ေတာင္ကိုးရီးယားကေန တင္သြင္းလာတဲ့ အပ္မႈိေတြမွာ အစားအဆိပ္သင့္ေစတဲ့ပိုးေတြပါလာလို႔ ဖ်ားနာေသဆံုးသူမ်ား႐ွိေန

ကို႐ိုနာဗိုင္းရပ္စ္တင္မကပါဘူး ဒီတစ္ေခါက္ ေတာင္ကိုးရီးယားႏိုင္ငံကေန တင္သြင္းလာတဲ့ enoki mushrooms ဆိုတဲ့ အပ္မိႈေတြမွာဆိုရင္ လူေတြကိုအသက္ေသဆံုးေစႏိုင္ေလာက္တဲ့ ေရာဂါပိုးေတြ႐ွိေနခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အဆိုပါအပ္မႈိကို စားသံုးမိခဲ့တဲ့ အေမရိကန္ႏိုင္ငံမွ ျပည္သူ 32 ဦးဟာ ဖ်ားနာခဲ့ၾကၿပီး ၊ 30 ဦးဟာ ေဆးရံုတက္ၿပီး ကုသမႉခံယူေနရကာ ၊အဆိုပါလူေတြထဲကမွ 6ဦးဟာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး ( 2ဦးမွာေတာ့ ကိုယိဝန္ပ်က္က်သြားခဲ့ေၾကာင္း ) ႏွင့္ 4 ဦးမွာေတာ့ ေသဆံုးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါ ေတာင္ကိုးရီးယားမွ တင္သြင္းတဲ့အပ္မႈိကို ျပည္နယ္ 17 ခုသို႔ ျဖန္႔ျဖဴ းေရာင္းခ်ခဲ့ၾကၿပီး ၊ အစားအဆိပ္သင့္မႈကိုေတာ့ California, Hawaii ႏွင့္ New Jersey တို႔မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။

အဆိုပါအပ္မႈိကို စမ္းသပ္စစ္ေဆးၾကည့္ခဲ့ခ်ိန္မွာေတာ့ လူေတြကိုေသေစႏိုင္ေလာက္တဲ့အထိ ထိခိုက္ႏိုင္တဲ့ ပိုးတစ္မ်ိဳးကိုေတြ႔႐ွိခဲ့ပါတယ္ ။ ကိုယ္ခံအားနဲ႔တဲ့ လူႀကီးေတြ ၊ နာတာ႐ွည္ေရာဂါ႐ွိေတြ ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး နဲ႔ ကေလးငယ္ေတြအတြက္ အေတာ္ေလးကိုအႏၱရာယ္မ်ားလြန္းတဲ့ အစာအဆိပ္သင့္ေစတဲ့ ေရာဂါပိုးတစ္မ်ိဳးျဖစ္ပါတယ္ ။

ယခုလက္႐ွိအခ်ိန္မွာေတာ့ အဆိုပါအပ္မႈိကို မစားသံုးၾကဖို႔ သတိေပးႏႈိးေဆာ္ေနလ်က္႐ွိပါတယ္ ။ အဆိုပါအပ္မႈိကို စားသံုးၿပီး 1ပတ္ကေန 4ပတ္အတြင္း အဖ်ားတက္ျခင္း ၊ ႂကြက္သားမ်ားကိုက္ခဲျခင္း ၊ ေခါင္းကိုက္ျခင္း နဲ႔ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းမ႐ွိေတာ့ျခင္း စေသာေရာဂါလကၡဏာမ်ား ခံစားရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်တင်မကပါဘူး ဒီတစ်ခေါက် တောင်ကိုးရီးယားနိုင်ငံကနေ တင်သွင်းလာတဲ့ enoki mushrooms ဆိုတဲ့ အပ်မှိုတွေမှာဆိုရင် လူတွေကိုအသက်သေဆုံးစေနိုင်လောက်တဲ့ ရောဂါပိုးတွေရှိနေခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း အဆိုပါအပ်မှိုကို စားသုံးမိခဲ့တဲ့ အမေရိကန်နိုင်ငံမှ ပြည်သူ 32 ဦးဟာ ဖျားနာခဲ့ကြပြီး ၊ 30 ဦးဟာ ဆေးရုံတက်ပြီး ကုသမှူခံယူနေရကာ ၊အဆိုပါလူတွေထဲကမှ 6ဦးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်ကြပြီး ( 2ဦးမှာတော့ ကိုယိဝန်ပျက်ကျသွားခဲ့ကြောင်း ) နှင့် 4 ဦးမှာတော့ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။ အဆိုပါ တောင်ကိုးရီးယားမှ တင်သွင်းတဲ့အပ်မှိုကို ပြည်နယ် 17 ခုသို့ ဖြန့်ဖြူ းရောင်းချခဲ့ကြပြီး ၊ အစားအဆိပ်သင့်မှုကိုတော့ California, Hawaii နှင့် New Jersey တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။

အဆိုပါအပ်မှိုကို စမ်းသပ်စစ်ဆေးကြည့်ခဲ့ချိန်မှာတော့ လူတွေကိုသေစေနိုင်လောက်တဲ့အထိ ထိခိုက်နိုင်တဲ့ ပိုးတစ်မျိုးကိုတွေ့ရှိခဲ့ပါတယ် ။ ကိုယ်ခံအားနဲ့တဲ့ လူကြီးတွေ ၊ နာတာရှည်ရောဂါရှိတွေ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး နဲ့ ကလေးငယ်တွေအတွက် အတော်လေးကိုအန္တရာယ်များလွန်းတဲ့ အစာအဆိပ်သင့်စေတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ် ။

ယခုလက်ရှိအချိန်မှာတော့ အဆိုပါအပ်မှိုကို မစားသုံးကြဖို့ သတိပေးနှိုးဆော်နေလျက်ရှိပါတယ် ။ အဆိုပါအပ်မှိုကို စားသုံးပြီး 1ပတ်ကနေ 4ပတ်အတွင်း အဖျားတက်ခြင်း ၊ ကြွက်သားများကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း နဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်း စသောရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment