အခ်ိန္အေတာ္ၾကာ အျပင္မထြက္ရဘဲေနအိမ္တြင္းသာ ေနထိုင္ခဲ့ရလို႔ လင္မယားကြာ႐ွင္းမႈ႐ုတ္တရက္ျမင့္တက္လာတဲ့ တ႐ုတ္ႏိုင္ငံ

လင္မယားေတြဟာ တစ္ရက္ကို 24 နာရီ ၊ တစ္ပတ္ကို 7 ရက္ ၊ မပ်က္မကြက္ဘဲ အခ်ိန္အေတာ္ၾကာ အျမဲေတြ႔ေနရလို႔ ကေတာက္ကဆေတြမ်ားလာၿပီး ကြာ႐ွင္ဖို႔အထိ ဆံုးျဖတ္ခဲ့ၾကတာေတြ မ်ားလာပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Xi’an ၿမိဳ႕မွာ႐ွိတဲ့ လင္မယားေတြရဲ႕ကြာ႐ွင္းမႈဟာ ႐ုတ္တရက္ျမင့္တက္သြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ကြာ႐ွင္းမႈျမင့္ေစခဲ့ရတဲ့ အဓိကအခ်က္ 2ခ်က္မွာေတာ့ အစိုးရရံုးေတြပိတ္ထားခဲ့တာ တစ္လေက်ာ္ခန္႔ၾကာသြားခဲ့ရၿပီးေနာက္ ရံုးျပန္ဖြင့္တဲ့အခ်ိန္မွာ လုပ္ငန္းေတြေႏွာင့္ေႏွးသြားခဲ့လို႔ျဖစ္ေၾကာင္း သံုးသပ္ခဲ့ပါတယ္ ။

ေနာက္တစ္ခ်က္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေနအိမ္အျပင္မထြက္ရပဲ သီးသန္႔ေနအိမ္ထဲမွာသာ ေနထိုင္ခဲ့ရတာ အခ်ိန္အေတာ္ၾကာလာခဲ့တဲ့အတြက္ လင္မယားအၾကား ကေတာက္ကဆျဖစ္မႈကို တြန္းအားေပးေနသလို ျဖစ္ေစခဲ့ၿပီးေနာက္ ရလဒ္အေနနဲ႔ ယခုလို လင္မယားအခ်င္းခ်င္းကြာ႐ွင္း ခ်င္ခဲ့ၾကတာျဖစ္ပါတယ္ ။

တာဝန္႐ွိသူေတြရဲ႕ ေျပာျပခ်က္အရ ေနအိမ္အတြင္းသာေအာင္းၿပီးေနထိုင္ခဲ့ရတဲ့အတြက္ လင္မယားေတြဟာစိတ္လိုက္မာန္ပါ ဆံုးျဖတ္ခ်က္ေတြခ်ခဲ့ၾကတာျဖစ္ၿပီး ၊ နာရီအနည္းငယ္အၾကာမွာေတာ့ ၎တို႔၏လုပ္ရပ္အတြက္ ျပန္ၿပီးေနာင္တရခဲ့ၾကတဲ့ စံုတြဲမ်ားလည္း ႐ွိေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕စံုတြဲမ်ားမွာေတာ့ ကြာ႐ွင္းၿပီးဆံုးေၾကာင္း တရာဝင္စာထြက္လာၿပီးတာနဲ႔ ထပ္မံလက္ထက္ဖို႔ ဆံုးျဖတ္ထားၾကသူမ်ားလည္း႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လင်မယားတွေဟာ တစ်ရက်ကို 24 နာရီ ၊ တစ်ပတ်ကို 7 ရက် ၊ မပျက်မကွက်ဘဲ အချိန်အတော်ကြာ အမြဲတွေ့နေရလို့ ကတောက်ကဆတွေများလာပြီး ကွာရှင်ဖို့အထိ ဆုံးဖြတ်ခဲ့ကြတာတွေ များလာပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Xi’an မြို့မှာရှိတဲ့ လင်မယားတွေရဲ့ကွာရှင်းမှုဟာ ရုတ်တရက်မြင့်တက်သွားခဲ့ကြောင်း သိရှိရပါတယ် ။ ကွာရှင်းမှုမြင့်စေခဲ့ရတဲ့ အဓိကအချက် 2ချက်မှာတော့ အစိုးရရုံးတွေပိတ်ထားခဲ့တာ တစ်လကျော်ခန့်ကြာသွားခဲ့ရပြီးနောက် ရုံးပြန်ဖွင့်တဲ့အချိန်မှာ လုပ်ငန်းတွေနှောင့်နှေးသွားခဲ့လို့ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

နောက်တစ်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အပြင်မထွက်ရပဲ သီးသန့်နေအိမ်ထဲမှာသာ နေထိုင်ခဲ့ရတာ အချိန်အတော်ကြာလာခဲ့တဲ့အတွက် လင်မယားအကြား ကတောက်ကဆဖြစ်မှုကို တွန်းအားပေးနေသလို ဖြစ်စေခဲ့ပြီးနောက် ရလဒ်အနေနဲ့ ယခုလို လင်မယားအချင်းချင်းကွာရှင်း ချင်ခဲ့ကြတာဖြစ်ပါတယ် ။

တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ နေအိမ်အတွင်းသာအောင်းပြီးနေထိုင်ခဲ့ရတဲ့အတွက် လင်မယားတွေဟာစိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေချခဲ့ကြတာဖြစ်ပြီး ၊ နာရီအနည်းငယ်အကြာမှာတော့ ၎င်းတို့၏လုပ်ရပ်အတွက် ပြန်ပြီးနောင်တရခဲ့ကြတဲ့ စုံတွဲများလည်း ရှိနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချို့စုံတွဲများမှာတော့ ကွာရှင်းပြီးဆုံးကြောင်း တရာဝင်စာထွက်လာပြီးတာနဲ့ ထပ်မံလက်ထက်ဖို့ ဆုံးဖြတ်ထားကြသူများလည်းရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment