စိတၱဇလူသတ္ကားေတြကိုႀကိဳက္လြန္းလို႔ အေပ်ာ္သေဘာအေနနဲ႔ လူသတ္ခဲ့တဲ့ 15ႏွစ္အရြယ္ မိန္းကေလး

အင္ဒိုနီး႐ွားႏိုင္ငံက အသက္ 15ႏွစ္အရြယ္ မိန္းကေလးဟာ ဘယ္သူမွမသိလိုက္တဲ့အခ်ိန္မွာဘဲ သူမရဲ႕စိတၱဇဆန္လြန္းတဲ့လုပ္ရပ္ေတြကို ျပဳမႈခဲ့ပါတယ္ ။ သူမဟာ Horror Movie ေတြကို အလြန္ႏွစ္ၿခိဳက္သူျဖစ္ၿပီး ၊ သူမ ႐ုပ္႐ွင္ထဲမွာျမင္ေနရတဲ့အတိုင္း လိုက္လံအတုယူၿပီးလုပ္ေဆာင္ခ်င္လို႔ဆိုၿပီး 6ႏွစ္သားအရြယ္ ကေလးငယ္တစ္ေယာက္ကို ေသြးေအးစြာနဲ႔ရက္ရက္စက္စက္သတ္ပစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ သူမကိုယ္တိုင္ရဲစခန္းသို႔သြားေရာက္အဖမ္းခံခဲ့ၿပီး ၊ သူမရဲ႕လုပ္ရပ္အတြက္ ေနာင္တလံုးဝမရ႐ွိေၾကာင္း နဲ႔ အေတာ္ေလးစိတ္ေက်နပ္အားရမိေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

ျဖစ္စဥ္ကေတာ့ ေကာင္ေလးဟာ အခင္းျဖစ္ပြားရာေန႔က အဆိုပါေကာင္မေလးရဲ႕ေနအိမ္သို႔သြားေရာက္ၿပီး အတူေဆာ့ကစားေနခဲ့ၾကတာပါ ။ သူမဟာ ေကာင္ေလးကိုမသတ္ခင္အခ်ိန္မွာေတာ့ ေကာင္ေလးကို သန္႔စင္ခန္းသို႔သြားဖို႔အရင္ေျပာဆိုခဲ့တာပါ ။ ေကာင္မေလးဟာ အရင္ကတည္းက စိတ္ေဝဒနာခံစားရတဲ့သူတစ္ေယာက္လိုျပဳမႈတတ္ၿပီး တိရစာၦန္ငယ္ေလးေတြကို ႏွိပ္စက္ညႇင္းပန္းေလ့႐ွိပါတယ္ ။ ေၾကာင္ငယ္ေလးေတြကို တိုက္အိမ္အျမင့္ေပၚကေနပစ္ခ်တတ္သလို ၊ ဖားကေလးေတြကိုလည္း ခက္ရင္းနဲ႔ထိုးစိုက္တတ္ၿပီး သတ္ျဖတ္ေလ့႐ွိပါတယ္ ။

ထိုအျပင္ သူမရဲ႕ေနအိမ္မွ သူမရဲ႕ဒိုင္ယာရီစာအုပ္မ်ားကို ရဲအရာ႐ွိမ်ားက႐ွာေဖြေတြ႔႐ွိခဲ့ခ်ိန္မွာေတာ့ ဒိုင္ယာရီထဲမွာ သူမႀကိဳက္ႏွစ္သက္လြန္းတဲ့စိတၱဇ႐ုပ္႐ွင္ဇာတ္ကားထဲမွ Slenderman ရဲ႕႐ုပ္ပံုမ်ားေတြ႔႐ွိခဲ့တဲ့အျပင္ ၊ အေမရိကန္ အဆိုေတာ္ Billie Eilish ရဲ႕ ႐ုပ္ပံုမ်ားကိုပါေတြ႔႐ွိခဲ့ပါတယ္ ။ ထို႔အျပင္ “ကြၽန္မက ကိုယ့္ရဲ႕စိတ္ခံစားမႈကို မထိန္းခ်ဳပ္ႏိုင္တဲ့ ဆယ္ေက်ာ္သက္ပါ ” ” ကြၽန္မရဲ႕ဘဝကိုေျပာင္းလဲဖို႔ ေလ့လာေနတယ္ ဒါေပမဲ့ အခ်ိန္ေတာ့လိုေသးတယ္ ” စတဲ့စားသားေတြကိုပါ ေရးသားထားတာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ သူမရဲ႕ဒိုင္ယာရီစာအုပ္ကိုေတာ့ စိတ္က်န္မာေရးဆရာဝန္မ်ားထံေပးပို႔ထားၿပီး သူမရဲ႕စိတ္က်န္းမာေရးအေျခအေနကို ေဖာ္ထုတ္ႏိုင္ဖို႔ႀကိဳးစားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံက အသက် 15နှစ်အရွယ် မိန်းကလေးဟာ ဘယ်သူမှမသိလိုက်တဲ့အချိန်မှာဘဲ သူမရဲ့စိတ္တဇဆန်လွန်းတဲ့လုပ်ရပ်တွေကို ပြုမှုခဲ့ပါတယ် ။ သူမဟာ Horror Movie တွေကို အလွန်နှစ်ခြိုက်သူဖြစ်ပြီး ၊ သူမ ရုပ်ရှင်ထဲမှာမြင်နေရတဲ့အတိုင်း လိုက်လံအတုယူပြီးလုပ်ဆောင်ချင်လို့ဆိုပြီး 6နှစ်သားအရွယ် ကလေးငယ်တစ်ယောက်ကို သွေးအေးစွာနဲ့ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ။ ထို့နောက် သူမကိုယ်တိုင်ရဲစခန်းသို့သွားရောက်အဖမ်းခံခဲ့ပြီး ၊ သူမရဲ့လုပ်ရပ်အတွက် နောင်တလုံးဝမရရှိကြောင်း နဲ့ အတော်လေးစိတ်ကျေနပ်အားရမိကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

ဖြစ်စဉ်ကတော့ ကောင်လေးဟာ အခင်းဖြစ်ပွားရာနေ့က အဆိုပါကောင်မလေးရဲ့နေအိမ်သို့သွားရောက်ပြီး အတူဆော့ကစားနေခဲ့ကြတာပါ ။ သူမဟာ ကောင်လေးကိုမသတ်ခင်အချိန်မှာတော့ ကောင်လေးကို သန့်စင်ခန်းသို့သွားဖို့အရင်ပြောဆိုခဲ့တာပါ ။ ကောင်မလေးဟာ အရင်ကတည်းက စိတ်ဝေဒနာခံစားရတဲ့သူတစ်ယောက်လိုပြုမှုတတ်ပြီး တိရစ္ဆာန်ငယ်လေးတွေကို နှိပ်စက်ညှင်းပန်းလေ့ရှိပါတယ် ။ ကြောင်ငယ်လေးတွေကို တိုက်အိမ်အမြင့်ပေါ်ကနေပစ်ချတတ်သလို ၊ ဖားကလေးတွေကိုလည်း ခက်ရင်းနဲ့ထိုးစိုက်တတ်ပြီး သတ်ဖြတ်လေ့ရှိပါတယ် ။

ထိုအပြင် သူမရဲ့နေအိမ်မှ သူမရဲ့ဒိုင်ယာရီစာအုပ်များကို ရဲအရာရှိများကရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ ဒိုင်ယာရီထဲမှာ သူမကြိုက်နှစ်သက်လွန်းတဲ့စိတ္တဇရုပ်ရှင်ဇာတ်ကားထဲမှ Slenderman ရဲ့ရုပ်ပုံများတွေ့ရှိခဲ့တဲ့အပြင် ၊ အမေရိကန် အဆိုတော် Billie Eilish ရဲ့ ရုပ်ပုံများကိုပါတွေ့ရှိခဲ့ပါတယ် ။ ထို့အပြင် “ကျွန်မက ကိုယ့်ရဲ့စိတ်ခံစားမှုကို မထိန်းချုပ်နိုင်တဲ့ ဆယ်ကျော်သက်ပါ ” ” ကျွန်မရဲ့ဘဝကိုပြောင်းလဲဖို့ လေ့လာနေတယ် ဒါပေမဲ့ အချိန်တော့လိုသေးတယ် ” စတဲ့စားသားတွေကိုပါ ရေးသားထားတာကို တွေ့ရှိခဲ့ရပါတယ် ။ သူမရဲ့ဒိုင်ယာရီစာအုပ်ကိုတော့ စိတ်ကျန်မာရေးဆရာဝန်များထံပေးပို့ထားပြီး သူမရဲ့စိတ်ကျန်းမာရေးအခြေအနေကို ဖော်ထုတ်နိုင်ဖို့ကြိုးစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment