သမီးေလးထိတ္ေျပာင္သြားခါမွ ဗိုက္ထဲမွာ18cmေလာက္႐ွိတဲ့ဆံပင္လံုးခံေနမွန္းသိခဲ့တဲ့မိခင္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ 9ႏွစ္အရြယ္ကေလးမေလးဟာ ငယ္ရြယ္စဥ္ကတည္းက အစားအစာအနည္းငယ္သာစားေသာက္ခဲ့တဲ့အတြက္ ေတာ္ေတာ္ေလးကိုပိန္ေနခဲ့ပါတယ္။ သို႔ေပမဲ့သူမဟာ တက္ႂကြတဲ့ကေလးငယ္ျဖစ္တဲ့အတြက္ မိဘေတြကေတာ့အျခားေသာပံုမွန္ကေလးငယ္အတိုင္းသာ ထင္ေနခဲ့ၾကပါတယ္ ။

သူမအသက္8ႏွစ္ျပည့္သြားတဲ့အခ်ိန္ေရာက္မွ မိခင္ျဖစ္သူဟာသူမကိုျပဳစုဖို႔အတြက္အလုပ္ကေနထြက္ခဲ့ပါတယ္။ အဲ႔အခ်ိန္ထိမိခင္ျဖစ္သူက သူမကိုယ့္ဆံပင္ကို ကိုယ္ျပန္ၿပီးစားေနခဲ့တာကို မသိခဲ့ပါဘူး။

မိခင္ျဖစ္သူရဲ႕ေျပာဆိုခ်က္အရ သမီးျဖစ္သူဆံပင္စားေနတာကို ေတြ႔႐ွိခဲ့တာၾကာၿပီျဖစ္ေပမဲ့ သမီးေလးဖ်ားနာတဲ့အခ်ိန္ေရာက္မွ သူမရဲ႕ထိတ္ဟာေျပာင္ေနတဲ့အတြက္ေၾကာင့္ သမီးေလးကိုယ့္ဆံပင္ကို ကိုယ္စားေနခဲ့ျခင္းကို သိ႐ွိခဲ့ျခင္းျဖစ္ပါတယ္။ သမီးျဖစ္သူကို မိခင္ကစစ္ေမးလိုက္တဲ့အခ်ိန္မွာေတာ့ သူမဟာငယ္ရြယ္စဥ္ကတည္းက သူမဆံပင္ကိုျပန္စားခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။

စစ္ေဆးမႈေတြျပဳလုပ္ၿပီးခ်ိန္မွာေတာ့ ဆရာဝန္က endoscope ကိုအသံုးျပဳၿပီး သူမရဲ႕ပါးစပ္ကေနတစ္ဆင့္ ဆံပင္မ်ားကိုႀကိဳးစားပမ္းစား ဖယ္ထုတ္ေပးခဲ့ရပါတယ္။ ခြဲစိတ္မႈႏွစ္ေခါက္ျပဳလုပ္ၿပီးခ်ိန္မွာေတာ့ သူမရဲ႕အစာအိမ္နံရံမွာ ျပည္တည္ေနတဲ့ထိခိုက္ဒဏ္ရာမ်ားစြာေတြ႔႐ွိခဲ့တဲ့အတြက္ ဆံပင္လံုးတစ္ဝက္သာ ဖယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္ ။လက္႐ွိမွာေတာ့သူမဟာဆံပင္ေတြကိုဖယ္ထုတ္ဖို႔အတြက္ ထပ္မံၿပီးခြဲစိတ္ကုသမႈ ခံယူရန္လိုအပ္ေနေသးပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ 9နှစ်အရွယ်ကလေးမလေးဟာ ငယ်ရွယ်စဉ်ကတည်းက အစားအစာအနည်းငယ်သာစားသောက်ခဲ့တဲ့အတွက် တော်တော်လေးကိုပိန်နေခဲ့ပါတယ်။ သို့ပေမဲ့သူမဟာ တက်ကြွတဲ့ကလေးငယ်ဖြစ်တဲ့အတွက် မိဘတွေကတော့အခြားသောပုံမှန်ကလေးငယ်အတိုင်းသာ ထင်နေခဲ့ကြပါတယ် ။

သူမအသက်8နှစ်ပြည့်သွားတဲ့အချိန်ရောက်မှ မိခင်ဖြစ်သူဟာသူမကိုပြုစုဖို့အတွက်အလုပ်ကနေထွက်ခဲ့ပါတယ်။ အဲ့အချိန်ထိမိခင်ဖြစ်သူက သူမကိုယ့်ဆံပင်ကို ကိုယ်ပြန်ပြီးစားနေခဲ့တာကို မသိခဲ့ပါဘူး။

မိခင်ဖြစ်သူရဲ့ပြောဆိုချက်အရ သမီးဖြစ်သူဆံပင်စားနေတာကို တွေ့ရှိခဲ့တာကြာပြီဖြစ်ပေမဲ့ သမီးလေးဖျားနာတဲ့အချိန်ရောက်မှ သူမရဲ့ထိတ်ဟာပြောင်နေတဲ့အတွက်ကြောင့် သမီးလေးကိုယ့်ဆံပင်ကို ကိုယ်စားနေခဲ့ခြင်းကို သိရှိခဲ့ခြင်းဖြစ်ပါတယ်။ သမီးဖြစ်သူကို မိခင်ကစစ်မေးလိုက်တဲ့အချိန်မှာတော့ သူမဟာငယ်ရွယ်စဉ်ကတည်းက သူမဆံပင်ကိုပြန်စားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။

စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ ဆရာဝန်က endoscope ကိုအသုံးပြုပြီး သူမရဲ့ပါးစပ်ကနေတစ်ဆင့် ဆံပင်များကိုကြိုးစားပမ်းစား ဖယ်ထုတ်ပေးခဲ့ရပါတယ်။ ခွဲစိတ်မှုနှစ်ခေါက်ပြုလုပ်ပြီးချိန်မှာတော့ သူမရဲ့အစာအိမ်နံရံမှာ ပြည်တည်နေတဲ့ထိခိုက်ဒဏ်ရာများစွာတွေ့ရှိခဲ့တဲ့အတွက် ဆံပင်လုံးတစ်ဝက်သာ ဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ။လက်ရှိမှာတော့သူမဟာဆံပင်တွေကိုဖယ်ထုတ်ဖို့အတွက် ထပ်မံပြီးခွဲစိတ်ကုသမှု ခံယူရန်လိုအပ်နေသေးပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment