ခင္ပြန္းသည္ရဲ႕ ႐ုပ္အေလာင္းနဲ႔အတူ ေနအိမ္မွာ ပိတ္ေလွာင္ျခင္းခံခဲ့ရတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဟာ ယခုအခ်ိန္မွာေတာ့ လူအေတာ္အမ်ားကိုအေတာ္ေလး တုန္လႈပ္ေျခာက္ျခားေစလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အီတလီႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုး႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါေၾကာင့္ သီးသန္႔ခြဲေနဖို႔ တြန္းအားေပးခံခဲ့ရတဲ့အျပင္ Borghetto Santo Spirito မွာ႐ွိတဲ့ ေနအိမ္တိုက္ခန္းမွာ ေသဆံုးသြားၿပီျဖစ္တဲ့ ခင္ပြန္းသည္ရဲ႕ ႐ုပ္အေလာင္းနဲ႔အတူ ေနထိုင္ခဲ့ရပါတယ္ ။ သူမရဲ႕ ခင္ပြန္းျဖစ္သူမွာေတာ့ ၿပီးခဲ့တဲ့ မတ္လ 9 ရက္ေန႔က ေသဆံုးသြားခဲ့တာျဖစ္ၿပီး ၊ ခင္ပြန္းသည္ရဲ႕ ႐ုပ္အေလာင္းကို ေနအိမ္ကေန သယ္ထုတ္သြားဖို႔ မည္သူတစ္ဦးတစ္ေယာက္ကမွ သူမကို မကူညီခဲ့ပါဘူး ။

သူမေနအိမ္ကေန ေအာ္ဟစ္ၿပီး အကူအညီေတာင္းေနခဲ့တာကို သူမရဲ႕အိမ္နီးခ်င္းတစ္ေယာက္က ” အခုခ်ိန္မွာ အဲ့အမ်ိဳးသမီးအတြက္ အေရးႀကီးဆံုးအရာက သူမရဲ႕ခင္ပြန္းသည္အေလာင္းနဲ႔အတူေနထိုင္ေနရၿပီး ဘယ္သူကမွ သူမကိုသြားေရာက္ကူညီႏွစ္သိမ့္ျခင္း မ႐ွိခဲ့ပါဘူး ၊ အဲ့ျပသာနာေလး အလ်င္အျမန္ေျဖ႐ွင္းႏိုင္ဖို႔ပဲ ေမ်ွာ္လင့္မိပါတယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

အဆိုပါအေျခအေနေတြေၾကာင့္ သူမရဲ႕စိတ္ပိုင္းဆိုင္ရာအေျခအေနေတြကို အေတာ္ေလးထိခိုက္သြားေစႏိုင္ၿပီး ၊ အေလာင္း နဲ႔ ေနအိမ္မွာ ပိတ္ေလွာင္ျခင္းခံရလို႔ သူမဟာ ေနာက္ဆံုးမခံစားႏိုင္ဘဲ ကိုယ့္ကိုအဆံုးစီရင္သြားႏိုင္မဲ့အျဖစ္မ်ိဳးအထိ ေရာက္႐ွိသြားႏိုင္ေၾကာင္း လူအမ်ားစုက ေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔အျပင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ သူမတို႔ကို ကယ္တင္ေပးဖို႔အတြက္ အျခားအိမ္နီးနားခ်င္းေတြအေနနဲ႔လည္း ေရာဂါကူးစက္ခံရမွာေၾကာက္လို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ယခုအချိန်မှာတော့ လူအတော်အများကိုအတော်လေး တုန်လှုပ်ခြောက်ခြားစေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း အီတလီနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ကိုးရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သီးသန့်ခွဲနေဖို့ တွန်းအားပေးခံခဲ့ရတဲ့အပြင် Borghetto Santo Spirito မှာရှိတဲ့ နေအိမ်တိုက်ခန်းမှာ သေဆုံးသွားပြီဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းနဲ့အတူ နေထိုင်ခဲ့ရပါတယ် ။ သူမရဲ့ ခင်ပွန်းဖြစ်သူမှာတော့ ပြီးခဲ့တဲ့ မတ်လ 9 ရက်နေ့က သေဆုံးသွားခဲ့တာဖြစ်ပြီး ၊ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို နေအိမ်ကနေ သယ်ထုတ်သွားဖို့ မည်သူတစ်ဦးတစ်ယောက်ကမှ သူမကို မကူညီခဲ့ပါဘူး ။

သူမနေအိမ်ကနေ အော်ဟစ်ပြီး အကူအညီတောင်းနေခဲ့တာကို သူမရဲ့အိမ်နီးချင်းတစ်ယောက်က ” အခုချိန်မှာ အဲ့အမျိုးသမီးအတွက် အရေးကြီးဆုံးအရာက သူမရဲ့ခင်ပွန်းသည်အလောင်းနဲ့အတူနေထိုင်နေရပြီး ဘယ်သူကမှ သူမကိုသွားရောက်ကူညီနှစ်သိမ့်ခြင်း မရှိခဲ့ပါဘူး ၊ အဲ့ပြသာနာလေး အလျင်အမြန်ဖြေရှင်းနိုင်ဖို့ပဲ မျှော်လင့်မိပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အဆိုပါအခြေအနေတွေကြောင့် သူမရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို အတော်လေးထိခိုက်သွားစေနိုင်ပြီး ၊ အလောင်း နဲ့ နေအိမ်မှာ ပိတ်လှောင်ခြင်းခံရလို့ သူမဟာ နောက်ဆုံးမခံစားနိုင်ဘဲ ကိုယ့်ကိုအဆုံးစီရင်သွားနိုင်မဲ့အဖြစ်မျိုးအထိ ရောက်ရှိသွားနိုင်ကြောင်း လူအများစုက ပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူမတို့ကို ကယ်တင်ပေးဖို့အတွက် အခြားအိမ်နီးနားချင်းတွေအနေနဲ့လည်း ရောဂါကူးစက်ခံရမှာကြောက်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment