ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီးသန့်ခွဲနေခဲ့ရတဲ့ သားအဖ နှစ်ယောက်ရဲ့ ကရုဏာသက်မိစေခဲ့တဲ့ အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အဆိုပါ ကရုဏာသက်မိလောက်အောင် ရက်ထဲထိသွားစေခဲ့တဲ့ ဓာတ်ပုံလေးဟာ social media ပေါ်မှာအတော်လေး ရေပန်းစားနေလျက်ရှိပါတယ် ။ ဖြစ်စဉ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ ဂေဟာအိမ်ကြီးကို အပြင်လူများမဝင်အောင် အဝင် ၊ အထွက် ပိတ်ပစ်ခဲ့ပါတယ် ။ ထို့ကြောင့် ဂေဟာအိမ်ကြီးကို ဝင်ထွက်မရတော့တဲ့အဆုံး သားဖြစ်သူဟာ ဖခင်ဖြစ်သူကို အမြဲတွေ့နိုင်ဖို့ ဂေဟာအိမ်ဆီသို့အမြဲလာရောက်ပြီး ပုတင်းပေါက်ကနေတစ်ဆင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ နေ့စဉ်လာရောက်လည်ပတ်လေ့ရှိပါတယ် ။

Sandy Hamiliton အမည်ရှိတဲ့ အဆိုပါသက်ကြီးရွယ်အိုကို စောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းအမျိုးသမီးက အဆိုပါကြည်နူးဖွယ်ကောင်းလွန်းတဲ့ မြင်ကွင်ကို တွေ့မြင်ခဲ့ပြီးနောက် ၎င်းတို့သားအဖကြား လှပလွန်းတဲ့ဆက်ဆံရေးကို အခြားသူတွေပါ မြင်တွေ့နိုင်အောင် ဓာတ်ပုံရိုက်ယူခဲ့ပြီးနောက် social media ပေါ် ပြန်လည်ဝေမျှခဲ့ပါတယ် ။

အဆိုပါဓာတ်ပုံကို ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့တဲ့အပြင် သားလိမ္မာလေးဆိုပြီးတော့လည်း သားဖြစ်သူကို မျိုးစုံချီးကျူ းစကားပြောဆိုခဲ့ကြပါတယ် ။ဖခင်ဖြစ်သူကို နေ့စဉ်မပျက်လာရောက်တွေ့ဆုံခဲ့တဲ့ သားဖြစ်သူရဲ့လုပ်ရပ်ဟာ လူအတော်အများရဲ့ ရင်ထဲကို ထိမိစေလောက်တဲ့အထိ မိဘကိုချစ်မြတ်နိုးတဲ့ စိတ်မျိုးကိုဖြစ်စေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment