ဗိုင္းရပ္စ္ေၾကာင္ပိတ္ထားတဲ့ ငါးျပတိုက္ႀကီးမွာ တကယ့္ဧည့္သည္ေတြလို လြတ္လပ္စြာလည္ပတ္ခဲ့ၾကတဲ့ ပင္ဂြင္ငွက္ေလးေတြ (႐ုပ္သံ)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေနမႈေၾကာင့္ လူစုလူေဝးမ်ားၿပီး ၊ လူမ်ားသြားေရာက္လည္ပတ္မႈမ်ားတဲ့ ေနရာမ်ိဳးကိုယာယီ ပိတ္ပစ္ခဲ့ရတာမ်ိဳး႐ွိေနပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Chicago ၿမိဳ႕မွာ႐ွိတဲ့ Shedd Aquarium ငါးျပတိုက္ႀကီးဟာ ယာယီပစ္ထားခဲ့ရလို႔ အဆိုပါငါးျပတိုက္မွာ ႐ွိေနခဲ့ၾကတဲ့ တိရစာၦန္ေလးေတြဟာ နံရံရဲ႕အျပင္ဖက္ကို ထြက္ခြင့္ရခဲ့ၾကၿပီး မေရာက္ဖူးေသးတဲ့ ငါးျပတိုက္ထဲက အခ်ိဳ႕ေနရာမ်ားကို ေအးေအးေဆးေဆးလည္ပတ္ခြင့္ရခဲ့ၾကပါတယ္ ။ အဲတာကေတာ့ အျခားအေကာင္ေလးေတြမဟုတ္တဲ့ ပင္ဂြင္ငွက္ေလးေတြပါ ။ အဆိုပါ ပင္ဂြင္ငွက္ေလးေတြက တကယ့္ဧည့္သည္ေတြလို တစ္ေနရာၿပီတစ္ေနရာ စိတ္ဝင္တစားနဲ႔ လွည့္ပတ္ၾကည့္႐ႈေနၾကတဲ့ video ကို ဝန္ထမ္းေတြက႐ိုက္ယူခဲ့ၾကၿပီး twitter ေပၚမွာ ေဝမ်ွေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

ပင္ဂြင္ငွက္ေလးေတြဟာ မွန္လံုေရကန္ထဲမွာ ႐ွိေနတဲ့ ငါးေတြကို စိတ္ဝင္တစားၾကည့္ခဲ့ၾကတဲ့အျပင္ အပူအပင္မ႐ွိလည္ပတ္ေနၾကတဲ့ ၎တို႔ရဲ႕ video ကို ျပန္လည္ေဝမ်ွသူလည္း အမ်ားအျပား႐ွိခဲ့ပါတယ္ ။ ပင္ဂြင္ေလးေတြလည္း ပိတ္ေလွာင္ထားတဲ့ေနရာကေန ထြက္ၿပီး အျပင္ဖက္သို႔လည္ပတ္ခြင့္ရခဲ့တဲ့အတြက္ အေတာ္ေလးေပ်ာ္ရႊင္ခဲ့ရမွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကြောင့် လူစုလူဝေးများပြီး ၊ လူများသွားရောက်လည်ပတ်မှုများတဲ့ နေရာမျိုးကိုယာယီ ပိတ်ပစ်ခဲ့ရတာမျိုးရှိနေပါတယ် ။ ဒီတစ်ခေါက်မှာလည်း Chicago မြို့မှာရှိတဲ့ Shedd Aquarium ငါးပြတိုက်ကြီးဟာ ယာယီပစ်ထားခဲ့ရလို့ အဆိုပါငါးပြတိုက်မှာ ရှိနေခဲ့ကြတဲ့ တိရစ္ဆာန်လေးတွေဟာ နံရံရဲ့အပြင်ဖက်ကို ထွက်ခွင့်ရခဲ့ကြပြီး မရောက်ဖူးသေးတဲ့ ငါးပြတိုက်ထဲက အချို့နေရာများကို အေးအေးဆေးဆေးလည်ပတ်ခွင့်ရခဲ့ကြပါတယ် ။ အဲတာကတော့ အခြားအကောင်လေးတွေမဟုတ်တဲ့ ပင်ဂွင်ငှက်လေးတွေပါ ။ အဆိုပါ ပင်ဂွင်ငှက်လေးတွေက တကယ့်ဧည့်သည်တွေလို တစ်နေရာပြီတစ်နေရာ စိတ်ဝင်တစားနဲ့ လှည့်ပတ်ကြည့်ရှုနေကြတဲ့ video ကို ဝန်ထမ်းတွေကရိုက်ယူခဲ့ကြပြီး twitter ပေါ်မှာ ဝေမျှပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ပင်ဂွင်ငှက်လေးတွေဟာ မှန်လုံရေကန်ထဲမှာ ရှိနေတဲ့ ငါးတွေကို စိတ်ဝင်တစားကြည့်ခဲ့ကြတဲ့အပြင် အပူအပင်မရှိလည်ပတ်နေကြတဲ့ ၎င်းတို့ရဲ့ video ကို ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ် ။ ပင်ဂွင်လေးတွေလည်း ပိတ်လှောင်ထားတဲ့နေရာကနေ ထွက်ပြီး အပြင်ဖက်သို့လည်ပတ်ခွင့်ရခဲ့တဲ့အတွက် အတော်လေးပျော်ရွှင်ခဲ့ရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment