ဗိုက္ဆာလို႔ဆိုၿပီး မိဘအိမ္ကိုမီး႐ႈိ ့ခဲ့တဲ့ အသက္34ႏွစ္အရြယ္အမ်ိဳးသား

မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္34ႏွစ္အရြယ္အမ်ိဳးသားဟာ ဗိုက္ဆာေနခ်ိန္အိမ္မွာစားစရာမ႐ွိလို႔ဆိုၿပီး စိတ္ဆိုးေဒါသထြက္ကာ သူ၏ေနအိမ္ကို မီး႐ႈိ ့ပစ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းေထာက္မစြာျဖင့္ သူ၏ဖခင္ျဖစ္သူအသက္63ႏွစ္အရြယ္ဟာ မီးမ်ားေနရာအႏွံ႔မကူးစက္ခင္ မီးေတာက္ႀကီးကိုၿငိမ္းႏိုင္ခဲ့ၿပီး ရဲဌာနသို႔အေၾကာင္းၾကားခဲ့ပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ – အဆိုပါေနအိမ္သို႔ တာဝန္႐ွိသူမ်ားေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ သားျဖစ္သူမွာအိမ္တြင္႐ွိေနၿပီး ၊ မီးေလာင္ကြၽမ္းထားတဲ့ရာဘာပိုက္ ႏွင့္ ဓာတ္ဆီအနည္းငယ္က်န္႐ွိေနေသးေသာ ေရကရားမ်ားကို ေတြ႔႐ွိခဲ့သျဖင့္ ညေန4နာရီအခ်ိန္ခန္႔တြင္ မီးေလာင္ကြၽမ္းျခင္းျဖစ္ပြားခဲ့သည္ဟု ခန္႔မွန္းခဲ့ၾကပါတယ္။ သားျဖစ္သူ အသက္34ႏွစ္အရြယ္အမ်ိဳးသားဟာ ဖခင္ျဖစ္သူ၏ေမာ္ေတာ္ဆိုင္ကယ္ထဲမွ ဓာတ္ဆီကိုယူကာ အိမ္အေ႐ွ႕ဖက္နံရံအကုန္လံုးကိုေလာင္းပစ္ၿပီး မီးျခစ္ျဖင့္ မီး႐ႈိ ့ခဲ့ျခင္းျဖစ္သည္ဟု ယံုၾကည္ခဲ့ၾကပါတယ္ ။

မိခင္ျဖစ္သူမွာလည္း သားျဖစ္သူမီး႐ိႈ ့ေနတာကိုသိသိခ်င္း တစ္ေမွးအိပ္ေနေသာေယာက်ၤားျဖစ္သူကိုႏိုးကာ အခ်ိန္မီွမီးၿငိမ္းသက္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ၊ မိဘႏွစ္ပါးလံုးမွာလည္း ေထာင္မွထြက္လာေသာသားျဖစ္သူကိုေၾကာက္ေနရသျဖင့္ ရဲဌာနသို႔အေၾကာင္းၾကားရျခင္းျဖစ္ေၾကာင္းသိ႐ွိရပါတယ္။

အဆိုပါအမ်ိဳးသားကိုဆီးစစ္ၿပီးခ်ိန္မွာေတာ့ မူးယစ္ေဆးသံုးစြဲထားသည္ကိုေတြ႔႐ွိခဲ့ၿပီး ၊ မီး႐ိႈ ့ဖ်က္ဆီးျခင္း ျပစ္မႈဆိုင္ရာဥပေဒအရ စံုစမ္းစစ္ေဆးမႈအတြက္4ရက္ၾကာခ်ဳပ္မိန္႔ေပးျခင္းခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက်34နှစ်အရွယ်အမျိုးသားဟာ ဗိုက်ဆာနေချိန်အိမ်မှာစားစရာမရှိလို့ဆိုပြီး စိတ်ဆိုးဒေါသထွက်ကာ သူ၏နေအိမ်ကို မီးရှို့ပစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ဖခင်ဖြစ်သူအသက်63နှစ်အရွယ်ဟာ မီးများနေရာအနှံ့မကူးစက်ခင် မီးတောက်ကြီးကိုငြိမ်းနိုင်ခဲ့ပြီး ရဲဌာနသို့အကြောင်းကြားခဲ့ပါတယ် ။

ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ – အဆိုပါနေအိမ်သို့ တာဝန်ရှိသူများရောက်ရှိခဲ့ချိန်မှာတော့ သားဖြစ်သူမှာအိမ်တွင်ရှိနေပြီး ၊ မီးလောင်ကျွမ်းထားတဲ့ရာဘာပိုက် နှင့် ဓာတ်ဆီအနည်းငယ်ကျန်ရှိနေသေးသော ရေကရားများကို တွေ့ရှိခဲ့သဖြင့် ညနေ4နာရီအချိန်ခန့်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းခဲ့ကြပါတယ်။ သားဖြစ်သူ အသက်34နှစ်အရွယ်အမျိုးသားဟာ ဖခင်ဖြစ်သူ၏မော်တော်ဆိုင်ကယ်ထဲမှ ဓာတ်ဆီကိုယူကာ အိမ်အရှေ့ဖက်နံရံအကုန်လုံးကိုလောင်းပစ်ပြီး မီးခြစ်ဖြင့် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြပါတယ် ။

မိခင်ဖြစ်သူမှာလည်း သားဖြစ်သူမီးရှို့နေတာကိုသိသိချင်း တစ်မှေးအိပ်နေသောယောင်္ကျားဖြစ်သူကိုနိုးကာ အချိန်မှီမီးငြိမ်းသက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၊ မိဘနှစ်ပါးလုံးမှာလည်း ထောင်မှထွက်လာသောသားဖြစ်သူကိုကြောက်နေရသဖြင့် ရဲဌာနသို့အကြောင်းကြားရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

အဆိုပါအမျိုးသားကိုဆီးစစ်ပြီးချိန်မှာတော့ မူးယစ်ဆေးသုံးစွဲထားသည်ကိုတွေ့ရှိခဲ့ပြီး ၊ မီးရှို့ဖျက်ဆီးခြင်း ပြစ်မှုဆိုင်ရာဥပဒေအရ စုံစမ်းစစ်ဆေးမှုအတွက်4ရက်ကြာချုပ်မိန့်ပေးခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment