ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမဲ့ 6ရက်အတွင်း အောင်မြင်စွာကုသနိုင်ခဲ့တဲ့ အသက် 103 နှစ်အရွယ်လူနာ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှ အသက်အကြီးဆုံးကိုရိုနာဗိုင်းရပ်စ်လူနာဟာ 6ရက်အတွင်း ဝူဟန်မြို့ကဆေးရုံမှာ အောင်မြင်စွာကုသပေးနိုင်ခဲ့ပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အသက် 103နှစ်အရွယ်လူနာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ပြန်လည်သက်သာလာအောင်ကုသနိုင်ခဲ့တဲ့ အသက်အကြီးဆုံးလူနာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ။ သူမဟာ ပြီးခဲ့တဲ့ မတ်လ 1 ရက်နေ့ကမှ ရောဂါကူးစက်ခံထားရမှန်း သိရှိခဲ့ပြီး သူမရဲ့အခြေအနေဟာ အတော်လေးဆိုးဝါးခဲ့ပါတယ် ။ သို့ပေမဲ့လည်း 1ပတ်အတွင်းမှာပဲ ကျန်းမာရေးပြန်လည်ကောင်းမွန်ခဲ့ပြီး မတ်လ 10 ရက်နေ့မှာတော့ ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ် ။

အဘွားအိုဟာ အခြားဆိုးဝါးသောရောဂါများ မဖြစ်ဖူးဘဲ ၊မပြင်းထန်တဲ့ နာတာရှည်ချောင်းဆိုရင်ကျပ်စတဲ့ ကျန်းမာရေးအခြေအနေမျိုးသာရှိခဲ့တဲ့အတွက် အလျင်အမြန်ထိရောက်စွာ ကုသနိုင်ခဲ့တာဖြစ်ပါတယ် ။ သူမကုသမှုခံယူနေရချိန်မှာတော့ သူနာပြုတွေက သူမကိုအလှည့်ကျကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီး ၊ သူမရဲ့ သေးခံများ ကိုပါ အချိန်မှန်လဲပေးခဲ့ကြပါတယ် ။

ဆရာဝန်များက သူမကို အချိန်တိုင်းလှည့်ပြီးကြည့်ရှုခဲ့ကြတဲ့အပြင် ၊ အာဟာရ ဖြည့်ဆည်းပေးတဲ့ ရောဂါကုထုံးနဲ့သာ သူမကို ကုသပေးခဲ့တာပါ ။ အဘွားအိုဟာ သူ့အားချီးကျူ းစကားပြောလျှင် အလွန်ကြိုက်သူဖြစ်မှန်း သူနာပြုများက သိရှိထား၍ သူမကိုလှတယ် ဟုဆိုလိုက်တိုင်း အမြဲပြုံးပျော်တတ်သူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment