အလုပ္မေနာက္က်ခ်င္လို႔ဆိုၿပီး ရထားနဲ႔ ရထားစၾကႍၾကားကိုေျခေထာက္ထိုးထည့္ကာရထားကိုတားခဲ့တဲ့အမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံ Guangzhouၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦးဟာ ရထားေပၚကိုတက္ခ်င္လြန္းလို႔ ထြက္ေတာ့မယ့္ရထားကိုေျခေထာက္နဲ႔တားခဲ့တဲ့အတြက္ အခ်ဳပ္ခန္းထဲမွာထိန္းသိမ္ခံခဲ့ရပါတယ္။အဆိုပါအမ်ိဳးသမီး နဲ႔ သူမရဲ႕သူငယ္ခ်င္းႏွစ္ေယာက္တို႔မွာ Guangzhouမီးရထားဘူတာသို႔ေနာက္က်မွေရာက္ခဲ့ၾကၿပီး ရထားေပၚသို႔တက္ႏိုင္ေအာင္ႀကိဳးစားခဲ့ပါတယ္။ ရထားဘူတာမွတာဝန္႐ွိသူမ်ားကလည္း သူမတို႔မွာေနာက္က်ေနၿပီျဖစ္လို့ ရထားေပၚတက္၍မရေတာ့ေၾကာင္း႐ွင္းျပခဲ့ပါတယ္ ။သို႔ေပမဲ့ အဆိုပါအမ်ိဳးသမီးႏွင့္ သူမ၏သူငယ္ခ်င္းတို႔မွာ မသိခ်င္ေယာင္ေဆာင္ၿပီးဂိတ္တံခါးကိုေက်ာ္ျဖတ္ကာ ရထားစင္ၾကႍဆီကို ေျပးသြားခဲ့ၾကပါတယ္။

မီးရထား၏တံခါးမ်ားကလည္းပိတ္သြားခဲ့ၿပီး အဆိုပါအမ်ိဳးသမီးကိုဝန္ထမ္းမ်ားက ဆြဲထုတ္ခဲ့ေပမယ့္လည္း သူမရဲ႕ေျခေထာက္ကို မီးရထား နဲ႔ ရထားစင္ၾကႍၾကားထဲသို႔ထိုးထည့္ကာ မီးရထားမထြက္ခြာႏိုင္ေအာင္တားခဲ့ပါတယ္။မၾကာခင္မွာပဲ ေနာက္ထပ္ဝန္ထမ္းမ်ားကေရာက္႐ွိလာၿပီးသူမကို ဆြဲေခၚသြားခဲ့ေပမယ့္လည္း သူမ၏သူငယ္ခ်င္းမ်ားက ရထားမထြက္ေသးတဲ့အတြက္ ရထားေပၚသို႔တက္ခြင့္ေပးရန္ ဆက္လက္ျငင္းဆိုခဲ့ၾကပါတယ္။

သို႔ေပမဲ့လည္း ေနာက္7မိနစ္အၾကာမွာေတာ့ မီးရထားဟာေမာင္းႏွင္ထြက္ခြာသြားခဲ့ပါတယ္။ အဆိုပါအမ်ိဳးသမီးမွာ ရဲဝန္ထမ္းေတြကို ေျဖာင့္ခ်က္ေပးခဲ့တာကေတာ့ အလုပ္မေနာက္က်ခ်င္တဲ့အတြက္ ထင္ရာစိုင္းခဲ့မိတာျဖစ္ေၾကာင္း ဝန္ခံေျပာဆိုထားပါတယ္။ကံမေကာင္းစြာနဲ႔ပဲ သူမရဲ႕ေျဖာင့္ခ်က္ကိုရဲအရာ႐ွိမ်ားကလက္မခံခဲ့ပဲ အခ်ဳပ္ခန္းထဲတြင္ 9ရက္ထိန္းသိမ္းခံခဲ့ရပါတယ္ ။ သူမ၏သူငယ္ခ်င္းမ်ားမွာေတာ့ သတိေပးခ်က္နဲ႔လြတ္ေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ Guangzhouမြို့မှာ အမျိုးသမီးတစ်ဦးဟာ ရထားပေါ်ကိုတက်ချင်လွန်းလို့ ထွက်တော့မယ့်ရထားကိုခြေထောက်နဲ့တားခဲ့တဲ့အတွက် အချုပ်ခန်းထဲမှာထိန်းသိမ်ခံခဲ့ရပါတယ်။အဆိုပါအမျိုးသမီး နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်တို့မှာ Guangzhouမီးရထားဘူတာသို့နောက်ကျမှရောက်ခဲ့ကြပြီး ရထားပေါ်သို့တက်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ရထားဘူတာမှတာဝန်ရှိသူများကလည်း သူမတို့မှာနောက်ကျနေပြီဖြစ်လို့ ရထားပေါ်တက်၍မရတော့ကြောင်းရှင်းပြခဲ့ပါတယ် ။သို့ပေမဲ့ အဆိုပါအမျိုးသမီးနှင့် သူမ၏သူငယ်ချင်းတို့မှာ မသိချင်ယောင်ဆောင်ပြီးဂိတ်တံခါးကိုကျော်ဖြတ်ကာ ရထားစင်င်္ကြံဆီကို ပြေးသွားခဲ့ကြပါတယ်။

မီးရထား၏တံခါးများကလည်းပိတ်သွားခဲ့ပြီး အဆိုပါအမျိုးသမီးကိုဝန်ထမ်းများက ဆွဲထုတ်ခဲ့ပေမယ့်လည်း သူမရဲ့ခြေထောက်ကို မီးရထား နဲ့ ရထားစင်င်္ကြံကြားထဲသို့ထိုးထည့်ကာ မီးရထားမထွက်ခွာနိုင်အောင်တားခဲ့ပါတယ်။မကြာခင်မှာပဲ နောက်ထပ်ဝန်ထမ်းများကရောက်ရှိလာပြီးသူမကို ဆွဲခေါ်သွားခဲ့ပေမယ့်လည်း သူမ၏သူငယ်ချင်းများက ရထားမထွက်သေးတဲ့အတွက် ရထားပေါ်သို့တက်ခွင့်ပေးရန် ဆက်လက်ငြင်းဆိုခဲ့ကြပါတယ်။

သို့ပေမဲ့လည်း နောက်7မိနစ်အကြာမှာတော့ မီးရထားဟာမောင်းနှင်ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါအမျိုးသမီးမှာ ရဲဝန်ထမ်းတွေကို ဖြောင့်ချက်ပေးခဲ့တာကတော့ အလုပ်မနောက်ကျချင်တဲ့အတွက် ထင်ရာစိုင်းခဲ့မိတာဖြစ်ကြောင်း ဝန်ခံပြောဆိုထားပါတယ်။ကံမကောင်းစွာနဲ့ပဲ သူမရဲ့ဖြောင့်ချက်ကိုရဲအရာရှိများကလက်မခံခဲ့ပဲ အချုပ်ခန်းထဲတွင် 9ရက်ထိန်းသိမ်းခံခဲ့ရပါတယ် ။ သူမ၏သူငယ်ချင်းများမှာတော့ သတိပေးချက်နဲ့လွတ်ပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment