သူငယ္ခ်င္းရဲ႕မဂၤလာပြဲမွာ သတို႔သမီးအရံလုပ္ေပးခဲ့ေပမဲ့ သူငယ္ခ်င္းရဲ႕ခင္ပြန္းနဲ႔ျပန္လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးရဲ႕ျဖစ္ရပ္မွန္

Katrina Hawes နဲ႔ Kelly Velt အမည္႐ွိတဲ့ မိန္းကေလးႏွစ္ေယာက္ဟာ အလြန္ကိုခ်စ္ခင္ၾကတဲ့ သူငယ္ခ်င္းမ်ားျဖစ္ၾကၿပီး တစ္ေယာက္မဂၤလာပြဲမွာ တစ္ေယာက္က သတို႔သမီးအရံလုပ္ေပးခဲ့ၾကပါေသးတယ္ ။ ထို႔အျပင္ သူမတို႔ရဲ႕ ခင္ပြန္းျဖစ္တဲ့ Corey ႏွင့္ Nathan တို႔နဲ႔အတူ မၾကာခဏအတူ double-date လုပ္ေလ့လည္း ႐ွိခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့ Kelly ဟာ ဦးေခါင္းအေတာ္ေလးကိုက္ခဲေၾကာင္း ေျပာဆိုခဲ့ၿပီး ေဆးရံုမွာစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဦးေႏွာက္မွာ အသားပိုအႀကိတ္ျဖစ္ေနခဲ့ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ Kelly ဟာ သူမကိုယ္သူမလည္း အေတာ္ေလးစိတ္ပ်က္ခဲ့ၿပီး သူမရဲ့အသက္ဟာလည္း 29 ႏွစ္သာ႐ွိေသးၿပီး သူမရဲ႕ကေလးႏွစ္ေယာက္မွာလည္း 3ႏွစ္သားအရြယ္ ႏွင့္ 1 ႏွစ္သားအရြယ္သာ ႐ွိေသးၾကလို႔ပါ ။ Kelly ဟာ ခြဲစိတ္မႈအႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေပမဲ့ သူမရဲ႕က်န္းမာေရးဟာအေတာ္ေလးဆိုးဝါးခဲ့လို႔ Katrina တို့လင္မယားက အစြမ္းကုန္ Kelly တို႔မိသားစုကို ဂ႐ုတစိုက္အားေပးစကားေျပာၿပီး ႏွစ္သိမ့္ကူညီေပးခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း Kelly ဟာ အသက္ 31 ႏွစ္မွာ ေသဆံုးသြားခဲ့ၿပီး သူမရဲ႕အသုဘပြဲကို က်င္းပၿပီးတစ္ရက္အၾကာမွာပဲ Katrina ရဲ႕ခင္ပြန္းျဖစ္သူ Corey ဟာ ေဆးရံုသို႔သြားၿပီး ေဆးစစ္ခ်က္ခံယူအၿပီးမွာေတာ့ ပန္ကရိယကင္ဆာျဖစ္ေနမွန္း စစ္ေဆးေတြ႔႐ွိခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း Katrina ကေတာ့ ခင္ပြန္းျဖစ္သူကို အစြမ္းကုန္ကုသဖို႔ႀကိဳးစားခဲ့ပါတယ္ ။ သူမတို႔သားသမီးေတြဟာ 7ႏွစ္သားအရြယ္ နဲ႔ 4ႏွစ္သားအရြယ္ေတြသာ ႐ွိေသးတဲ့အတြက္ ကေလးငယ္ေတြအရြယ္ရၿပီးႀကီးထြားလာတာကို ခင္ပြန္းသည္အားေတြ႔ေစခ်င္ေသးလို႔ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း ခင္ပြန္းသည္ဟာ အသက္ 35 ႏွစ္မွာပဲ ကင္ဆာေရာဂါနဲ႔ ေသဆံုးသြားခဲ့ရပါတယ္ ။

ေနာက္ပိုင္း Nathan နဲ႔ Katrina တု႔ိဟာ အခ်င္းခ်င္း အားေပးကူညီႏွစ္သိမ့္ခဲ့ၾကရင္း Corey ေသဆံုးၿပီး တစ္ႏွစ္အၾကာမွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္ ။ အစပိုင္းမွာေတာ့ သူမတို႔လက္ထပ္ပြဲကို လူအမ်ားကမ်ိဳးစံုကန္႔ကြက္ေဝဖန္ခဲ့ၾကေပမဲ့လည္း Katrina ကေတာ့ သူမရဲ႕သူငယ္ခ်င္း Kelly ဟာ သူမကိုစိတ္ဆိုးေဒါသထြက္ေနမွာ မဟုတ္ေၾကာင္းႏွင့္ သူမရဲ႕သားသမီးေတြကို တကယ့္စိတ္ရင္းနဲ႔ မိခင္တစ္ေယာက္လို သူမကေစာင့္ေ႐ွာက္ေပးေနတာျစ္တဲ့အတြက္ Kelly က ေကာင္းကင္ကေန သူမတို႔ကိုလွမ္းၾကည့္ေနၿပီး ေပ်ာ္ရႊင္ေနမိမွာျဖစ္ေၾကာင္း သူမရဲ႕အတိတ္အေၾကာင္းကို ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Katrina Hawes နဲ့ Kelly Velt အမည်ရှိတဲ့ မိန်းကလေးနှစ်ယောက်ဟာ အလွန်ကိုချစ်ခင်ကြတဲ့ သူငယ်ချင်းများဖြစ်ကြပြီး တစ်ယောက်မင်္ဂလာပွဲမှာ တစ်ယောက်က သတို့သမီးအရံလုပ်ပေးခဲ့ကြပါသေးတယ် ။ ထို့အပြင် သူမတို့ရဲ့ ခင်ပွန်းဖြစ်တဲ့ Corey နှင့် Nathan တို့နဲ့အတူ မကြာခဏအတူ double-date လုပ်လေ့လည်း ရှိခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း တစ်ရက်မှာတော့ Kelly ဟာ ဦးခေါင်းအတော်လေးကိုက်ခဲကြောင်း ပြောဆိုခဲ့ပြီး ဆေးရုံမှာစစ်ဆေးခဲ့ချိန်မှာတော့ ဦးနှောက်မှာ အသားပိုအကြိတ်ဖြစ်နေခဲ့ကြောင်း သိရှိခဲ့ရပါတယ် ။ Kelly ဟာ သူမကိုယ်သူမလည်း အတော်လေးစိတ်ပျက်ခဲ့ပြီး သူမရဲ့အသက်ဟာလည်း 29 နှစ်သာရှိသေးပြီး သူမရဲ့ကလေးနှစ်ယောက်မှာလည်း 3နှစ်သားအရွယ် နှင့် 1 နှစ်သားအရွယ်သာ ရှိသေးကြလို့ပါ ။ Kelly ဟာ ခွဲစိတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ သူမရဲ့ကျန်းမာရေးဟာအတော်လေးဆိုးဝါးခဲ့လို့ Katrina တို့လင်မယားက အစွမ်းကုန် Kelly တို့မိသားစုကို ဂရုတစိုက်အားပေးစကားပြောပြီး နှစ်သိမ့်ကူညီပေးခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း Kelly ဟာ အသက် 31 နှစ်မှာ သေဆုံးသွားခဲ့ပြီး သူမရဲ့အသုဘပွဲကို ကျင်းပပြီးတစ်ရက်အကြာမှာပဲ Katrina ရဲ့ခင်ပွန်းဖြစ်သူ Corey ဟာ ဆေးရုံသို့သွားပြီး ဆေးစစ်ချက်ခံယူအပြီးမှာတော့ ပန်ကရိယကင်ဆာဖြစ်နေမှန်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Katrina ကတော့ ခင်ပွန်းဖြစ်သူကို အစွမ်းကုန်ကုသဖို့ကြိုးစားခဲ့ပါတယ် ။ သူမတို့သားသမီးတွေဟာ 7နှစ်သားအရွယ် နဲ့ 4နှစ်သားအရွယ်တွေသာ ရှိသေးတဲ့အတွက် ကလေးငယ်တွေအရွယ်ရပြီးကြီးထွားလာတာကို ခင်ပွန်းသည်အားတွေ့စေချင်သေးလို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းသည်ဟာ အသက် 35 နှစ်မှာပဲ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ရပါတယ် ။

နောက်ပိုင်း Nathan နဲ့ Katrina တု့ိဟာ အချင်းချင်း အားပေးကူညီနှစ်သိမ့်ခဲ့ကြရင်း Corey သေဆုံးပြီး တစ်နှစ်အကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ သူမတို့လက်ထပ်ပွဲကို လူအများကမျိုးစုံကန့်ကွက်ဝေဖန်ခဲ့ကြပေမဲ့လည်း Katrina ကတော့ သူမရဲ့သူငယ်ချင်း Kelly ဟာ သူမကိုစိတ်ဆိုးဒေါသထွက်နေမှာ မဟုတ်ကြောင်းနှင့် သူမရဲ့သားသမီးတွေကို တကယ့်စိတ်ရင်းနဲ့ မိခင်တစ်ယောက်လို သူမကစောင့်ရှောက်ပေးနေတာြစ်တဲ့အတွက် Kelly က ကောင်းကင်ကနေ သူမတို့ကိုလှမ်းကြည့်နေပြီး ပျော်ရွှင်နေမိမှာဖြစ်ကြောင်း သူမရဲ့အတိတ်အကြောင်းကို ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment