” Coronavirus Challenge ” ဆိုၿပီး ေလယာဥ္ေပၚက အိမ္သာကိုလ်ွာနဲ႔ လ်က္ျပခဲ့တဲ့ မိန္းကေလး (႐ုပ္သံ)

ယေန႔ေခတ္ social media ေပၚမွာ အေတာ္ေလးနာမည္ႀကီးခ်င္ၾကတဲ့ တစ္ခ်ိဳ႕ေသာသူေတြရဲ႕လုပ္ရပ္ေတြေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ့ႏွံမႈကို တြန္းအားေပးသလိုျဖစ္ေနခဲ့ပါတယ္ ။ မၾကာေသးခင္က Tik tok user တစ္ေယာက္ျဖစ္တဲ့ မိန္းမငယ္ေလးတစ္ေယာက္ဟာ ” coronavirus challenge ” ဆိုၿပီး မတ္လ 15 ရက္ေန႔က ေလယာဥ္ေပၚက အိမ္သာခြက္ကို လ်ွာနဲ႔လ်က္ျပခဲ့ပါတယ္ ။ Louise အမည္႐ွိတဲ့ အဆိုပါမိန္းမငယ္ေလးဟာ ခ်က္ခ်င္းကို ႏိုင္ငံတကာမွာ အေတာ္ေလးနာမည္ႀကီးသြားခဲ့ၿပီး သူမရဲ႕ video ကို twitter မွာ ျပန္လည္ေဝမ်ွသူ အမ်ားအျပား႐ွိခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ႕မိုက္႐ူးရဲဆန္လြန္းတဲ့ လုပ္ရပ္ဟာ ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈကို တြန္းအားေပးေနသလိုျဖစ္ေစခဲ့တဲ့အတြက္ လူအမ်ားရဲ႕ပစ္တင္ေဝဖန္မႈကို ခံခဲ့ရပါတယ္ ။

သူမရဲ႕ video ကို Tik Tok က ျပန္လည္ဖ်က္ခ်ပစ္ခဲ့ေပမဲ့လည္း သူမရဲ႕သူငယ္ခ်င္းျဖစ္သူတစ္ဦးက #coronavirusChallenge ဆိုၿပီး တံခါးရဲ႕လက္ကိုင္ဘုကို လ်ွာနဲ႔လ်က္ျပေနတဲ့ video ကို ျပန္တင္ခဲ့ပါတယ္ ။

၎တို႔ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမ႐ွိခဲ့ဘူးဆိုၿပီး ျပံဳးေပ်ာ္ကာ နာမည္ႀကီးဖို႔အတြက္သာ အ႐ူးအမူးျဖစ္ေနခဲ့ၾကေပမဲ့လည္း အဆိုပါလုပ္ရပ္မ်ိဳးကို လိုက္လံတုပၿပီးျပဳလုပ္ျခင္းက ဗိုင္းရပ္စ္ကူးစက္မႈကို တြန္းအားေပးေနသလိုျဖစ္ေစခဲ့၍ လူအမ်ားကို အေတာ္ေလးစိတ္ဆိုးေဒါသ ထြက္ေစလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယနေ့ခေတ် social media ပေါ်မှာ အတော်လေးနာမည်ကြီးချင်ကြတဲ့ တစ်ချို့သောသူတွေရဲ့လုပ်ရပ်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို တွန်းအားပေးသလိုဖြစ်နေခဲ့ပါတယ် ။ မကြာသေးခင်က Tik tok user တစ်ယောက်ဖြစ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ” coronavirus challenge ” ဆိုပြီး မတ်လ 15 ရက်နေ့က လေယာဉ်ပေါ်က အိမ်သာခွက်ကို လျှာနဲ့လျက်ပြခဲ့ပါတယ် ။ Louise အမည်ရှိတဲ့ အဆိုပါမိန်းမငယ်လေးဟာ ချက်ချင်းကို နိုင်ငံတကာမှာ အတော်လေးနာမည်ကြီးသွားခဲ့ပြီး သူမရဲ့ video ကို twitter မှာ ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့မိုက်ရူးရဲဆန်လွန်းတဲ့ လုပ်ရပ်ဟာ ရောဂါကူးစက်ပျံ့နှံ့မှုကို တွန်းအားပေးနေသလိုဖြစ်စေခဲ့တဲ့အတွက် လူအများရဲ့ပစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ် ။

သူမရဲ့ video ကို Tik Tok က ပြန်လည်ဖျက်ချပစ်ခဲ့ပေမဲ့လည်း သူမရဲ့သူငယ်ချင်းဖြစ်သူတစ်ဦးက #coronavirusChallenge ဆိုပြီး တံခါးရဲ့လက်ကိုင်ဘုကို လျှာနဲ့လျက်ပြနေတဲ့ video ကို ပြန်တင်ခဲ့ပါတယ် ။

၎င်းတို့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိခဲ့ဘူးဆိုပြီး ပြုံးပျော်ကာ နာမည်ကြီးဖို့အတွက်သာ အရူးအမူးဖြစ်နေခဲ့ကြပေမဲ့လည်း အဆိုပါလုပ်ရပ်မျိုးကို လိုက်လံတုပပြီးပြုလုပ်ခြင်းက ဗိုင်းရပ်စ်ကူးစက်မှုကို တွန်းအားပေးနေသလိုဖြစ်စေခဲ့၍ လူအများကို အတော်လေးစိတ်ဆိုးဒေါသ ထွက်စေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment