ေသဆံုးသြားၿပီးျဖစ္တဲ့ မိခင္ရဲ႕႐ုပ္အေလာင္းနဲ႔အတူတစ္အိမ္ထဲ 4လခန္႔အတူေနထိုင္ခဲ့တဲ့အမ်ိဳးသား

လူတိုင္းကေတာ့ ကိုယ္အခ်စ္ဆံုးမိသားစုဝင္ေတြကို မဆံုး႐ႈံးခ်င္ၾကပါဘူး ။ သို႔ေပမဲ့ လူ႔သဘာဝအရ ဆံုးၾက ၊ ခြဲၾက ရမွာပါပဲေလ ။ ဒီတစ္ေခါက္မွာေတာ့ မေလး႐ွားႏိုင္ငံ Tangkak ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 40 အရြယ္အမ်ိဳးသားဟာ ေသဆံုးသြားခဲ့ၿပီျဖစ္တဲ့မိခင္ရဲ႕ ႐ုပ္အေလာင္နဲ႔အတူ တစ္အိမ္ထဲ 4လခန္႔အတူ ေနထိုင္ခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ ဖခင္ျဖစ္သူကြယ္လြန္သြားၿပီးကတည္းက မိခင္နဲ႔အတူေနထိုင္ခဲ့တဲ့ တစ္ဦးတည္းေသာသားျဖစ္တဲ့အျပင္ ၊ စိတ္က်ေရာဂါ ခံစားေနရသူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ျဖစ္စဥ္ကေတာ့ အသက္ 85ႏွစ္အရြယ္ မိခင္ျဖစ္သူဟာ 2019 ၊ January 13 ရက္ေန႔က ထမင္းစားေသာက္ၿပီးေနာက္ သတိလစ္ေသဆံုးသြားခဲ့တာျဖစ္ၿပီး ၊ သားျဖစ္သူမွာလည္း မိခင္ျဖစ္သူ ေသဆံုးခဲ့တဲ့ ထိုင္ခံုမွာသာ မိခင္ကို 4လခန္႔ ထိုင္လ်က္သားျဖင့္ထား႐ွိခဲ့ပါတယ္ ။

ပိုၿပီးဆိုးဝါးတာကေတာ့ မိခင္ရဲ႕႐ုပ္အေလာင္းေဘးမွ သားျဖစ္သူဟာ ထမင္းမ်ားစားေသာက္ခဲ့လို႔ပါပဲ ။ တစ္ရက္ၿပီးတစ္ရက္မိခင္ရဲ႕ ႐ုပ္အေလာင္းဟာပုပ္သိုးလာခဲ့ၿပီး အျပင္ဖက္သို႔အနံ႔ဆိုးထြက္သြားမွာကို စိုးရိမ္တဲ့အတြက္ ေနအိမ္ရဲ႕ပုတင္းေပါက္ ၊ တံခါးေပါက္မ်ားကို ပိတ္ထားခဲ့တဲ့အျပင္ ၊ ယင္ေကာင္မ်ားမဝင္ေအာင္ကိုလည္း သားျဖစ္သူက ျပဳလုပ္ခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသားရဲ႕ အစ္မဝမ္းကြဲေတာ္စပ္သူဟာ April လမွာေတာ့ သူ၏မိခင္ကို လာေရာက္လည္ပတ္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း အဆိုပါအမ်ိဳးသားကတားျမစ္ခဲ့လို႔ မလာလည္ခဲ့ရပါဘူး ။ ထို႔ေနာက္ May လ 10 ရက္ေန႔မွ ဝမ္းကြဲအစ္မျဖစ္သူဟာ ရေအာင္သြားေရာက္လွည္ပတ္ၿပီးခဲ့တဲ့အခ်ိန္မွ မိခင္အိုရဲ႕ပုပ္သိုးေနတဲ့အေလာင္းကိုေတြ႔႐ွိသြားခဲ့တာျဖစ္ပါတယ္ ။ အဆိုပါေနအိမ္မွ ျပန္လာၿပီးခ်က္ခ်င္းပဲ ဝမ္းကြဲအစ္မျဖစ္သူဟာ ရဲစခန္းကို အေၾကာင္းၾကားခဲ့လို႔ ရဲအရာ႐ွိမ်ားကလာေရာက္စစ္ေဆးရင္းနဲ႔ အဆိုပါအျဖစ္အပ်က္ကိုေဖာ္ထုတ္ႏိုင္ခဲ့တာပါ ။ အေလာင္းေကာင္ကို စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ထိခိုက္ဒဏ္ရာရ႐ွိခဲ့တဲ့ လကၡဏာမ်ားမေတြ႔ခဲ့ရတဲ့အျပင္ ၊ သားျဖစ္သူမွာလည္း သူ၏လုပ္ရပ္ကို ရဲအရာ႐ွိေတြက အျပစ္ေပးဖမ္းဆီးမွာေၾကာက္၍ ရဲမတိုင္ၾကားခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အေလာင္းကိုေတာ့ ေဆးရံု သို႔ပို႔ေဆာင္ခဲ့ၿပီး ၊ ျပစ္မႈလကၡဏာမ်ားမေတြ႔႐ွိခဲ့ရတဲ့အတြက္ သားျဖစ္သူကိုလည္း ဖမ္းဆီးထိန္းသိမ္းျခင္းမ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ ကိုယ်အချစ်ဆုံးမိသားစုဝင်တွေကို မဆုံးရှုံးချင်ကြပါဘူး ။ သို့ပေမဲ့ လူ့သဘာဝအရ ဆုံးကြ ၊ ခွဲကြ ရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာတော့ မလေးရှားနိုင်ငံ Tangkak မြို့မှာနေထိုင်တဲ့ အသက် 40 အရွယ်အမျိုးသားဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့မိခင်ရဲ့ ရုပ်အလောင်နဲ့အတူ တစ်အိမ်ထဲ 4လခန့်အတူ နေထိုင်ခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးကတည်းက မိခင်နဲ့အတူနေထိုင်ခဲ့တဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အပြင် ၊ စိတ်ကျရောဂါ ခံစားနေရသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 85နှစ်အရွယ် မိခင်ဖြစ်သူဟာ 2019 ၊ January 13 ရက်နေ့က ထမင်းစားသောက်ပြီးနောက် သတိလစ်သေဆုံးသွားခဲ့တာဖြစ်ပြီး ၊ သားဖြစ်သူမှာလည်း မိခင်ဖြစ်သူ သေဆုံးခဲ့တဲ့ ထိုင်ခုံမှာသာ မိခင်ကို 4လခန့် ထိုင်လျက်သားဖြင့်ထားရှိခဲ့ပါတယ် ။

ပိုပြီးဆိုးဝါးတာကတော့ မိခင်ရဲ့ရုပ်အလောင်းဘေးမှ သားဖြစ်သူဟာ ထမင်းများစားသောက်ခဲ့လို့ပါပဲ ။ တစ်ရက်ပြီးတစ်ရက်မိခင်ရဲ့ ရုပ်အလောင်းဟာပုပ်သိုးလာခဲ့ပြီး အပြင်ဖက်သို့အနံ့ဆိုးထွက်သွားမှာကို စိုးရိမ်တဲ့အတွက် နေအိမ်ရဲ့ပုတင်းပေါက် ၊ တံခါးပေါက်များကို ပိတ်ထားခဲ့တဲ့အပြင် ၊ ယင်ကောင်များမဝင်အောင်ကိုလည်း သားဖြစ်သူက ပြုလုပ်ခဲ့ပါတယ် ။

အဆိုပါအမျိုးသားရဲ့ အစ်မဝမ်းကွဲတော်စပ်သူဟာ April လမှာတော့ သူ၏မိခင်ကို လာရောက်လည်ပတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း အဆိုပါအမျိုးသားကတားမြစ်ခဲ့လို့ မလာလည်ခဲ့ရပါဘူး ။ ထို့နောက် May လ 10 ရက်နေ့မှ ဝမ်းကွဲအစ်မဖြစ်သူဟာ ရအောင်သွားရောက်လှည်ပတ်ပြီးခဲ့တဲ့အချိန်မှ မိခင်အိုရဲ့ပုပ်သိုးနေတဲ့အလောင်းကိုတွေ့ရှိသွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါနေအိမ်မှ ပြန်လာပြီးချက်ချင်းပဲ ဝမ်းကွဲအစ်မဖြစ်သူဟာ ရဲစခန်းကို အကြောင်းကြားခဲ့လို့ ရဲအရာရှိများကလာရောက်စစ်ဆေးရင်းနဲ့ အဆိုပါအဖြစ်အပျက်ကိုဖော်ထုတ်နိုင်ခဲ့တာပါ ။ အလောင်းကောင်ကို စစ်ဆေးခဲ့ချိန်မှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လက္ခဏာများမတွေ့ခဲ့ရတဲ့အပြင် ၊ သားဖြစ်သူမှာလည်း သူ၏လုပ်ရပ်ကို ရဲအရာရှိတွေက အပြစ်ပေးဖမ်းဆီးမှာကြောက်၍ ရဲမတိုင်ကြားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အလောင်းကိုတော့ ဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး ၊ ပြစ်မှုလက္ခဏာများမတွေ့ရှိခဲ့ရတဲ့အတွက် သားဖြစ်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းခြင်းမရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment