ဗိုင္းရပ္စ္ပိုးကုသဖို႔ ဘုရားေက်ာင္းသို႔ လာေရာက္သူေတြရဲ႕ ပါးစပ္ထဲဆားရည္ပတ္ျဖန္းေပးရင္း လူ46ဦး ေရာဂါကူးစက္ခံခဲ့ရတဲ့ အျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ကာကြယ္ဖို႔ mask ေတြတပ္မယ္ ၊ လက္ေတြကို အျမဲေဆးေၾကာသန္႔စင္မယ္ စတဲ့႐ိုး႐ွင္းတဲ့နည္းလမ္းေတြနဲ႔ ကာကြယ္လို႔ရေနေပမဲ့လည္း အခ်ိဳ႕ေသာသူမ်ားကေတာ့ အဆိုပါနည္းလမ္းေတြကို မလိုက္နာခ်င္ၾကပဲ သတင္းမွားေတြကိုသာနားေယာင္တတ္ၾကတဲ့ သူေတြေၾကာင့္ ေရာဂါပိုးကူးစက္ပ်ံ့ႏွံ႔မႈေတြဟာ ျမင့္မားလာတယ္လို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း ေတာင္ကိုးရီးယားႏိုင္ငံ ၊ Gyeonggi ျပည္နယ္မွာ႐ွိတဲ့ The River Of Grace Community Church ဆိုတဲ့ ဘုရားေက်ာင္းသို႔ တက္ေရာက္ခဲ့ၾကသူ 46 ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျခင္းခံခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ ဘုရားေက်ာင္းရဲ႕ သင္းအုပ္ဆရာက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ကာကြယ္ႏိုင္ဖို႔ဆိုၿပီး ဘုရားေက်ာင္းသို႔လာေရာက္ဝတ္ျပဳဆုေတာင္းသူေတြရဲ႕ ပါးစပ္ထဲ ဆားရည္နဲ႔ပတ္ျဖန္းေပးခဲ့တဲ့အျပင္ ၊ အဆိုပါ ဆားရည္ထည့္ထားတဲ့ဘူးနဲ႔ တစ္ေယာက္ၿပီး တစ္ေယာက္ရဲ႕ ပါးစပ္ထဲကို ပက္ျဖန္းေပးရင္ ဘုရားေက်ာင္းသို႔ လာေရာက္သူ 100 ဦးထဲမွ 46 ဦးဟာ ေရာဂါကူးစက္ခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါ အျဖစ္အပ်က္ကို CCTV မွတ္တမ္းကေန ျပန္လည္ေတြ႔႐ွိခဲ့တာပဲ ျဖစ္ပါတယ္ ။ လက္႐ွိေတာင္ကိုးရီးယားႏိုင္ငံတြင္ ေရာဂါကူးစက္ခံထားရသူေပါင္း 8236 ဦး႐ွိေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ အစိုးရက ဘာသာေရးအဖြဲ႔မ်ားကို လူစုလူေဝးျဖင့္ဆုေတာင္းမႈမ်ိဳးျပဳလုပ္ျခင္းကို ခဏတျဖဳတ္ရပ္တန္႔ထားေပးဖို႔ ေတာင္းဆိုခဲ့ၾကေပမဲ့ အခ်ိဳ႕ေသာဘုရားေက်ာင္းကေတာ့ လက္မခံခဲ့ၾကပါဘူး ။

အဆိုပါ ဘုရားေက်ာင္းရဲ႕သင္းအုပ္ဆရာမွာေတာ့ ေရာဂါကူးစက္ပ်ံ့ပြားေစခဲ့တဲ့လုပ္ရပ္အတြက္ ေတာင္းပန္ခဲ့ပါတယ္ ။ မေမ်ွာ္လင့္ထားတဲ့အျဖစ္အပ်က္ေၾကာင့္ အျပစ္တင္ေဝဖန္မႈမ်ား ခံခဲ့ရတဲ့အျပင္ ၊ ယခု ကပ္ဆိုးကာလ ၿပီးဆံုးသြားပါက သင္းအုပ္ဆရာအျဖစ္ကေန ႏႈတ္ထြက္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့ mask တွေတပ်မယ် ၊ လက်တွေကို အမြဲဆေးကြောသန့်စင်မယ် စတဲ့ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရနေပေမဲ့လည်း အချို့သောသူများကတော့ အဆိုပါနည်းလမ်းတွေကို မလိုက်နာချင်ကြပဲ သတင်းမှားတွေကိုသာနားယောင်တတ်ကြတဲ့ သူတွေကြောင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေဟာ မြင့်မားလာတယ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း တောင်ကိုးရီးယားနိုင်ငံ ၊ Gyeonggi ပြည်နယ်မှာရှိတဲ့ The River Of Grace Community Church ဆိုတဲ့ ဘုရားကျောင်းသို့ တက်ရောက်ခဲ့ကြသူ 46 ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ဖို့ဆိုပြီး ဘုရားကျောင်းသို့လာရောက်ဝတ်ပြုဆုတောင်းသူတွေရဲ့ ပါးစပ်ထဲ ဆားရည်နဲ့ပတ်ဖြန်းပေးခဲ့တဲ့အပြင် ၊ အဆိုပါ ဆားရည်ထည့်ထားတဲ့ဘူးနဲ့ တစ်ယောက်ပြီး တစ်ယောက်ရဲ့ ပါးစပ်ထဲကို ပက်ဖြန်းပေးရင် ဘုရားကျောင်းသို့ လာရောက်သူ 100 ဦးထဲမှ 46 ဦးဟာ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရှိရပါတယ် ။

အဆိုပါ အဖြစ်အပျက်ကို CCTV မှတ်တမ်းကနေ ပြန်လည်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိတောင်ကိုးရီးယားနိုင်ငံတွင် ရောဂါကူးစက်ခံထားရသူပေါင်း 8236 ဦးရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။ အစိုးရက ဘာသာရေးအဖွဲ့များကို လူစုလူဝေးဖြင့်ဆုတောင်းမှုမျိုးပြုလုပ်ခြင်းကို ခဏတဖြုတ်ရပ်တန့်ထားပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ အချို့သောဘုရားကျောင်းကတော့ လက်မခံခဲ့ကြပါဘူး ။

အဆိုပါ ဘုရားကျောင်းရဲ့သင်းအုပ်ဆရာမှာတော့ ရောဂါကူးစက်ပျံ့ပွားစေခဲ့တဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့ပါတယ် ။ မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် အပြစ်တင်ဝေဖန်မှုများ ခံခဲ့ရတဲ့အပြင် ၊ ယခု ကပ်ဆိုးကာလ ပြီးဆုံးသွားပါက သင်းအုပ်ဆရာအဖြစ်ကနေ နှုတ်ထွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment