မဂၤလာပြဲမွာ အစားအစာပါဆယ္ထုပ္ေတြကိုသာဆြဲၿပီး ဧည့္သည္ေတြကိုျပန္ခိုင္းခဲ့ရတဲ့အျဖစ္

မဂၤလာပြဲေကြၽးေမြးဧည့္ခံတယ္ဆိုတာ အနည္းဆံုးဧည့္သည္ေတြနဲ႔ 3နာရီခန္႔ေအးေအးေဆးေဆးဝိုင္းဖြဲ႔ၿပီး ဟင္းပြဲ 10 ပြဲခန္႔နဲ႔ ေကြၽးေမြးဧည့္ခံက်င္းပတဲ့ ပြဲပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ ေဟာင္ေကာင္မွာက်င္းပခဲ့တဲ့ မဂၤလာဧည့္ခံပြဲတစ္ခုမွာေတာ့ ဘယ္သူကမွ မေမ်ွာ္လင့္ထားသလို ထူးဆန္းေနခဲ့ပါတယ္ ။ အဆိုပါ စံုတြဲဟာ ၎တို႔ရဲ႕မဂၤလာပြဲကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေရႊ႔ဆိုင္ခဲ့ေပမဲ့လည္း ၊ ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈဟာ ရပ္တန္႔သြားႏိုင္မဲ့အေျခအေနဟာ ထင္ထားသလိုျဖစ္မလာခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ မတ္လ 10 ရက္ေန႔က မဂၤလာပြဲကို ျပန္လည္က်င္းပခဲ့ၾကတာပါ ။ ဗိုင္းရပ္စ္ေၾကာင့္ လူစုလူေဝးေနရာေတြကို မသြားေရာက္ဖို႔ တြန္းအားေပးခံေနရခ်ိန္မွာ အဆိုပါစံုတြဲဟာ ႐ိုးရာဓေလ့အတိုင္းေကြၽးေမြးဧည့္ခံမႈေတြ မလုပ္ေတာ့ဘဲ ဧည့္သည္ေတြကို ဟင္းပြဲပါဆယ္ထုပ္မ်ားကိုသာ ေဝမ်ွၿပီး မဂၤလာပြဲကို က်င္းပခဲ့ၾကတာပါ ။

မဂၤလာပြဲကို ဧည့္သည္မ်ားက ည 7 နာရီအခ်ိန္ခန္႔မွာ ေရာက္႐ွိလာခဲ့ၾကၿပီး ၊ မဂၤလာခန္းမထဲသို႔ ည 8:30 အခ်ိန္ခန္႔ မဂၤလာစံုတြဲက ေရာက္႐ွိလာခဲ့ၾကပါတယ္ ။ ပြဲလာဧည့္သည္မ်ားကလည္း mask မ်ားဝတ္ဆင္လာခဲ့ၾကၿပီး ၊ အေအးမ်ားကိုသာ ေသာက္ခဲ့ၾကပါတယ္ ။ မဂၤလာစံုတြဲမွာလည္း ဧည့္သည္မ်ားကို mask မ်ားခြၽတ္ခိုင္းၿပီး စားေသာက္ၾကဖို႔ အတင္းမတိုက္တြန္းလို၍ ယခုလို ပါဆယ္ထုပ္မ်ားကိုျပဳလုပ္ၿပီး ေနအိမ္သို႔ သယ္ေဆာင္ကာစားေသာက္ဖို႔ ယူေဆာင္သြားခိုင္းခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ လူအခ်ိဳ႕ကေတာ့ ယခုလိုစိုးရိမ္ေနရတဲ့အခ်ိန္မွာ မဂၤလာပြဲက်င္းပႏိုင္တဲ့နည္းလမ္းေလးျဖစ္တဲ့အတြက္ အိမ္ကိုစားစရာထုပ္ျပန္တဲ့မဂၤလာပြဲပံုစံဟာလည္း အေတာ္ေလးအေထာက္အကူျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ကေတာ့ မဂၤလာလက္ဖြဲ႔ေပးရတာနဲ႔ အစားအေသာက္ပံုစံကမတန္ေၾကာင္း ႏွင့္ အစားအေသာက္မွာ အေတာ္ေလးကပ္ေစးႏွဲပံုျဖစ္ေနေၾကာင္း မ်ိဳးစံုသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲကျွေးမွေးဧည့်ခံတယ်ဆိုတာ အနည်းဆုံးဧည့်သည်တွေနဲ့ 3နာရီခန့်အေးအေးဆေးဆေးဝိုင်းဖွဲ့ပြီး ဟင်းပွဲ 10 ပွဲခန့်နဲ့ ကျွေးမွေးဧည့်ခံကျင်းပတဲ့ ပွဲပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် ဟောင်ကောင်မှာကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲတစ်ခုမှာတော့ ဘယ်သူကမှ မမျှော်လင့်ထားသလို ထူးဆန်းနေခဲ့ပါတယ် ။ အဆိုပါ စုံတွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်ခဲ့ပေမဲ့လည်း ၊ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ရပ်တန့်သွားနိုင်မဲ့အခြေအနေဟာ ထင်ထားသလိုဖြစ်မလာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မတ်လ 10 ရက်နေ့က မင်္ဂလာပွဲကို ပြန်လည်ကျင်းပခဲ့ကြတာပါ ။ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးနေရာတွေကို မသွားရောက်ဖို့ တွန်းအားပေးခံနေရချိန်မှာ အဆိုပါစုံတွဲဟာ ရိုးရာဓလေ့အတိုင်းကျွေးမွေးဧည့်ခံမှုတွေ မလုပ်တော့ဘဲ ဧည့်သည်တွေကို ဟင်းပွဲပါဆယ်ထုပ်များကိုသာ ဝေမျှပြီး မင်္ဂလာပွဲကို ကျင်းပခဲ့ကြတာပါ ။

မင်္ဂလာပွဲကို ဧည့်သည်များက ည 7 နာရီအချိန်ခန့်မှာ ရောက်ရှိလာခဲ့ကြပြီး ၊ မင်္ဂလာခန်းမထဲသို့ ည 8:30 အချိန်ခန့် မင်္ဂလာစုံတွဲက ရောက်ရှိလာခဲ့ကြပါတယ် ။ ပွဲလာဧည့်သည်များကလည်း mask များဝတ်ဆင်လာခဲ့ကြပြီး ၊ အအေးများကိုသာ သောက်ခဲ့ကြပါတယ် ။ မင်္ဂလာစုံတွဲမှာလည်း ဧည့်သည်များကို mask များချွတ်ခိုင်းပြီး စားသောက်ကြဖို့ အတင်းမတိုက်တွန်းလို၍ ယခုလို ပါဆယ်ထုပ်များကိုပြုလုပ်ပြီး နေအိမ်သို့ သယ်ဆောင်ကာစားသောက်ဖို့ ယူဆောင်သွားခိုင်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအချို့ကတော့ ယခုလိုစိုးရိမ်နေရတဲ့အချိန်မှာ မင်္ဂလာပွဲကျင်းပနိုင်တဲ့နည်းလမ်းလေးဖြစ်တဲ့အတွက် အိမ်ကိုစားစရာထုပ်ပြန်တဲ့မင်္ဂလာပွဲပုံစံဟာလည်း အတော်လေးအထောက်အကူဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အချို့ကတော့ မင်္ဂလာလက်ဖွဲ့ပေးရတာနဲ့ အစားအသောက်ပုံစံကမတန်ကြောင်း နှင့် အစားအသောက်မှာ အတော်လေးကပ်စေးနှဲပုံဖြစ်နေကြောင်း မျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment