မြို့အဝင်အထွက်ပိတ်ခြင်းခံထားရပေမဲ့လည်း နေအိမ်ဝရံတာကနေ ကခုန်ပျော်မြူးနေကြတဲ့ အီတလီနိုင်ငံသားများ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်မာလာသည်နှင့်အမျှ အီတလီနိုင်ငံရှိမြို့အတော်များများဟာ အဝင်အထွက်ပိတ်ခြင်းခံထားရလို့ လူတွေလည်း နေအိမ်ထဲမှာသာ သီသန့်ခွဲပြီးနေထိုင်နေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း အီတလီနိုင်ငံ Sicily မှာနေထိုင်ကြတဲ့သူကတော့ တိုက်ခန်းအိမ်နီးချင်းတွေအချင်းချင်း နေအိမ်ရဲ့ဝရံတာကနေ သီချင်တွေဆို ၊ တူရိယာတွေ တီးမှုတ်ခဲ့ကြပြီး အလွှာမတူတဲ့ နေအိမ်တိုက်ခန်းတွေကနေ ကခုန်ပျော်မြူ းနေလျက်ရှိတာကို video ထဲမှာတွေ့ရှိရမှာပါ ။

ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ပျံ့နှံ့နေလို့ ခက်ခဲတဲ့အချိန်မျိုးကိုရောက်ရှိနေခဲ့ပေမဲ့လည်း လူတွေဟာ တေးဂီတကိုနားဆင်ရင်း အတူတကွပျော်ရွှင်နေလျက်ရှိပါတယ် ။ ဒါကြောင့် အိမ်နီးချင်းတွေဟာ ဝရံတာကနေ သီချင်းအတူနားဆင်ကြရင်း သူတို့အကြား အဆက်အသွယ်မပျက်အောင် အကောင်းဆုံးနေထိုင်နေကြလျက်ရှိပါတယ် ။

Naples မြို့မှာဆိုရင်လည်း အလာတူပျော်ရွှင်စွာ တူရိယာများတီးမှုတ်ကခုန်နေလျက်ရှိပြီး ၊ Napoli က အဘွားအိုတစ်ယောက်ဟာဆိုရင် အဆိုပါသီချင်းသံတွေကြောင့် အတော်လေးကိုပျော်ရွှင်ကာ ဝရံတာကနေ ဒွန့်နေအောင် ကနေခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment