ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ သားျဖစ္သူကို အေကာင္းဆံုးနည္းလမ္းနဲ႔ ေလဆိပ္မွာသြားႀကိဳခဲ့တဲ့ ဖခင္ရဲ႕လုပ္ရပ္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံ႔ေနမႈဟာ ျမင့္မားလာသလို ႏိုင္ငံရပ္ျခားေတြကေန ျပန္လာတဲ့ ခရီးသည္ေတြကလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရႏိုင္လို႔ အေတာ္ေလးကိုဂ႐ုတစိုက္နဲ႔ေစာင့္ၾကည့္ေနရတဲ့ အခ်ိန္ပါ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက ဖခင္တစ္ဦးဟာ အီတလီႏိုင္ငံကေနျပန္ေရာက္လာျပီး ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့သားျဖစ္သူကို သီးသန္႔ခြဲထားတဲ့ပံုစံမ်ိဳးနဲ႔ ေလဆိပ္မွာစနစ္တက်သြားေရာက္ႀကိဳဆိုခဲ့ပါတယ္ ။ ေလဆိပ္မွာ သြားေရာက္မႀကိဳခင္ကတည္းက က်န္းမာေရးဝန္ထမ္းေတြနဲ႔ အရင္ဆံုးဆက္သြယ္ေမးျမန္ခဲ့ၿပီး သားျဖစ္သူစီးနင္မည့္ကားကိုလည္း လံုျခံဳစိတ္ခ်ရေအာင္ ပံုမွာေဖာ္ျပထားတဲ့အတိုင္း ပလပ္စတစ္အိတ္ေတြနဲ႔ ကာထားၿပီး ၊ သားျဖစ္သူ ပူအိုက္မႈမျဖစ္ေအာင္ ပိုက္နဲ႔ ေလေအးေပးစက္ကိုလည္း သြယ္ထားေပးခဲ့ပါတယ္ ။

ထို႔ေနာက္ မည္သည့္ေနရာမွ မဝင္ဘဲ ေလဆိပ္ကေန အိမ္သို႔တန္းျပန္ခဲ့ၿပီး ၊ ေနအိမ္တြင္လည္း သားျဖစ္သူ အတြက္သီးသန္႔အိမ္ခန္းကို ဖခင္ျဖစ္သူကျပင္ဆင္ေပးခဲ့ပါတယ္ ။ အဆိုပါေနအိမ္ခန္းေလးကို အင္တာနက္မ်ား ၊ အျခားလ်ွပ္စစ္ပစၥည္းကိရိယာမ်ားကိုပါ ခ်ိတ္ဆက္ေပးထားၿပီး သားျဖစ္သူ ၿငီးေငြ႔ေနျခင္းမ႐ွိေအာင္လည္း ဖခင္ျဖစ္သူက အျပည့္အစံုစီစဥ္ေပးထားခဲ့ပါတယ္ ။

ဆရာဝန္ေတြမွာလည္း ေရာဂါကူးစက္ပ်ံ့ပြားမႈမ႐ွိေအာင္ သားျဖစ္သူကို စည္းစနစ္က်က် ၊ တာဝန္ယူစိတ္အျပည့္နဲ႔ ဂ႐ုတစိုက္ သီးသန္႔ခြဲကာ ထားေပးခဲ့တဲ့ ဖခင္ရဲ႕လုပ္ရပ္ကို အေတာ္ေလးခ်ီးက်ဴ းခဲ့ၾကပါတယ္ ။ ဒါေၾကာင့္ ေရာဂါကူးစက္မခံရေအာင္ ဂ႐ုတစိုက္နဲ႔ကာကြယ္ႏိုင္တဲ့နည္းလမ္းေတြလည္း မ်ားစြာ႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုဟာ မြင့်မားလာသလို နိုင်ငံရပ်ခြားတွေကနေ ပြန်လာတဲ့ ခရီးသည်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရနိုင်လို့ အတော်လေးကိုဂရုတစိုက်နဲ့စောင့်ကြည့်နေရတဲ့ အချိန်ပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ဖခင်တစ်ဦးဟာ အီတလီနိုင်ငံကနေပြန်ရောက်လာပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သားဖြစ်သူကို သီးသန့်ခွဲထားတဲ့ပုံစံမျိုးနဲ့ လေဆိပ်မှာစနစ်တကျသွားရောက်ကြိုဆိုခဲ့ပါတယ် ။ လေဆိပ်မှာ သွားရောက်မကြိုခင်ကတည်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရင်ဆုံးဆက်သွယ်မေးမြန်ခဲ့ပြီး သားဖြစ်သူစီးနင်မည့်ကားကိုလည်း လုံခြုံစိတ်ချရအောင် ပုံမှာဖော်ပြထားတဲ့အတိုင်း ပလပ်စတစ်အိတ်တွေနဲ့ ကာထားပြီး ၊ သားဖြစ်သူ ပူအိုက်မှုမဖြစ်အောင် ပိုက်နဲ့ လေအေးပေးစက်ကိုလည်း သွယ်ထားပေးခဲ့ပါတယ် ။

ထို့နောက် မည်သည့်နေရာမှ မဝင်ဘဲ လေဆိပ်ကနေ အိမ်သို့တန်းပြန်ခဲ့ပြီး ၊ နေအိမ်တွင်လည်း သားဖြစ်သူ အတွက်သီးသန့်အိမ်ခန်းကို ဖခင်ဖြစ်သူကပြင်ဆင်ပေးခဲ့ပါတယ် ။ အဆိုပါနေအိမ်ခန်းလေးကို အင်တာနက်များ ၊ အခြားလျှပ်စစ်ပစ္စည်းကိရိယာများကိုပါ ချိတ်ဆက်ပေးထားပြီး သားဖြစ်သူ ငြီးငွေ့နေခြင်းမရှိအောင်လည်း ဖခင်ဖြစ်သူက အပြည့်အစုံစီစဉ်ပေးထားခဲ့ပါတယ် ။

ဆရာဝန်တွေမှာလည်း ရောဂါကူးစက်ပျံ့ပွားမှုမရှိအောင် သားဖြစ်သူကို စည်းစနစ်ကျကျ ၊ တာဝန်ယူစိတ်အပြည့်နဲ့ ဂရုတစိုက် သီးသန့်ခွဲကာ ထားပေးခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်ကို အတော်လေးချီးကျူ းခဲ့ကြပါတယ် ။ ဒါကြောင့် ရောဂါကူးစက်မခံရအောင် ဂရုတစိုက်နဲ့ကာကွယ်နိုင်တဲ့နည်းလမ်းတွေလည်း များစွာရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment