ေႏြရာသီေက်ာင္းပိတ္ရက္မွာ အခ်ိန္ပိုင္းအလုပ္လုပ္ခိုင္းလို႔ဆိုၿပီး မိခင္ျဖစ္သူကိုဓားနဲ႔ထိုးသတ္ခဲ့တဲ့ သမီး

ယေန႔ေခတ္လူငယ္ေတြဟာ ေႏြရာသီေက်ာင္းပိတ္ရက္မွာအခ်ိန္ပိုင္းအလုပ္ေတြကိုဝင္လုပ္ၿပီး ေက်ာင္းစရိတ္ေတြ၊ အပိုဝင္ေငြေတြရေအာင္ ႀကိဳးစားၾကပါတယ္ ။ ငယ္ရြယ္ခ်ိန္မွာအလုပ္လုပ္ျခင္းဟာ ကိုယ့္ကိုယ္ကိုအားကိုးလိုစိတ္ႏွင့္တာဝန္ယူစိတ္မ်ားကိုျဖစ္ေပၚေစတဲ့အတြက္ မိဘမ်ားက သားသမီးမ်ားေႏြရာသီေက်ာင္းပိတ္ရက္တြင္အခ်ိန္ပိုအလုပ္လုပ္ၾကရန္ တိုက္တြန္းေလ့႐ွိပါတယ္ ။

သို႔ေပမဲ့လည္း ထိုင္ဝမ္ ၊ Tai Chung ၿမိဳ႕ မွာ႐ွိတဲ့ Yan အမည္႐ွိအမ်ိဳးသမီးဟာ သူမရဲ႕15ႏွစ္အရြယ္သမီးကို ေႏြရာသီေက်ာင္းပိတ္ရက္မွာ အလုပ္လုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ သမီးျဖစ္သူအတြက္လည္း သူမကိုယ္တိုင္အလုပ္တစ္ခု႐ွာေဖြေပးခဲ့ေပမဲ့ သမီးျဖစ္သူကေတာ့ အင္တင္တင္ျဖစ္ေနၿပီးအလုပ္မလုပ္ခ်င္ခဲ့ပါဘူး ။ထို႔ေနာက္ သမီးျဖစ္သူက အသက္36ႏွစ္အရြယ္မိခင္ျဖစ္သူႏွင့္ စိတ္ဆိုးေဒါသထြက္ကာရန္ျဖစ္စကားမ်ားၾကရင္း ေနာက္ပိုင္းကိုယ္ထိလက္ေရာက္အၾကမ္းဖက္မႈမ်ားပါလာခဲ့ကာ သမီးျဖစ္သူက သူမ၏မိခင္ကိုဖရဲသီးခြဲေသာဓားျဖင့္ ခုတ္ခဲ့ပါတယ္ ။

မိခင္ျဖစ္သူမွာ ေၾကာက္ရြံ႔တုန္လႈပ္သြားခဲ့ၿပီး ခ်က္ခ်င္းအိမ္အျပင္ဖက္သို႔ေျပးထြက္ခဲ့ကာ အနီးနား႐ွိေမာ္ေတာ္ဆိုင္ကယ္အေရာင္းဆိုင္သို႔ လွမ္းေအာ္ဟစ္အကူအညီေတာင္းခံခဲ့ရပါတယ္ ။ဆိုင္ပိုင္႐ွင္မွာလည္း သမီးျဖစ္သူႏွင့္ နပန္းလံုးခဲ့ၿပီးသူမလက္ထဲမွဓားကိုခ်ရန္အမိန္႔ေပးခဲ့ၿပီးေနာက္ ရဲဌာနသို႔အေၾကာင္းၾကားခဲ့ပါတယ္ ။

မိခင္ျဖစ္သူမွာ ခႏၶာကိုယ္ဘယ္ဖက္ျခမ္းအပိုင္းရဲ႕ လည္ပင္းအေနာက္ဖက္ ၊ ပုခံုး ၊ တံေတာင္ဆစ္ ႏွင့္ တင္ပါးတို႔တြင္ဒဏ္ရာအမ်ားစု ရ႐ွိခဲ့ၿပီး ၊ အခ်ိဳ႕ဓားခုတ္ဒဏ္ရာမ်ားမွာ အ႐ိုးထိေရာက္ခဲ့ပါတယ္ ။ ေဆးကူသမႈခံယူၿပီးေနာက္ မိခင္ျဖစ္သူမွာလက္႐ွိတြင္က်န္မာေရးအေျခအေနမွာ မစိုးရိမ္ရေသာ္လည္း၊ သမီးျဖစ္သူမွာေတာ့ အျဖစ္အပ်က္တစ္ခုလံုးအတြက္ေနာင္တရပံုမေပၚပဲ သူမကိုစံုစမ္းစစ္ေဆးရန္အတြက္ အခ်ဳပ္ထဲတြင္ထိန္းသိမ္းထားခဲ့ပါတယ္ ။ သူမကို လူငယ္တရားရံုးမွ လူသတ္ရန္ၾကံစည္မႈအတြက္တရားဆြဲဆိုျခင္းခံရႏိုင္ေၾကာင္း ခန္႔မွန္းထားၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယနေ့ခေတ်လူငယ်တွေဟာ နွေရာသီကျောင်းပိတ်ရက်မှာအချိန်ပိုင်းအလုပ်တွေကိုဝင်လုပ်ပြီး ကျောင်းစရိတ်တွေ၊ အပိုဝင်ငွေတွေရအောင် ကြိုးစားကြပါတယ် ။ ငယ်ရွယ်ချိန်မှာအလုပ်လုပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုအားကိုးလိုစိတ်နှင့်တာဝန်ယူစိတ်များကိုဖြစ်ပေါ်စေတဲ့အတွက် မိဘများက သားသမီးများနွေရာသီကျောင်းပိတ်ရက်တွင်အချိန်ပိုအလုပ်လုပ်ကြရန် တိုက်တွန်းလေ့ရှိပါတယ် ။

သို့ပေမဲ့လည်း ထိုင်ဝမ် ၊ Tai Chung မြို့ မှာရှိတဲ့ Yan အမည်ရှိအမျိုးသမီးဟာ သူမရဲ့15နှစ်အရွယ်သမီးကို နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သမီးဖြစ်သူအတွက်လည်း သူမကိုယ်တိုင်အလုပ်တစ်ခုရှာဖွေပေးခဲ့ပေမဲ့ သမီးဖြစ်သူကတော့ အင်တင်တင်ဖြစ်နေပြီးအလုပ်မလုပ်ချင်ခဲ့ပါဘူး ။ထို့နောက် သမီးဖြစ်သူက အသက်36နှစ်အရွယ်မိခင်ဖြစ်သူနှင့် စိတ်ဆိုးဒေါသထွက်ကာရန်ဖြစ်စကားများကြရင်း နောက်ပိုင်းကိုယ်ထိလက်ရောက်အကြမ်းဖက်မှုများပါလာခဲ့ကာ သမီးဖြစ်သူက သူမ၏မိခင်ကိုဖရဲသီးခွဲသောဓားဖြင့် ခုတ်ခဲ့ပါတယ် ။

မိခင်ဖြစ်သူမှာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းအိမ်အပြင်ဖက်သို့ပြေးထွက်ခဲ့ကာ အနီးနားရှိမော်တော်ဆိုင်ကယ်အရောင်းဆိုင်သို့ လှမ်းအော်ဟစ်အကူအညီတောင်းခံခဲ့ရပါတယ် ။ဆိုင်ပိုင်ရှင်မှာလည်း သမီးဖြစ်သူနှင့် နပန်းလုံးခဲ့ပြီးသူမလက်ထဲမှဓားကိုချရန်အမိန့်ပေးခဲ့ပြီးနောက် ရဲဌာနသို့အကြောင်းကြားခဲ့ပါတယ် ။

မိခင်ဖြစ်သူမှာ ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းအပိုင်းရဲ့ လည်ပင်းအနောက်ဖက် ၊ ပုခုံး ၊ တံတောင်ဆစ် နှင့် တင်ပါးတို့တွင်ဒဏ်ရာအများစု ရရှိခဲ့ပြီး ၊ အချို့ဓားခုတ်ဒဏ်ရာများမှာ အရိုးထိရောက်ခဲ့ပါတယ် ။ ဆေးကူသမှုခံယူပြီးနောက် မိခင်ဖြစ်သူမှာလက်ရှိတွင်ကျန်မာရေးအခြေအနေမှာ မစိုးရိမ်ရသော်လည်း၊ သမီးဖြစ်သူမှာတော့ အဖြစ်အပျက်တစ်ခုလုံးအတွက်နောင်တရပုံမပေါ်ပဲ သူမကိုစုံစမ်းစစ်ဆေးရန်အတွက် အချုပ်ထဲတွင်ထိန်းသိမ်းထားခဲ့ပါတယ် ။ သူမကို လူငယ်တရားရုံးမှ လူသတ်ရန်ကြံစည်မှုအတွက်တရားဆွဲဆိုခြင်းခံရနိုင်ကြောင်း ခန့်မှန်းထားကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment