ချောင်းဆိုးတာသွေးပါလို့ဆိုပြီး ဆရာဝန်သွားပြလိုက်မှ လည်ချောင်းထဲမှာ 3cm လောက်ရှည်တဲ့မျှော့တွေ့ရှိခဲ့တဲ့အမျိုးသမီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်ပြည်မှာနေထိုင်လျက်ရှိတဲ့ 65နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သူမ၏လည်ချောင်းထဲမှာ တစ်စုံတစ်ခုခံနေသလိုခံစားနေရချိန်မှ စတင်ပြီးချောင်ဆိုးတိုင်းသွေးများထွက်နေခဲ့ပါတယ် ။ နောက်တော့ ဆရာဝန်သွားပြပြီး လည်ချောင်းထဲကိုစစ်ဆေးကြည့်လိုက်တဲ့ချိန်မှာတော့ သူမရဲ့အသံအိုးနားမှာ 3cmလောက်ရှည်တဲ့မျှော့ဟာ သွေးတွေစုပ်ယူနေတာကို တွေ့ရှိခဲ့ရပါတယ် ။ ဆရာဝန်ဟာ ၎င်းမျှော့ကိုအားဖြင့်ဆွဲထုတ်လျှင် ပိုမိုနာကျင်မည်ဆိုးသည့်အတွက် ဦးစွာအေးခဲအောင်ပြုလုပ်ပြီး အချိန်6မိနစ်ခန့်ယူကာ ဆွဲထုတ်ခဲ့ရပါတယ် ။

အဆိုပါအမျိုးသမီးဟာ Guiyangမှာနေထိုင်တဲ့ စိုက်ပျိုးရေးသမား တစ်ဦးဖြစ်ပြီး ၊ သူမဟာ စမ်းရေသောက်တဲ့အလေ့အထရှိပါတယ် ။ ၎င်းစမ်းရေမှ မျှော့များ (သို့) ပိုးလောက်လမ်းများပါလာခြင်းဖြစ်ပြီး သူမ၏လည်ချောင်းထဲ ၊ လေပြွန်ပေါက်ထဲတွင် ဆက်လက်ရှင်သန်ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

နေ့စဉ် ရေများစွာသောက်သုံးခြင်းဟာ ကျန်မာရေးကိုပိုမိုကောင်မွန်စေတယ်လို့ဆိုပေမဲ့ ၊ အဆိုပါအဖြစ်မျိုးမဖြစ်စေရန် ကျိုချက်ပြီးသားရေကို အလေးထားပြီးပိုမိုသောက်သုံးသင့်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment