အမ်ားသူေတြ ဒုကၡေရာက္ေနခ်ိန္မွာ လက္ေဆးဆပ္ျပာေတြ သိုေလွာင္ၿပီးစီးပြားေရးေသာင္းက်န္းခဲ႔လို႔ အ႐ွက္ကြဲအက်ိဳးနဲခဲ့တဲ့အမ်ိဳးသား

လက္႐ွိကို႐ိုနာဗိုင္းရပ္ကူးစက္ခံေနရတဲ့ ႏိုင္ငံေတြမွာ mask ေတြ ၊ hand senitiser ေတြ ၊ အိမ္သာသံုးစကၠဴ ေတြ အေတာ္႐ွားပါးေနၿပီး ဝယ္လို႔မရေတာ့ေလာက္ပ်က္လက္ေနတာမ်ိဳးလည္း႐ွိပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ လူေတြကလိုသည္ထက္ ပိုၿပီးဝယ္ယူစုေဆာင္းထားလို႔ပါပဲ ။ ဒီတစ္ေခါက္မွာလည္း အေမရိကန္ႏိုင္ငံ ၊ Tennesee ျပည္နယ္မွာ ေနထိုင္တဲ့ သူေတြဟာ စတိုးဆိုင္ေတြမွာ လက္ေဆးဆပ္ျပာေတြဝယ္လို႔မရေတာ့လို႔ ဒုကၡေရာက္ေနခဲ့ေပမဲ့ Matt Colvin အမည္႐ွိတဲ့အမ်ိဳးသားကေတာ့ ကမာၻ့ကပ္ေဘးေရာဂါကိုအေၾကာင္းျပၿပီး online ေပၚမွာ ေငြ႐ွာေနလ်က္႐ွိပါတယ္ ။ Matt ႏွင့္ သူ၏အစ္ကိုျဖစ္သူတို႔ဟာ Tennessee ျပည္နယ္မွာ႐ွိတဲ့ စတိုးဆိုင္ေတြမွ hand sanitiser (လက္ေဆးဆပ္ျပာရည္) ေတြကို အမ်ားအျပားလိုက္လံဝယ္ယူထားခဲ့ပါတယ္ ။ ဒါတင္မကေသးပါဘူး ။ 330 ကီလိုမီတာ အကြာအေဝး႐ွိတဲ့ Kentucky ျပည္နယ္အထိ သြားၿပီး ဆပ္ျပာရည္ေတြကိုဝယ္ယူကာ သိုေလွာင္ထားခဲ့ပါတယ္ ။

ထို႔ေနာက္ Amazone ႏွင့္ eBay အစ႐ွိတဲ့ online sites ေတြကေန ဆပ္ျပာရည္ေတြကို ေစ်းျမင့္ၿပီးျပန္လည္ေရာင္းခ်ခဲ့ပါတယ္ ။ မၾကာခင္မွာပဲ Amazone ႏွင့္ eBay တို႔မွာ Matt ရဲ႕အေကာင့္ေတြကို ဆိုင္ငံ့ပစ္ခဲ့ၾကတဲ့အျပင္ မွာယူထားတဲ့စာရင္းဇယားမ်ား အားလံုးကိုလည္းဖ်က္ခ်ပစ္ခဲ့ပါတယ္ ။ အျခားသူေတြကေတာ့ ဆပ္ျပာရည္ေတြနဲ႔ အျခားပစၥည္းေတြ ဝယ္ယူဖို႔ ဒုကၡေရာက္ေနၾကေပမဲ့လည္း Matt မွာေတာ့ သူ၏ပစၥည္းေတြကို ဘယ္လိုျပန္ေရာင္းထုတ္ရမလဲ မသိပဲျဖစ္ေနခဲ့ပါတယ္ ။ ထို႔ေၾကာင့္ မတ္လ 15 ရက္ေန႔မွာေတာ့ သူ၏ကုန္ပစၥည္းေတြကို ဘုရားေက်ာင္းသို႔သြားေရာက္လႉဒါန္းခဲ့တဲ့အျပင္ 3ပံုထဲကမွ 2ပံုကို Tennessee ျပည္နယ္မွာ ျပန္လည္ေဝမ်ွဖို႔စီစဥ္ထားၿပီး က်န္ 1ပံုကိုေတာ့ Kentucky ျပည္နယ္သို႔ျပန္လည္ေဝမ်ွသြားဖို႔ စီစဥ္ေနလ်က္႐ွိပါတယ္ ။

အျခားေသာတာဝန္႐ွိသူမ်ားကလည္း ကုန္ပစၥည္ေတြကို အျမတ္ေစ်းတင္ၿပီး ေရာင္းခ်ခဲ့တဲ့ Matt ကို စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ပါတယ္ ။ အင္တာဗ်ဴ းတစ္ခုမွာေတာ့ Matt ဟာ သူ႔ရဲ႕လုပ္ရပ္အတြက္ အေတာ္ေလးကို အ႐ွက္ရမိေၾကာင္း ေျဖၾကားခဲ့တဲ့အျပင္ ၊ သူ႔ရဲ႕အိမ္လိပ္စာေတြဟာလည္း online ေပၚမွာ ေပါက္ၾကားသြားခဲ့ၿပီး သူစိမ္းသူေတြရဲ႕ ဖုန္ဆက္ၿပီးဆဲဆိုမႈေတြကို ခံေနရ၍ အေတာ္ေလး႐ွက္မိေၾကာင္း ေျဖၾကားသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လက်ရှိကိုရိုနာဗိုင်းရပ်ကူးစက်ခံနေရတဲ့ နိုင်ငံတွေမှာ mask တွေ ၊ hand senitiser တွေ ၊ အိမ်သာသုံးစက္ကူ တွေ အတော်ရှားပါးနေပြီး ဝယ်လို့မရတော့လောက်ပျက်လက်နေတာမျိုးလည်းရှိပါတယ် ။ ဘာလို့လည်းဆိုတော့ လူတွေကလိုသည်ထက် ပိုပြီးဝယ်ယူစုဆောင်းထားလို့ပါပဲ ။ ဒီတစ်ခေါက်မှာလည်း အမေရိကန်နိုင်ငံ ၊ Tennesee ပြည်နယ်မှာ နေထိုင်တဲ့ သူတွေဟာ စတိုးဆိုင်တွေမှာ လက်ဆေးဆပ်ပြာတွေဝယ်လို့မရတော့လို့ ဒုက္ခရောက်နေခဲ့ပေမဲ့ Matt Colvin အမည်ရှိတဲ့အမျိုးသားကတော့ ကမ္ဘာ့ကပ်ဘေးရောဂါကိုအကြောင်းပြပြီး online ပေါ်မှာ ငွေရှာနေလျက်ရှိပါတယ် ။ Matt နှင့် သူ၏အစ်ကိုဖြစ်သူတို့ဟာ Tennessee ပြည်နယ်မှာရှိတဲ့ စတိုးဆိုင်တွေမှ hand sanitiser (လက်ဆေးဆပ်ပြာရည်) တွေကို အများအပြားလိုက်လံဝယ်ယူထားခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး ။ 330 ကီလိုမီတာ အကွာအဝေးရှိတဲ့ Kentucky ပြည်နယ်အထိ သွားပြီး ဆပ်ပြာရည်တွေကိုဝယ်ယူကာ သိုလှောင်ထားခဲ့ပါတယ် ။

ထို့နောက် Amazone နှင့် eBay အစရှိတဲ့ online sites တွေကနေ ဆပ်ပြာရည်တွေကို ဈေးမြင့်ပြီးပြန်လည်ရောင်းချခဲ့ပါတယ် ။ မကြာခင်မှာပဲ Amazone နှင့် eBay တို့မှာ Matt ရဲ့အကောင့်တွေကို ဆိုင်ငံ့ပစ်ခဲ့ကြတဲ့အပြင် မှာယူထားတဲ့စာရင်းဇယားများ အားလုံးကိုလည်းဖျက်ချပစ်ခဲ့ပါတယ် ။ အခြားသူတွေကတော့ ဆပ်ပြာရည်တွေနဲ့ အခြားပစ္စည်းတွေ ဝယ်ယူဖို့ ဒုက္ခရောက်နေကြပေမဲ့လည်း Matt မှာတော့ သူ၏ပစ္စည်းတွေကို ဘယ်လိုပြန်ရောင်းထုတ်ရမလဲ မသိပဲဖြစ်နေခဲ့ပါတယ် ။ ထို့ကြောင့် မတ်လ 15 ရက်နေ့မှာတော့ သူ၏ကုန်ပစ္စည်းတွေကို ဘုရားကျောင်းသို့သွားရောက်လှူဒါန်းခဲ့တဲ့အပြင် 3ပုံထဲကမှ 2ပုံကို Tennessee ပြည်နယ်မှာ ပြန်လည်ဝေမျှဖို့စီစဉ်ထားပြီး ကျန် 1ပုံကိုတော့ Kentucky ပြည်နယ်သို့ပြန်လည်ဝေမျှသွားဖို့ စီစဉ်နေလျက်ရှိပါတယ် ။

အခြားသောတာဝန်ရှိသူများကလည်း ကုန်ပစ္စည်တွေကို အမြတ်ဈေးတင်ပြီး ရောင်းချခဲ့တဲ့ Matt ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ် ။ အင်တာဗျူ းတစ်ခုမှာတော့ Matt ဟာ သူ့ရဲ့လုပ်ရပ်အတွက် အတော်လေးကို အရှက်ရမိကြောင်း ဖြေကြားခဲ့တဲ့အပြင် ၊ သူ့ရဲ့အိမ်လိပ်စာတွေဟာလည်း online ပေါ်မှာ ပေါက်ကြားသွားခဲ့ပြီး သူစိမ်းသူတွေရဲ့ ဖုန်ဆက်ပြီးဆဲဆိုမှုတွေကို ခံနေရ၍ အတော်လေးရှက်မိကြောင်း ဖြေကြားသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment