တစ်ရက်ကို 4မိနစ်သာ လေ့ကျင့်ခန်းလုပ်ပြီး 5လအတွင်း 8-Pack Abs ရအောင်လုပ်ပြခဲ့တဲ့အမျိုးသား

ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုရရှိဖို့ဟာ အမှန်တကယ်တော့ မလွယ်ပါဘူး ။သို့ပေမဲ့လည်း ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သန်မာထွားကြိုင်းတဲ့ခန္ဓာကိုယ်ကို ရရှိဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ August 25ရက်နေ့မှာတော့ သူ့ကိုသိသိသာသာပြောင်းလဲစေခဲ့တဲ့ 5လအတွင်း တစ်ရက်ကို4မိနစ်သာပြုလုပ်တဲ့လေ့ကျင့်ခန်းကို သူ၏Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ် ။Hiragii Sensei အမည်ရှိအဆိုပါအမျိုးသားဟာ သူ၏မပြောင်းလဲခင်ကဓာတ်ပုံနှင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြောင်လဲသွားသော ဓာတ်ပုံနှစ်ပုံကိုတင်ပြခဲ့ပါတယ် ။အဆိုပါ လေ့ကျင့်ခန်းကို မတ်လမှာစတင်ပြုလုပ်ခဲ့ပြီး Augustလ မှာသိသိသာသာပြောင်းလဲနိုင်ခဲ့ပါတယ် ။ အရင်ချိန်တုန်းက တော်တော်လေးကိုဝဖောင်းနေတဲ့ ဝမ်းဗိုက်ပုံစံမျိုးဖြစ်ခဲ့ပေမဲ့လည်း 5လအတွင်း ကြိုးစားခဲ့ရုံဖြင့် ယခုချိန်မှာတော့ ကျစ်လစ်တဲ့ 8 Pack abs ဝမ်းဗိုက်မျိုးပိုင်ဆိုင်နေခဲ့ပါပြီ ။

အဆိုပါအမျိုးသား ရေးသားထားခဲ့တာကတော့ ” ဒီလိုပြင်ထန်းတဲ့လေ့ကျင့်ခန်းမျိုးကို ကျွန်တော့်အိမ်မှာပဲလုပ်ပြီး ဒီလောက်ထိ အောင်မြင်ခဲ့ပါတယ် ၊ ဓာတ်ပုံကိုတော့ တူညီတဲ့နေရာ ၊ တူညီတဲ့ထောင့်ဖက်ကနေပဲရိုက်ကူးထားတာပါ ၊ ဓာတ်ပုံကိုပြင်ဆင်ထားခြင်းမျိုးမရှိပါဘူး ၊ အဲ့လိုကိုယ်ဟန်အနေအထားရှိဖြစ်နေတာက ကျွန်တော့်ရဲ့ Apple နာရီကိုကြည့်နေခဲ့လို့ပါ ‘ဆိုပြီးရေးသားထားခဲ့ပါတယ် ။ဆက်လက်ပြီး Hiragii ကယခုကဲ့သို့ပြောင်းလဲနိုင်ခဲ့ခြင်းဟာ အစားအသောက်ကိုထိန်းပြီး ကိုယ်အလေးချိန်လျော့ချခဲ့ခြင်းမျိုးလည်းပါဝင်ကြောင်းနှင့် တစ်ရက်လျှင် 1,000 ကနေ 1,500 ကယ်လိုရီ မျှသာစားသောက်ခဲ့ပြီး ၊ အသီးအရွတ်များကို ပိုမိုစားသောက်ခဲ့ကြောင်း ထပ်မံပြောဆိုခဲ့ပါသေးတယ် ။

ထို့အပြင် တစ်ရက်ကိုနှစ်ကြိမ်သာ စားသောက်ပြီး ညနေ 12နာရီနှင့် 8နာရီကြားကို အချိုပွဲ ၊ ဖျော်ရည် နှင့် သရေစာကဲသို့သော အဆီများသောအစားအစာများကိုရှောင်ကျဉ်ကြောင်းနှင့် အရက်သောက်သုံးခြင်းကိုလျော့ချခဲ့ပြီး အရက်အစား ဝိုင်နီကိုသာ သောက်သုံးသင့်ကြောင်းလည်း အကြံဥာဏ်ပေးခဲ့ပါတယ် ။

Hiragii ဟာသူ၏ 4မိနစ်ကြာ လေ့ကျင့်ခန်းVideo ကိုလည်းဖော်ပြထားပေးပြီး ၊ နေ့စဉ်စားသုံးခဲ့တဲ့အစားအသောက်ပုံစံများကိုလည်း ဝေမျှပေးခဲ့ပါတယ် ။တစ်ချို့နေ့တွေမှာတော့ သူကြိုက်နှစ်သက်သည့် bubble tea ၊ အသားကင် နှင့် ထမင်းဟင်းတို့ကို တစ်ခါတစ်လေစားသောက်ကြောင်းလည်းဝေမျှထားပါတယ် ။

ကြည့်ရတာလွယ်ကူတယ်လို့ထင်ရပေမဲ့လည်း Hiragii က ဆုံးဖြတ်ချက်ခိုင်မာရန် နှင့် စိတ်အပြောင်းအလဲမမြန်ဖို့လိုအပ်ကြောင်း အားစိုက်ထုတ်ပြီးစည်းစနစ်တကျလေ့ကျင့်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် စိတ်အပြောင်းအလဲမမြန်ရင်တော့ 1လ ၊ 2လအတွင်းရလဒ်ကောင်းရရှိနိုင်ကြောင်း နှင့် ‘ အခုချိန်မှာအစားလောဘကြီးမယ် ဒါမှမဟုတ် အနာဂတ်မှာပိုပြီးသာလွန်ကောင်းမွန်တဲ့အရာရချင်ရင်တော့ သင့်ရဲ့ရွေးချယ်မှုပါပဲ ‘ ဆိုပြီးတော့လည်း ထပ်လောင်းပြောဆိုထားပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "တစ်ရက်ကို 4မိနစ်သာ လေ့ကျင့်ခန်းလုပ်ပြီး 5လအတွင်း 8-Pack Abs ရအောင်လုပ်ပြခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*