တိတ်တဆိတ်နောက်အိမ်ထောင်ပြုလိုက်တဲ့ခင်ပွန်းကို ပွတ်ပွတ်ဆူနေတဲ့ရေနဲ့ လောင်ထည့်ပစ်လိုက်တဲ့ ဇနီးသည်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက်33နှစ်အရွယ်အမျိုးသမီးဟာ သူမ၏အသက်28နှစ်အရွယ်ခင်ပွန်းဖြစ်သူမှာ အခြားအိမ်နီးချင်းအမျိုးသမီးတစ်ဦးနှင့်တိတ်တဆိတ်လက်ထပ်ထားသည်ကို သိရှိပြီးနောက် စိတ်ဆိုးဒေါသထွက်ပြီး ဒယ်အိုးထဲတွင်ရေကိုပွတ်ပွတ်ဆူအောင်သည်ကာ သူမတို့အိပ်ခန်းထဲတွင်အိပ်နေသော ခင်ပွန်းသည်အပေါ်သို့ လောင်းချပစ်ခဲ့ပါတယ်။
ဇနီးသည်၏ပြောပြချက်အရ – ပြစ်မှုကျူ းလွန်ချိန်မှာ သူမဘားမှမစဉ်းစားနိုင်တော့ဘဲ စိတ်ဆိုးဒေါသထွက်နေတာကိုသာသိရှိခဲ့ပါတယ် ။ သူမ၏ခင်ပွန်ဟာ ပိတ်ရက်တွေမှာအလုပ်မလုပ်ပါဘူး ၊ အိမ်ကိုလည်း မပြန်လာပါဘူး ၊သူမ၏ကလေး3ယောက်ကို ကျွေးမွေးဖို့အတွက် အဆိုပါအမျိုးသမီးဆီမှာတောင် ပိုက်ဆံချေးယူခဲ့ကြောင်း ရင်ဖွင့်ပြောပြထားပါတယ် ။
ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ ခင်ပွန်းသည်ဟာတိုင်းရင်ဆေးတွေနဲ့ကုသမှုခံယူခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်6ရက်အကြာမှာတော့ သေဆုံးသွားခဲ့ရပါတယ် ။
ဇနီးသည်ဖြစ်သူမှာ ခင်ပွန်းသည်ကိုစိတ်ဆိုးဒေါသထွက်ခြင်းသာဖြစ်ပြီး ၊ သေဆုံးသည်အထိမရည်ရွယ်ခဲ့မိကြောင်း ဖြောင့်ချက်ပေးခဲ့ပါတယ် ။ ရဲအရာရှိများကတော့ သူမဟာလူသတ်မှုကျူ းလွန်ခဲ့တဲ့အတွက်အများဆုံးထောင်ဒဏ် 15 နှစ်ကျရောက်နိုင်ပြီး ၊ လူသတ်ရန်ကြိုတင်ကြံစည်ထားခဲ့သည်ဟု ဆုံဖြတ်ချက်ချခဲ့ရင်တော့ တစ်သက်တစ်ကျွန်းချမှတ်ခံရနိုင်ကြောင်းကြောင်း ပြောဆိုထားပါတယ်။ သူမဟာ အိမ်တွင်းရေးအကြမ်းဖက်မှုအတွက်ပါ စွဲချက်တင်ခံခဲ့ရပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment