အလုပ္သမားတစ္ဦးကို လက္ေဆးသန္႔စင္တဲ့စက္အေနနဲ႔ အလုပ္ခိုင္းခဲ့တဲ့ ကုမၸဏီေၾကာင့္ လူအမ်ားေဒါသထြက္ခဲ့တဲ့အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔မႈျမင့္မားလာလို႔ ကုမၸဏီအမ်ားစုဟာဆိုရင္ ၎တို႔ရဲ႕ဝန္ထမ္းအလုပ္သမားေတြအတြက္ လက္သန္႔စင္ေစတဲ့ hand sanitiser ဗူးေတြ ၊ mask ေတြကို ေပးဖို႔ ေရာဂါကာကြယ္ႏိုင္ေအာင္ ေထာက္ပံ့မႈမ်ား ေပးခဲ့ၾကေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ကုမၸဏီကေတာ့ သူ၏ဝန္ထမ္းအတြက္ လိုအပ္တာထက္ပိုတဲ့လုပ္ရပ္မ်ိဳးကို လုပ္မိလို႔လူအမ်ားရဲ႕ စိတ္ဆိုးေဒါသထြက္မႈကို ခံေနရလ်က္႐ွိပါတယ္ ။ ျဖစ္စဥ္ကေတာ့ ၎တို႔ရဲ႕ေရႊ႔ေျပာင္းအလုပ္သမားတစ္ဦးကို လက္ေဆးသန္႔စင္ေစတဲ့စက္ တစ္ခုလိုဝတ္ဆင္ခိုင္းၿပီးေနာက္ ကုမၸဏီအႏွံ႔ပတ္ေလ်ွာက္ကာ ဝန္ထမ္းေတြကို လက္ေတြေဆးေၾကာသန္႔စင္ခိုင္းခဲ့လို႔ပါပဲ ။

ပိုဆိုးတာကေတာ့ အဆိုပါအလုပ္သမားရဲ႕ဝတ္စံုဟာ တကယ့္ကို သန္႔စင္ခန္းထဲမွာ႐ွိတဲ့ လက္ေဆးသန္႔စင္စက္အတိုင္ တစ္ပံုစံတည္း ျပဳလုပ္ထားေပးလို႔ပါပဲ ။

အဆိုပါ အလုပ္သမားရဲ႕ဓာတ္ပံုဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ လူအမ်ားစုကေတာ့ လူတစ္ေယာက္ကိုအ႐ွက္ခြဲတာထက္ပိုဆိုးၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံခဲ့ရတဲ့အျဖစ္အေနနဲ႔ အဆိုပါကုမၸဏီကို အေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ၾကပါတယ္ ။ အခ်ိဳ႕ကေတာ့လည္း ယခုေခတ္ရဲ႕ ေခတ္သစ္ကြၽန္ ဆိုၿပီးေတာ့လည္း မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမြင့်မားလာလို့ ကုမ္ပဏီအများစုဟာဆိုရင် ၎င်းတို့ရဲ့ဝန်ထမ်းအလုပ်သမားတွေအတွက် လက်သန့်စင်စေတဲ့ hand sanitiser ဗူးတွေ ၊ mask တွေကို ပေးဖို့ ရောဂါကာကွယ်နိုင်အောင် ထောက်ပံ့မှုများ ပေးခဲ့ကြပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ကုမ္ပဏီကတော့ သူ၏ဝန်ထမ်းအတွက် လိုအပ်တာထက်ပိုတဲ့လုပ်ရပ်မျိုးကို လုပ်မိလို့လူအများရဲ့ စိတ်ဆိုးဒေါသထွက်မှုကို ခံနေရလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို လက်ဆေးသန့်စင်စေတဲ့စက် တစ်ခုလိုဝတ်ဆင်ခိုင်းပြီးနောက် ကုမ္ပဏီအနှံ့ပတ်လျှောက်ကာ ဝန်ထမ်းတွေကို လက်တွေဆေးကြောသန့်စင်ခိုင်းခဲ့လို့ပါပဲ ။

ပိုဆိုးတာကတော့ အဆိုပါအလုပ်သမားရဲ့ဝတ်စုံဟာ တကယ့်ကို သန့်စင်ခန်းထဲမှာရှိတဲ့ လက်ဆေးသန့်စင်စက်အတိုင် တစ်ပုံစံတည်း ပြုလုပ်ထားပေးလို့ပါပဲ ။

အဆိုပါ အလုပ်သမားရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအများစုကတော့ လူတစ်ယောက်ကိုအရှက်ခွဲတာထက်ပိုဆိုးပြီး လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့အဖြစ်အနေနဲ့ အဆိုပါကုမ္ပဏီကို အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ် ။ အချို့ကတော့လည်း ယခုခေတ်ရဲ့ ခေတ်သစ်ကျွန် ဆိုပြီးတော့လည်း မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အလုပ္သမားတစ္ဦးကို လက္ေဆးသန္႔စင္တဲ့စက္အေနနဲ႔ အလုပ္ခိုင္းခဲ့တဲ့ ကုမၸဏီေၾကာင့္ လူအမ်ားေဒါသထြက္ခဲ့တဲ့အျဖစ္"

Leave a comment

Your email address will not be published.


*