင့္ အဆုတ္မွာဖိအားအလြန္မ်ားသြားခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ရွင္းျပသြားခဲ့ပါတယ္ ။

၎အျဖစ္အပ်က္မ်ိဳး လူလတ္ပိုင္းအ႐ြယ္ႏွင့္ အသက္႐ြယ္ႀကီးေသာအမ်ိဳးသားမ်ားတြင္ ျဖစ္ပြားေလ့ရွိေၾကာင္းသိရွိရပါတယ္ ။ဆရာဝန္ကေတာ့ သီခ်င္းသီဆိုရာတြင္ အသံကိုအားစိုက္ထုတ္လြန္းၿပီးမဆိုသင့္ေၾကာင္းႏွင့္ ကာရာအိုေကဆိုရာတြင္ 2နာရီထက္ပိုၿပီး မဆိုသင့္ေၾကာင္း အႀကံေပးသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကာရာအိုကေမှာ ကီးမြင့်လွန်းတဲ့သီချင်းတွေချည်း အော်ဆိုခဲ့လို့ အဆုတ်ယိုယွင်းဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံ Nanchang မြို့မှာနေထိုင်တဲ့ အသက်65နှစ်အရွယ် ၊Wang အမည်ရှိအမျိုးသားမှာ သူငယ်ချင်းတွေနဲ့အတူကာရာအိုကေ သွားဆိုပြီးတဲ့နောက်မှာတော့ အဆုတ်ယိုယွင်းပျက်ဆီးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ် ။အဆိုပါ အမျိုးသားဟာ ကီးမြင့်လွန်းတဲ့သီချင်း 10ပုဒ်ကိုဆိုပြီးနောက်မှာတော့ သူ၏ရင်ဘတ်ဟာနာကျင်သလိုခံစားလာခဲ့ရပါတယ် ။အသက်ရှုရတာတွေလည်း စတင်ခက်ခဲလာခဲ့ပြီး ရင်ဘတ်ရဲ့ဘယ်ဖက်ခြမ်းကလည်း အလွန်နာကျင်လာခဲ့ပါတယ် ။Wang ဟာနာကျင်မှုကို ဂရုမစိုက်ခဲ့ပေမဲ့ အိမ်သို့ပြန်ရောက်လာခဲ့ချိန်မှာတော့ နာကျင်မှုဟာပိုမိုဆိုးရွားလာခဲ့ရပါတယ် ။နောက်တစ်ရက်ရောက်တော့ Wang ဟာဘယ်လိုမှမခံနိုင်တော့ဘဲ ဆေးရုံသို့တက်ခဲ့ရပါတယ် ။စစ်ဆေးမှုများပြုလုပ်ပြီးချိန်မှာတော့ ဆရာဝန်ဟာ Wang ၏အဆုတ်မှာ ကီးမြင့်လွန်းတဲ့သီချင်းများ သီဆိုခဲ့မှုယိုယွင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိသွားခဲ့ရပါတယ် ။

ဆရာဝန်၏ပြောကြားချက်မှာတော့ Wang ဟာကီးမြင့်လွန်းတဲ့သီချင်းဆိုရာတွင် အဆုတ်ကနေအားစိုက်ထုတ်လွန်းခဲ့တာဖြစ်ပြီး ၊ ၎င်းအခြေအနေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။Wang ကတော့အဆိုပါကီးမြင့်လွန်းတဲ့သီချင်းတွေကို အလွန်ကြိုက်နှက်သက်ခဲ့ပြီး ယခင်ကအမြဲဆိုခဲ့ပေမဲ့ ယခုကဲ့သို့ပြသာနာဖြစ်ခြင်းမျိုး မရှိခဲ့တဲ့အတွက် အလွန်ထူးဆန်းကြောင်း ပြောကြားခဲ့ပါတယ် ။ဆရာဝန်ကတော့ Wang ၏အဆုတ်ဒဏ်ရာရရှိခဲ့ရခြင်းမှာ ကီးမြင့်ဆိုရင်းဖြင့် အဆုတ်မှာဖိအားအလွန်များသွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ် ။

၎င်းအဖြစ်အပျက်မျိုး လူလတ်ပိုင်းအရွယ်နှင့် အသက်ရွယ်ကြီးသောအမျိုးသားများတွင် ဖြစ်ပွားလေ့ရှိကြောင်းသိရှိရပါတယ် ။ဆရာဝန်ကတော့ သီချင်းသီဆိုရာတွင် အသံကိုအားစိုက်ထုတ်လွန်းပြီးမဆိုသင့်ကြောင်းနှင့် ကာရာအိုကေဆိုရာတွင် 2နာရီထက်ပိုပြီး မဆိုသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ကာရာအိုေကမွာ ကီးျမင့္လြန္းတဲ့သီခ်င္းေတြခ်ည္း ေအာ္ဆိုခဲ့လို႔ အဆုတ္ယိုယြင္းဒဏ္ရာရရွိခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*