မိခင္အိုကို သားအရင္းကိုယ္တိုင္က အတင္းေတာင္းရမ္းစားေသာက္ခိုင္းၿပီး ေငြ႐ွာေနခဲ့တဲ့အျဖစ္

ေခတ္ကာလက တျဖည္းျဖည္းဆိုးရြားလာၿပီး မိဘေတြဆီခိုကပ္စားေသာက္ေနၾကတဲ့ သားသမီးေတြသာမက ၊ အခ်ိဳ႕ဆိုရင္ မသန္မစြမ္းေတာ့တဲ့ မိဘေတြကိုအသံုးခ်ၿပီး ေငြ႐ွာေနၾကတဲ့ ႐ုပ္ညံ့လြန္းတဲ့ သူေတြလည္း႐ွိလာပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Ipoh ၿမိဳ႕႐ွိ လူစည္ကားတဲ့စားေသာက္ဆိုင္ေတြမွာ လွည့္ပတ္ၿပီးေတာင္းရမ္းေနတဲ့ အဘြားအိုတစ္ေယာက္ကို Murphy Lim အမည္နဲ႔ Facebook အသံုးျပဳသူတစ္ေယာက္က social media ေပၚမွာေဝမ်ွခဲ့ပါတယ္ ။ အဘြားအိုနဲ႔ သူမရဲ႕အသက္အရြယ္နဲ႔ မလိုက္ ေထာ့နင္ေထာ့နင္လမ္းေလ်ွာက္ေနခဲ့ၿပီး စားေသာက္ဆိုင္ထဲမွ စားပြဲဝိုင္းေတြဆီ တစ္ဝိုင္းၿပီးတစ္ဝိုင္းေရြ႔ကာ ေတာင္းရမ္းခဲ့ပါတယ္ ။

သူမဟာ ပလပ္စတစ္ခြက္ေလးကို ကိုင္ေဆာင္ထားၿပီး ၊ ခြက္ထဲမွာေတာ့ သူမလွည့္ပတ္ၿပီး ေတာင္းရမ္းထားခဲ့တဲ့ ေငြစကၠဴ ေလး အနည္းငယ္႐ွိေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဘယ္သူမွ မထင္ထားေလာက္ေအာင္ အေတာ္ေလးဆိုးဝါးလြန္းတဲ့အျဖစ္ကေတာ့ က်န္းမာသန္စြမ္းတဲ့လူလတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ (အဘြားအိုရဲ႕ သားလို႔ယူဆရသူ) ဟာ အဘြားအိုေတာင္းရမ္းလို႔ရ႐ွိလာတဲ့ ေငြေတြကို ယူေဆာင္ဖို႔ စားေသာက္ဆိုင္အျပင္ဖက္မွာ ေစာင့္ေနခဲ့ၿပီး သူမဆီမွပိုက္ဆံမ်ားကို အကုန္ယူေဆာင္သြားခဲ့ပါေတာ့တယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ Social Media ေပၚမွာ အေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ လူအမ်ားစုက လူအိုကိုအသံုးခ်ၿပီး ပိုက္ဆံ႐ွာေနတဲ့ က်န္းမာသန္စြမ္းတဲ့အဆိုပါအမ်ိဳးသားရဲ႕လုပ္ရပ္ကို အေတာ္ေလး ရြံ႐ွာသြားခဲ့ၾကပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ အလုပ္လက္မဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း သိ႐ွိရတဲ့အျပင္ အျခားေနာက္ဆက္တြဲအေျခအေနကိုေတာ့ ေဖာ္ျပထားျခင္းမ႐ွိပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလက တဖြည်းဖြည်းဆိုးရွားလာပြီး မိဘတွေဆီခိုကပ်စားသောက်နေကြတဲ့ သားသမီးတွေသာမက ၊ အချို့ဆိုရင် မသန်မစွမ်းတော့တဲ့ မိဘတွေကိုအသုံးချပြီး ငွေရှာနေကြတဲ့ ရုပ်ညံ့လွန်းတဲ့ သူတွေလည်းရှိလာပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Ipoh မြို့ရှိ လူစည်ကားတဲ့စားသောက်ဆိုင်တွေမှာ လှည့်ပတ်ပြီးတောင်းရမ်းနေတဲ့ အဘွားအိုတစ်ယောက်ကို Murphy Lim အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက်က social media ပေါ်မှာဝေမျှခဲ့ပါတယ် ။ အဘွားအိုနဲ့ သူမရဲ့အသက်အရွယ်နဲ့ မလိုက် ထော့နင်ထော့နင်လမ်းလျှောက်နေခဲ့ပြီး စားသောက်ဆိုင်ထဲမှ စားပွဲဝိုင်းတွေဆီ တစ်ဝိုင်းပြီးတစ်ဝိုင်းရွေ့ကာ တောင်းရမ်းခဲ့ပါတယ် ။

သူမဟာ ပလပ်စတစ်ခွက်လေးကို ကိုင်ဆောင်ထားပြီး ၊ ခွက်ထဲမှာတော့ သူမလှည့်ပတ်ပြီး တောင်းရမ်းထားခဲ့တဲ့ ငွေစက္ကူ လေး အနည်းငယ်ရှိနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဘယ်သူမှ မထင်ထားလောက်အောင် အတော်လေးဆိုးဝါးလွန်းတဲ့အဖြစ်ကတော့ ကျန်းမာသန်စွမ်းတဲ့လူလတ်ပိုင်းအမျိုးသားတစ်ယောက် (အဘွားအိုရဲ့ သားလို့ယူဆရသူ) ဟာ အဘွားအိုတောင်းရမ်းလို့ရရှိလာတဲ့ ငွေတွေကို ယူဆောင်ဖို့ စားသောက်ဆိုင်အပြင်ဖက်မှာ စောင့်နေခဲ့ပြီး သူမဆီမှပိုက်ဆံများကို အကုန်ယူဆောင်သွားခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ဟာ Social Media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီးနောက် လူအများစုက လူအိုကိုအသုံးချပြီး ပိုက်ဆံရှာနေတဲ့ ကျန်းမာသန်စွမ်းတဲ့အဆိုပါအမျိုးသားရဲ့လုပ်ရပ်ကို အတော်လေး ရွံရှာသွားခဲ့ကြပါတယ် ။ အဆိုပါအမျိုးသားဟာ အလုပ်လက်မဲ့လူတစ်ယောက်ဖြစ်ကြောင်း သိရှိရတဲ့အပြင် အခြားနောက်ဆက်တွဲအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment