Mask ေတြအေျမာက္အျမားဝယ္ယူခဲ့လို႔ ေလဆိပ္မွာဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ မေလး႐ွားႏိုင္ငံသားေတြရဲ႕အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈႏႈန္းတိုးပြားလာတာနဲ႔အမ်ွ mask ေတြဟာလည္း ဝယ္ယူအသံုးျပဳသူမ်ားျပားလြန္လို႔ ႐ွာဝယ္ရတာလည္းခက္ခဲေနၿပီး ၊ အခ်ိဳ႕ေရာဂါကူးစက္ေနတဲ့ ႏိုင္ငံေတြမွာဆိုရင္ mask တပ္ဆင္ထားျခင္းမ႐ွိပဲ သြားလာေနၾကသူေတြလည္း တိုးပြားလာခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံသားႏွစ္ဦးဟာ အင္ဒိုနီး႐ွားႏိုင္ငံကေန mask အခုေပါင္း 12,000 ေက်ာ္ခန္႔ဝယ္ယူၿပီး မေလး႐ွားႏိုင္ငံသို႔ျပန္လာဖို႔ေဆာင္ရြက္ခဲ့ေသာေၾကာင့္ ေလဆိပ္ရဲဝန္ထမ္းမ်ားက သံသယ႐ွိၿပီးစစ္ေဆးခဲ့လို႔ မတ္လ 11 ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။

အဆိုပါ အသက္ 44 ႏွစ္အရြယ္ ႏွင့္ 42 ႏွစ္အရြယ္ သံသယ႐ွိသူမေလး႐ွားႏိုင္ငံသားႏွစ္ဦးကို စစ္ေမးခဲ့တဲ့အခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံမႈကို ကာကြယ္ဖို႔ အဆိုပါ mask ေတြကို မေလး႐ွားႏိုင္ငံ႐ွိ ကေလးငယ္မ်ားထံ ေဝမ်ွခ်င္လို႔ အေျမာက္အျမားဝယ္ယူခဲ့မိတာျဖစ္ေၾကာင္း ေျဖၾကားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါ mask မ်ားကိုေတာ့ အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ ရဲအရာ႐ွိမ်ားက ျပန္လည္သိမ္းယူခဲ့ၿပီး မေလး႐ွားႏိုင္ငံသားႏွစ္ဦးကိုေတာ့ ေနရပ္သို႔ျပန္ခြင့္ျပဳခဲ့ၾကပါတယ္ ။

ရဲအရာ႐ွိမ်ားကေတာ့ ” သူတို႔ကို ေမးျမန္းစစ္ေဆးခဲ့ခ်ိန္မွာ ဘာျပစ္မႈမွ က်ဴ းလြန္ထားျခင္းမ႐ွိတဲ့အတြက္ သူတို႔ကိုျပန္ပို႔ေပးခဲ့ပါတယ္ ” ဆိုၿပီးေတာ့ ေျဖၾကားခဲ့ပါတယ္ ။ ယခုလ အတြင္းမွာလည္း အဆိုပါကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈ သတင္းေတြေၾကာင့္ အင္ဒိုနီး႐ွားႏိုင္ငံ႐ွိ mask မ်ားဟာလည္း မလံုေလာက္ႏိုင္ေအာင္ ေရာင္းကုန္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းတိုးပွားလာတာနဲ့အမျှ mask တွေဟာလည်း ဝယ်ယူအသုံးပြုသူများပြားလွန်လို့ ရှာဝယ်ရတာလည်းခက်ခဲနေပြီး ၊ အချို့ရောဂါကူးစက်နေတဲ့ နိုင်ငံတွေမှာဆိုရင် mask တပ်ဆင်ထားခြင်းမရှိပဲ သွားလာနေကြသူတွေလည်း တိုးပွားလာခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံသားနှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကနေ mask အခုပေါင်း 12,000 ကျော်ခန့်ဝယ်ယူပြီး မလေးရှားနိုင်ငံသို့ပြန်လာဖို့ဆောင်ရွက်ခဲ့သောကြောင့် လေဆိပ်ရဲဝန်ထမ်းများက သံသယရှိပြီးစစ်ဆေးခဲ့လို့ မတ်လ 11 ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

အဆိုပါ အသက် 44 နှစ်အရွယ် နှင့် 42 နှစ်အရွယ် သံသယရှိသူမလေးရှားနိုင်ငံသားနှစ်ဦးကို စစ်မေးခဲ့တဲ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို ကာကွယ်ဖို့ အဆိုပါ mask တွေကို မလေးရှားနိုင်ငံရှိ ကလေးငယ်များထံ ဝေမျှချင်လို့ အမြောက်အမြားဝယ်ယူခဲ့မိတာဖြစ်ကြောင်း ဖြေကြားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ mask များကိုတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရဲအရာရှိများက ပြန်လည်သိမ်းယူခဲ့ပြီး မလေးရှားနိုင်ငံသားနှစ်ဦးကိုတော့ နေရပ်သို့ပြန်ခွင့်ပြုခဲ့ကြပါတယ် ။

ရဲအရာရှိများကတော့ ” သူတို့ကို မေးမြန်းစစ်ဆေးခဲ့ချိန်မှာ ဘာပြစ်မှုမှ ကျူ းလွန်ထားခြင်းမရှိတဲ့အတွက် သူတို့ကိုပြန်ပို့ပေးခဲ့ပါတယ် ” ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ် ။ ယခုလ အတွင်းမှာလည်း အဆိုပါကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု သတင်းတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရှိ mask များဟာလည်း မလုံလောက်နိုင်အောင် ရောင်းကုန်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment