အိမ္ေထာင္သည္အမ်ိဳးသားက လူသတ္သမားငွါးၿပီး ရည္းစားေဟာင္းရဲ႕ေကာင္ေလးကိုသတ္ခိုင္းခဲ့

အသက္41ႏွစ္အရြယ္ စင္ကာပူႏိုင္ငံသားHui ဟာ 2016ခုႏွစ္မွာ လုပ္ေဖာ္ကိုင္ဖက္ျဖစ္တဲ့ မေလး႐ွားႏိုင္ငံသူနဲ႔ ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္ ။ အဆိုပါအမ်ိဳးသမီးမွာလည္း Hui ဟာအိမ္ေထာင္သည္မွန္း အေၾကာင္းစံုသိ႐ွိၿပီးသားျဖစ္ၿပီး ၊ Hui ဟာလည္းဇနီးသည္ျဖစ္သူနဲ႔ကြာ႐ွင္းရန္ သူမကိုကတိေပးထားခဲ့ပါတယ္ ။တစ္ႏွစ္ျပည့္သည့္တိုင္ မကြာ႐ွင္ခဲ့သည့္အတြက္ သူမဟာ Hui နဲ႔လမ္းခြဲခဲ့ပါတယ္ ။သို႔ေပမဲ့လည္းHui ဟာသူမကိုဆက္လက္ျပီး ပိုးပန္းတယ္ ၊အိမ္ငွါးခကိုတစ္ဝက္စိုက္ထုတ္ေပးတယ္ ၊ လက္ေဆာင္ေပးတယ္ ၿပီးေတာ့သူမကို ေနာက္ေယာင္ခံလိုက္ျခင္းတို႔ျပဳလုပ္ပါတယ္ ။

Hui ကသူမဟာ Tanအမည္႐ွိတဲ့ခ်စ္သူအသစ္တစ္ေယာက္ရေနမွန္းသိ႐ွိသြားခဲ့ပါတယ္ ။ ထို႔ေနာက္ Hui ဟာ TOR browser (specifically used to access the dark web)ကေနေလ့လာၿပီးေနာက္ လူသတ္သမားကိုငွါးရမ္းခဲ့ၿပီး Tanရဲ႕လက္ကိုျဖတ္ခိုင္းခဲ့ပါတယ္ ။ ေနာက္ပိုင္းစိတ္ေျပာင္းၿပီး Tan ရဲ႕မ်က္ႏွာကိုအက္ဆစ္နဲ႔ေလာင္းခိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ေနာက္ဆံုး Tan ကိုယာဥ္တုိက္မႈပံုစံျဖင္႔သတ္ပစ္ရန္ ဆံုးျဖတ္ခဲ့ၾကပါတယ္။

အၾကံအစည္မျဖစ္ေျမာက္ခင္မွာ CBS ကဂ်ာနယ္လစ္တစ္ေယာက္ဟာ စင္ကာပူႏိုင္ငံသားတစ္ေယာက္ဟာလူသတ္ရန္စီးစဥ္ထားေၾကာင္းသတင္းရ၍ သံရံုးသို႔တိုင္ၾကားခဲ့ပါတယ္ ။ စံုစမ္းစစ္ေဆးမႈအားလံုးျပဳလုပ္ၿပီးခ်ိန္မွာေတာ့ အရာအားလံုးဟာ Hui ဆီကိုဦးတည္လာခဲ့ပါတယ္။ Huiဟာ ေနာက္ဆံုးမွာ သူ႔ရဲ႕အစီအစဥ္မ်ားအားလံုး ႐ုတ္သိမ္းေပးခဲ့ရပါတယ္ ။Hui ဟာသူ႔ရဲ႕ျပစ္မႈအတြက္အသနားခံစာတင္ခဲ့ၿပီး စက္တင္ဘာလမွာေတာ့ ျပစ္ဒဏ္ခ်မွတ္ခံရမွာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက်41နှစ်အရွယ် စင်ကာပူနိုင်ငံသားHui ဟာ 2016ခုနှစ်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မလေးရှားနိုင်ငံသူနဲ့ ချစ်ကြိုက်ခဲ့ကြပါတယ် ။ အဆိုပါအမျိုးသမီးမှာလည်း Hui ဟာအိမ်ထောင်သည်မှန်း အကြောင်းစုံသိရှိပြီးသားဖြစ်ပြီး ၊ Hui ဟာလည်းဇနီးသည်ဖြစ်သူနဲ့ကွာရှင်းရန် သူမကိုကတိပေးထားခဲ့ပါတယ် ။တစ်နှစ်ပြည့်သည့်တိုင် မကွာရှင်ခဲ့သည့်အတွက် သူမဟာ Hui နဲ့လမ်းခွဲခဲ့ပါတယ် ။သို့ပေမဲ့လည်းHui ဟာသူမကိုဆက်လက်ပြီး ပိုးပန်းတယ် ၊အိမ်ငှါးခကိုတစ်ဝက်စိုက်ထုတ်ပေးတယ် ၊ လက်ဆောင်ပေးတယ် ပြီးတော့သူမကို နောက်ယောင်ခံလိုက်ခြင်းတို့ပြုလုပ်ပါတယ် ။

Hui ကသူမဟာ Tanအမည်ရှိတဲ့ချစ်သူအသစ်တစ်ယောက်ရနေမှန်းသိရှိသွားခဲ့ပါတယ် ။ ထို့နောက် Hui ဟာ TOR browser (specifically used to access the dark web)ကနေလေ့လာပြီးနောက် လူသတ်သမားကိုငှါးရမ်းခဲ့ပြီး Tanရဲ့လက်ကိုဖြတ်ခိုင်းခဲ့ပါတယ် ။ နောက်ပိုင်းစိတ်ပြောင်းပြီး Tan ရဲ့မျက်နှာကိုအက်ဆစ်နဲ့လောင်းခိုင်ခဲ့ပါတယ် ။ ဒါပေမဲ့နောက်ဆုံး Tan ကိုယာဉ်တိုက်မှုပုံစံဖြင့်သတ်ပစ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

အကြံအစည်မဖြစ်မြောက်ခင်မှာ CBS ကဂျာနယ်လစ်တစ်ယောက်ဟာ စင်ကာပူနိုင်ငံသားတစ်ယောက်ဟာလူသတ်ရန်စီးစဉ်ထားကြောင်းသတင်းရ၍ သံရုံးသို့တိုင်ကြားခဲ့ပါတယ် ။ စုံစမ်းစစ်ဆေးမှုအားလုံးပြုလုပ်ပြီးချိန်မှာတော့ အရာအားလုံးဟာ Hui ဆီကိုဦးတည်လာခဲ့ပါတယ်။ Huiဟာ နောက်ဆုံးမှာ သူ့ရဲ့အစီအစဉ်များအားလုံး ရုတ်သိမ်းပေးခဲ့ရပါတယ် ။Hui ဟာသူ့ရဲ့ပြစ်မှုအတွက်အသနားခံစာတင်ခဲ့ပြီး စက်တင်ဘာလမှာတော့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment