ခရီးသြားေတြ ၊ အစာေကြၽးေမြးတဲ့သူေတြမ႐ွိေတာ့လို႔ ငတ္ျပတ္ၿပီးၿမိဳ႕ထဲအထိ ဝင္ၿပီးအစာ႐ွာခဲ့ၾကတဲ့ ရာခ်ီတဲ့ေမ်ာက္အုပ္စု

အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြျဖစ္တဲ့ မေလး႐ွား ၊ ထိုင္း နဲ႔ ျမန္မာႏိုင္ငံေတြမွာ႐ွိတဲ့ ခရီးသြားေတြအေတာ္သြားေရာက္လွည္ပတ္တဲ့ ေနရာ ၊ ဘုရားေက်ာင္းစတဲ့ေနရာေတြမွာ မ်ားစြာေသာေမ်ာက္ေတြ ေနထိုင္ေနၾကတာကို ေတြ႔႐ွိရမွာပါ ။ အစပိုင္းမွာေတာ့ အဆိုပါေတာ႐ိုင္းတိရစာၦန္ေတြကို သနားၿပီးေစတနာနဲ႔ ခရီးသြားေတြက လာေရာက္ေကြၽးေမြးၾကေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ ေမ်ာက္ေတြဟာ ကိုယ္တိုင္အစာမ႐ွာေတာ့ဘဲ လူေတြရဲ႕ေကြၽးေမြးမႈကိုသာ မွီခိုၿပီး ေနထိုင္လာၾကပါေတာ့တယ္ ။ သို႔ေပမဲ့လည္း ယခုအခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံေနမႈေၾကာင့္ ခရီးသြားလုပ္ငန္းေတြမွာလည္း ရပ္နားထားရၿပီး အခ်ိဳ႕ႏိုင္ငံေတြဆိုရင္ ႏိုင္ငံတြင္း အဝင္ ၊ အထြက္ ေတြကိုပါ ပိတ္ထားတဲ့အတြက္ ယခုလိုခရီးသြား ဧည့္သည္ေတြရဲ႕ေကြၽးေမြးမႈကိုသာ မွီခိုေနရတဲ့ ေမ်ာက္ေတြဟာ အေတာ္ေလး ဒုကၡေရာက္ခဲ့ပါေတာ့တယ္ ။

ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက ခရီးသြားဧည့္သည္ေတြအၾကားအေတာ္ေလး လာေရာက္လည္ပတ္မႈမ်ားလြန္းတဲ့ေနရာဟာ ဧည့္သည္ေတြမ႐ွိေတာ့တဲ့အတြက္ ေမ်ာက္ေတြဟာ အစားအစာအေတာ္႐ွားပါးသြားခဲ့ၿပီး ၊ ငတ္မြတ္သြားခဲ့ၾကကာ ေနာက္ဆံုး ရာခ်ီတဲ့ေမ်ာက္အုပ္စုႀကီးဟာ အစာ႐ွာဖို႔အတြက္ လူေတြေနထိုင္တဲ့ၿမိဳ႕ႀကီးထဲအထိ ေရာက္႐ွိလာခဲ့ပါေတာ့တယ္ ။

ရန္လိုေနၿပီး ငတ္မြတ္လို႔ ေသာင္းက်န္းေနၾကတဲ့အဆိုပါေမ်ာက္အုပ္ႀကီးဟာ လမ္းမႀကီးေပၚမွာ ျပည့္ႏွက္ေနခဲ့ၿပီး ၊ ငွက္ေပ်ာသီးကိုင္ထားတဲ့ေမ်ာက္ေတြ တစ္ေကာင္ထဲျဖစ္ေနရင္း အခ်င္းခ်င္းအျပင္းအထန္တိုက္ခိုက္ၾကကာ အစားအစာမ်ားလုယက္ၿပီး ေသာင္းက်န္းေနလ်က္႐ွိပါတယ္ ။ အနီးအနားဝန္းက်င္မွ လူေတြရဲ႕ေျပာျပခ်က္အရ အဆိုပါေမ်ာက္အုပ္ႀကီးဟာ လမ္းေဘးေခြးအုပ္စုေတြထက္ ပိုၿပီးဆိုးဝါးကာ ၊ ပိုၿပီးၾကမ္းတမ္းလြန္းေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ ထိုင်း နဲ့ မြန်မာနိုင်ငံတွေမှာရှိတဲ့ ခရီးသွားတွေအတော်သွားရောက်လှည်ပတ်တဲ့ နေရာ ၊ ဘုရားကျောင်းစတဲ့နေရာတွေမှာ များစွာသောမျောက်တွေ နေထိုင်နေကြတာကို တွေ့ရှိရမှာပါ ။ အစပိုင်းမှာတော့ အဆိုပါတောရိုင်းတိရစ္ဆာန်တွေကို သနားပြီးစေတနာနဲ့ ခရီးသွားတွေက လာရောက်ကျွေးမွေးကြပေမဲ့လည်း နောက်ပိုင်းမှာတော့ မျောက်တွေဟာ ကိုယ်တိုင်အစာမရှာတော့ဘဲ လူတွေရဲ့ကျွေးမွေးမှုကိုသာ မှီခိုပြီး နေထိုင်လာကြပါတော့တယ် ။ သို့ပေမဲ့လည်း ယခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံနေမှုကြောင့် ခရီးသွားလုပ်ငန်းတွေမှာလည်း ရပ်နားထားရပြီး အချို့နိုင်ငံတွေဆိုရင် နိုင်ငံတွင်း အဝင် ၊ အထွက် တွေကိုပါ ပိတ်ထားတဲ့အတွက် ယခုလိုခရီးသွား ဧည့်သည်တွေရဲ့ကျွေးမွေးမှုကိုသာ မှီခိုနေရတဲ့ မျောက်တွေဟာ အတော်လေး ဒုက္ခရောက်ခဲ့ပါတော့တယ် ။

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေအကြားအတော်လေး လာရောက်လည်ပတ်မှုများလွန်းတဲ့နေရာဟာ ဧည့်သည်တွေမရှိတော့တဲ့အတွက် မျောက်တွေဟာ အစားအစာအတော်ရှားပါးသွားခဲ့ပြီး ၊ ငတ်မွတ်သွားခဲ့ကြကာ နောက်ဆုံး ရာချီတဲ့မျောက်အုပ်စုကြီးဟာ အစာရှာဖို့အတွက် လူတွေနေထိုင်တဲ့မြို့ကြီးထဲအထိ ရောက်ရှိလာခဲ့ပါတော့တယ် ။

ရန်လိုနေပြီး ငတ်မွတ်လို့ သောင်းကျန်းနေကြတဲ့အဆိုပါမျောက်အုပ်ကြီးဟာ လမ်းမကြီးပေါ်မှာ ပြည့်နှက်နေခဲ့ပြီး ၊ ငှက်ပျောသီးကိုင်ထားတဲ့မျောက်တွေ တစ်ကောင်ထဲဖြစ်နေရင်း အချင်းချင်းအပြင်းအထန်တိုက်ခိုက်ကြကာ အစားအစာများလုယက်ပြီး သောင်းကျန်းနေလျက်ရှိပါတယ် ။ အနီးအနားဝန်းကျင်မှ လူတွေရဲ့ပြောပြချက်အရ အဆိုပါမျောက်အုပ်ကြီးဟာ လမ်းဘေးခွေးအုပ်စုတွေထက် ပိုပြီးဆိုးဝါးကာ ၊ ပိုပြီးကြမ်းတမ်းလွန်းကြောင်း ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment